ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်သော စစ်ကောင်စီရဲသား မောင်နီမန်သည် အောက်တိုဘာ ၈ ရက်နေ့က သေနတ် ၂ လက်၊ ကျည်အပြည့်အစုံဖြင့် CDF-Senthang ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။
ပြည်သူ့တော်လှန်ရေးဖက်သို့ ပူးပေါင်းလာသော မောင်နီမန်အား CDF-Senthang မှ နွေထွေးစွာကြိုဆိုပြီး ဆုကြေးငွေ ကျပ်သိန်း (၁၀ဝ) ချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု CDF-Senthang က ထုတ်ပြန်သည်။