• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အင္တာနက္လိုင္းျဖတ္ေတာက္ခံထားရသည့္ ပလက္၀ၿမိဳ႕နယ္တြင္ ဖုန္းလိုင္းပါထပ္ျပတ္

အင္တာနက္လိုင္းျဖတ္ေတာက္ခံထားရသည့္ ပလက္၀ၿမိဳ႕နယ္တြင္ ဖုန္းလိုင္းပါထပ္ျပတ္

0
By Editor on April 17, 2020 Headline

#Zawgyi

By လားႏြန္ – ဆက္သြယ္ေရးအင္တာနက္လိုင္း ျဖတ္ေတာက္ခံထားသည့္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ရက္ပုိင္းကစ၍ ယေန႔ခ်ိန္ထိ ဖုန္းလိုင္းမ်ားျပတ္ေတာက္ေနၿပီး ပလက္၀ႏွင့္ အဆက္အသြယ္ လုပ္ေဆာင္၍မရေတာ့ေၾကာင္း သိရသည္။

ပလက္၀ၿမိဳ႕နယ္တြင္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT) ႏွင့္ Telenor ဖုန္းလိုင္တို႔သာ အသံုးျပဳ၍ရၿပီး ၿပီးခဲ့သည့္ ဧၿပီလ ၁၄ ရက္ေန႔ကစ၍ ပလက္၀ၿမိဳ႕နယ္သို႔ ဖုန္းေခၚဆို၍မရရွိေတာ့ေၾကာင္း ပလက္၀ေဒသသတင္းကို အဓိကေရးသားေနသည့္ ခူမီးသတင္းဌာန၏ အယ္ဒီတာခ်ဴပ္ ပီတာလြယ္လူးကေျပာသည္။

“အခုက်ေနာ္တို႔ ပလက္၀ကို ဆက္သြယ္လို႔မရေတာ့ဘူး ဘာေၾကာင့္ဖုန္းလိုင္းပိတ္သြားတာလဲဆိုတာမသိရဘူး အစိုးရဘက္ကပိတ္တာလား ဒါမွမဟုတ္ တိုက္ပြဲေၾကာင့္ ဖုန္းတာ၀ါတိုင္ေတြပ်က္သြားတာလားေတာ့ တိတိက်က်မသိရ ဘူး မေန႔က ဖုန္းတခ်က္ရတယ္ ဒါေပမဲ့ ခဏေလးျပန္က်သြားတယ္ က်ေနာ္ဖုန္းထပ္ဆက္ၾကည့္ေတာ့ မရေတာ့ဘူး အခုထိမရေသးတာ” ဟု ပီတာလြယ္လူး ကေျပာသည္။

စစ္ေရးပဋိပကၡျဖစ္ပြားေနသည့္ ပလက္၀ၿမိဳ႕နယ္သည္ ပုဒ္မ (၁၄၄) ညမထြက္ရအမိန္႔ထုတ္ျပန္ထားသည့္အျပင္ အင္တာနက္လိုင္းလည္း ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလ (၃) ရက္ေန႔ကစ၍ ျဖတ္ေတာက္ခံထားရသည့္ေဒသျဖစ္သည္။ ယခုအခါ ဖုန္းလိုင္းပါထပ္မံျပတ္သြားျခင္းျဖစ္ သည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီးဦးေရႊထီးအိုကေတာ့ ပလက္၀ၿမိဳ႕နယ္အတြင္း ဖုန္းလိုင္းျပတ္ျခင္း မွာ အစိုးရဘက္မွလုပ္ေဆာင္ျခင္းမဟုတ္ေၾကာင္း ဖုန္းတာ၀ါတိုင္တစ္ခုခုျဖစ္မည္ဟုယူဆရေၾကာင္း ေျပာဆိုပါသည္။

“တစ္ေန႔က တစ္ေနကုန္နီးပါးပ်က္တယ္ အဲဒီမွာတာ၀န္က်တဲ့လူကလည္း ဘာျဖစ္မွန္းကိုမသိဘူး အဲဒီမွာ စိမ့္စမ္းေတာင္ဆိုတာရွိတယ္အဲဒီမွာသူကတာ၀န္က်တယ္ သူကလည္း ဘာျဖစ္မွန္းကိုမသိဘူး တစ္ေန႔ညကလည္း တစ္ေနကုန္ပ်က္ျပီးေတာ့ ၈ နာရီ ၄၅ မိနစ္မွာျပန္ေကာင္းလာတယ္ ေနာက္ျပီးေတာ့ ညေနမွာတစ္ခါ ခဏေလးျပန္ပ်က္တယ္လို႔ၾကားတယ္ အခုကေတာ့ ျပန္ေကာင္းတယ္လို႔ေျပာတယ္ အဲဒီစိမ့္စမ္းေတာင္မွာ တာ၀န္က်တဲ့သူကကိုလည္း သူပုန္အဖြဲ႔က ေအာက္ကိုဆင္းခိုင္းေတာ့ ဘာမွသတင္းမသိရေတာ့ဘူး’’ ဟု ၀န္ႀကီးကေျပာသည္။

