• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ကြိတ်ကြိတ်တိုး ဖောင်ရရှိရန်ပင် ခက်ခဲဟုဆို

ဟားခါးမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ကြိတ်ကြိတ်တိုး ဖောင်ရရှိရန်ပင် ခက်ခဲဟုဆို

0
By Editor on March 10, 2023 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် လျှောက်ထားသူ ကြိတ်ကြိတ်တိုးနေပြီး လျှောက်လွှာဖောင်ရရှိဖို့ပင် ခက်ခဲနေသည်ဟု ပါတ်စ်ပို့လျှောက်ထားသူများထံမှ သိရသည်။

ပါတ်စ်ပို့လျှောက်မည့်သူများသည် မနက် ၄ နာရီကတည်းက ရုံးရှေ့ကို လာစောင့်နေကြသူတွေရှိပြီး မနက် ၆ မတိုင်မီ အယောက် ၂၀၀ ကျော်တန်းစီစောင့်နေဆိုင်းနှင့်ပြီဖြစ်ကာ လျှောက်လွှာရရှိဖို့မလွယ်ကြောင်း ပါတ်စ်ပို့လျှောက်ထား သူတစ်ဦးကပြောသည်။

“ဖောင်ရဖို့ အရမ်းခက်တယ်။ လျှောက်လွှာရဖို့ အရေး တစ်နေကုန်ပါပဲ။ ကံကောင်းရင် လျှောက်လွှာရမယ်၊ ကံမပါရင်တော့ မရဘူးပေါ့နော်။ ဒီနေ့တော့ နေ့လည်ပိုင်လောက်မှာ စိတ်ရှည်ရှည်နဲ့ တန်းစီစောင့်နေတဲ့ကျွန်တော်တို့ကို ဖောင်တွေ ဝေပေးတယ် ဒါတောင် မတ်လ ၂၀ ကနေ ၂၄ ရက်အတွက်သာ ရတော့တယ်။” ဟု သူကပြောတယ်။

ပါတ်စ်ပို့အတွက် လျှောက်လွှာဖောင်ရရှိရန်ပင် အလွန်ခက်ခဲသည့်အတွက် ရုံးပြင်ပမှာ လျှောက်လွှာများ ပြန်ရောင်းချမှုများလည်းရှိနေပြီး တစ်စောင်ကို ကျပ်ငွေ ၃၀,၀၀၀ ကနေ ကျပ်ငွေ ၁၀၀,၀၀၀ အထိပေါက်ဈေးရှိသည်ဟုလည်း သိရသည်။

ဟားခါးမြို့ ပါတ်စ်ပို့ရုံးမှာ ယခင်က လူကိုယ်တိုင်လျှောက်လွှာယူရပြီး အချက်အလက်တွေကိုယ်တိုင်ဖြည့်ကာ လျှောက်ထားကြသော်လည်း နောက်ပိုင်းတွင် ပွဲစားများနှင့် လုပ်ကြသူများလာပြီး ကျပ်ငွေ ၃ သိန်းကနေ ၁၀ အထိ ကုန်ကျသူများလည်းရှိသည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။

ပါတ်စ်ပို့ကို ကိုယ်တိုင်ပြုလုပ်မယ်ဆိုပါက နိုင်ငံသားကဒ်ပြား ၄/ ကိုင်စောင်သူများအတွက် ကျပ်ငွေ ၅၀,၀၀၀ ကုန်ကျပြီး နိုင်ငံသားကဒ်ပြား ၅/ ကိုင်စောင်သူများသည် နယ်ခြားဖြစ်သည့်အတွက် ကျပ်ငွေ ၁၈၀,၀၀၀ ကုန်ကျကြောင်း သိရသည်။

ယခုကဲ့သို့ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် ကြိတ်ကြိတ်တိုးနေရခြင်းမှာ ချင်းပြည်နယ်သာမက စစ်ကိုင်းတိုင်း ကလေးမြို့၊ တမူးနှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တို့မှ ပြည်သူများကလည်း လာရောက်လျှောက်ထားမှု များလာသည့်အတွက်ကြောင့်ဖြစ်သည်ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာပြီး စီးပွားရေးအခက်အခဲများ ကြုံတွေ့လာရသည့်အတွက် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူနှင့် အိမ်နီးချင်းနိုင်ငံများတွင် ပညာဆက်လက်သင်ယူလိုသော ကျောင်းသားလူငယ်များ ပိုမိုများပြားလာနေသည်။

Photo – CW

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.