ပလက္၀ၿမိဳ႕နယ္လူမႈကူညီေရးပရဟိတအဖြဲ႔မွဦးေဆာင္သူတစ္ဦးကေတာ့ ယခုကဲ့သုိ႔ ဖုန္းလိုင္းျပတ္ရျခင္းမွာ ေအေအ တပ္ဖဲြ႔မွ ဖုန္းတာ၀ါတိုင္ဖ်က္စီးလိုက္သည့္အတြက္ေၾကာင့္ ဆိုပါသည္။

“AA ဖက္ကေန အဲဒီတာ၀ါတုိင္ကိုဖ်က္ဆီးတာလို႔ သတင္းရတယ္ အဲဒါကို ဒီျမန္မာ့တပ္မေတာ္ႏွင့္ ပလက္၀ျမိဳ႕ေပၚမွာရိွတဲ့ ဆက္သြယ္ေရး၀န္ထမ္းေတြနဲ႔ ပူးေပါင္းျပီးေတာ့ ဘာပစၥည္းေတြလိုအပ္မလဲဆိုတာေတြ ၾကည့္ေနတယ္ အခုေဆာင္ရြက္ဖို႔ၾကိဳးစားေနတယ္ဆိုတာေတာ့ သတင္းရတယ္’’ ဟု ၎ကေျပာသည္။

ခိုႏူမ္းသုန္သတင္းဌာနအေနျဖင့္လည္း ပလက္၀ၿမိဳ႕ရွိ အရပ္ဘက္အဖြဲ႔အစည္းမ်ား၊ ဌာနဆိုင္ရာမ်ားကို အႀကိမ္ႀကိမ္ဖုန္းေခၚဆိုေသာ္လည္း ဖုန္းလိုင္းအားလံုးသည္ စက္ပိတ္ထားၾကသည္ကိုေတြ႔ရသည္။ စစ္ေရးပဋိပကၡေၾကာင့္ ယခုလက္ရွိ ပလက္၀ၿမိဳ႕ေပၚတြင္ စစ္ေဘးေရွာင္ (၃၅၀၀) ေက်ာ္ႏွင့္ ဆမီးၿမိဳ႕တြင္ (၃၀၀၀) နီးပါးခန္႔ တိမ္းေရွာင္လွ်က္ရွိ္ၾကၿပီး အင္တာနက္ႏွင့္ ဖုန္းလိုင္းမရွိသည့္အတြက္ စစ္ေဘးေရွာင္ျပည္သူမ်ား ေထာက္ပံ့ေရးပိုင္းတြင္လည္း အခက္ႀကံဳေနၾကရသည္ဟု သိရသည္။

#Unicode

By လားနွန် – ဆက်သွယ်ရေးအင်တာနက်လိုင်း ဖြတ်တောက်ခံထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းကစ၍ ယနေ့ချိန်ထိ ဖုန်းလိုင်းများပြတ်တောက်နေပြီး ပလက်ဝနှင့် အဆက်အသွယ် လုပ်ဆောင်၍မရတော့ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် Telenor ဖုန်းလိုင်တို့သာ အသုံးပြု၍ရပြီး ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကစ၍ ပလက်ဝမြို့နယ်သို့ ဖုန်းခေါ်ဆို၍မရရှိတော့ကြောင်း ပလက်ဝဒေသသတင်းကို အဓိကရေးသားနေသည့် ခူမီးသတင်းဌာန၏ အယ်ဒီတာချူပ် ပီတာလွယ်လူးကပြောသည်။  

“အခုကျနော်တို့ ပလက်ဝကို ဆက်သွယ်လို့မရတော့ဘူး ဘာကြောင့်ဖုန်းလိုင်းပိတ်သွားတာလဲဆိုတာမသိရဘူး အစိုးရဘက်ကပိတ်တာလား ဒါမှမဟုတ် တိုက်ပွဲကြောင့် ဖုန်းတာဝါတိုင်တွေပျက်သွားတာလားတော့ တိတိကျကျမသိရ ဘူး မနေ့က ဖုန်းတချက်ရတယ် ဒါပေမဲ့ ခဏလေးပြန်ကျသွားတယ် ကျနော်ဖုန်းထပ်ဆက်ကြည့်တော့ မရတော့ဘူး အခုထိမရသေးတာ” ဟု ပီတာလွယ်လူး ကပြောသည်။

စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်သည် ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အပြင် အင်တာနက်လိုင်းလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၃) ရက်နေ့ကစ၍ ဖြတ်တောက်ခံထားရသည့်ဒေသဖြစ်သည်။ ယခုအခါ ဖုန်းလိုင်းပါထပ်မံပြတ်သွားခြင်းဖြစ် သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးရွှေထီးအိုကတော့ ပလက်ဝမြို့နယ်အတွင်း ဖုန်းလိုင်းပြတ်ခြင်း မှာ အစိုးရဘက်မှလုပ်ဆောင်ခြင်းမဟုတ်ကြောင်း ဖုန်းတာဝါတိုင်တစ်ခုခုဖြစ်မည်ဟုယူဆရကြောင်း ပြောဆိုပါသည်။

“တစ်နေ့က တစ်နေကုန်နီးပါးပျက်တယ် အဲဒီမှာတာဝန်ကျတဲ့လူကလည်း ဘာဖြစ်မှန်းကိုမသိဘူး အဲဒီမှာ စိမ့်စမ်းတောင်ဆိုတာရှိတယ်အဲဒီမှာသူကတာဝန်ကျတယ် သူကလည်း ဘာဖြစ်မှန်းကိုမသိဘူး တစ်နေ့ညကလည်း တစ်နေကုန်ပျက်ပြီးတော့ ၈ နာရီ ၄၅ မိနစ်မှာပြန်ကောင်းလာတယ် နောက်ပြီးတော့ ညနေမှာတစ်ခါ ခဏလေးပြန်ပျက်တယ်လို့ကြားတယ် အခုကတော့ ပြန်ကောင်းတယ်လို့ပြောတယ် အဲဒီစိမ့်စမ်းတောင်မှာ တာဝန်ကျတဲ့သူကကိုလည်း သူပုန်အဖွဲ့က အောက်ကိုဆင်းခိုင်းတော့ ဘာမှသတင်းမသိရတော့ဘူး’’ ဟု ဝန်ကြီးကပြောသည်။

ပလက်ဝမြို့နယ်လူမှုကူညီရေးပရဟိတအဖွဲ့မှဦးဆောင်သူတစ်ဦးကတော့ ယခုကဲ့သို့ ဖုန်းလိုင်းပြတ်ရခြင်းမှာ အေအေ တပ်ဖွဲ့မှ ဖုန်းတာဝါတိုင်ဖျက်စီးလိုက်သည့်အတွက်ကြောင့် ဆိုပါသည်။

“AA ဖက်ကနေ အဲဒီတာဝါတိုင်ကိုဖျက်ဆီးတာလို့ သတင်းရတယ် အဲဒါကို ဒီမြန်မာ့တပ်မတော်နှင့် ပလက်ဝမြို့ပေါ်မှာရှိတဲ့ ဆက်သွယ်ရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့ ဘာပစ္စည်းတွေလိုအပ်မလဲဆိုတာတွေ ကြည့်နေတယ် အခုဆောင်ရွက်ဖို့ကြိုးစားနေတယ်ဆိုတာတော့ သတင်းရတယ်’’ ဟု ၎င်းကပြောသည်။

ခိုနူမ်းသုန်သတင်းဌာနအနေဖြင့်လည်း ပလက်ဝမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများကို အကြိမ်ကြိမ်ဖုန်းခေါ်ဆိုသော်လည်း ဖုန်းလိုင်းအားလုံးသည် စက်ပိတ်ထားကြသည်ကိုတွေ့ရသည်။ စစ်ရေးပဋိပက္ခကြောင့် ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် (၃၅၀ဝ) ကျော်နှင့် ဆမီးမြို့တွင် (၃၀ဝ၀) နီးပါးခန့် တိမ်းရှောင်လျှက်ရှိ်ကြပြီး အင်တာနက်နှင့် ဖုန်းလိုင်းမရှိသည့်အတွက် စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့ရေးပိုင်းတွင်လည်း အခက်ကြုံနေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.