Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အဓမ္မစစ်သားစုဆောင်းခံရသော ပြည်သူ့စစ် ၂ ဦး CDF-Hakha ထံ အလင်းဝင်
ပုံစာ - CDF-Hakha ထံ အလင်းဝင်လာသူ

အဓမ္မစစ်သားစုဆောင်းခံရသော ပြည်သူ့စစ် ၂ ဦး CDF-Hakha ထံ အလင်းဝင်

0
By Editor on April 7, 2025 Headline

(004SS)

ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီလက်အောက် ပြည်သူ့စစ် ၂ ဦးသည် CDF-Hakha တပ်ဖွဲ့ထံ မတ်လ ၂၅ ရက်နေ့က အလင်းဝင်ရောက်ခဲ့ကြသည်ဟု သိရသည်။

အလင်းဝင်ရောက်လာသူမှာ စစ်မှုမထမ်းမနေရအမိန့်ကြောင့် ပေါ်တာဆွဲခံရကာ ကလေးမြို့တွင် စစ်သင်တန်း‌တက်ရောက်ခဲ့ပြီးနောက် ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် တာဝန်ချခြင်းခံရသူဟု သိရသည်။

“ကျွန်တော် မကွေးမှာ အမျိုးသမီးကိုလိုက်ပြီး အလုပ်လုပ်ရင်း ပေါ်တာဆွဲခံရတာပါ။ စစ်မှုမထမ်းမနေရဆိုပြီးမှ ပေါ်တာဆွဲခံရလို့ ရဟတ်ယာဉ်နဲ့ ကလေးမြို့ကို ပို့ပါတယ်။ အဲမှာ သေနတ် အဖြုတ်အတပ်၊ ပစ်ခတ်မှုပုံစံတွေ သင်ပေးပါတယ်။ အဲဒါနဲ့ အရေးကြီးတယ်ဆိုပြီးမှ ကျွန်တော်တို့ကို ရှေ့တန်းပို့ပါတယ်။ အဲလိုနဲ့ ကျွန်တို့ကို ရဟတ်ယာဉ်နဲ့ ဟားခါး စစ်တပ်ဗျူဟာကုန်းကို ချပေးတယ်။ နာရီဝက်လောက် နားပြီးမှ အရေးကြီးလို့ဆိုပြီး ကျောက်တိုင်ဘက်ကို ပို့ပါတယ် လုံခြုံရေးပေါ့။ ပစ(ပြည်သူ့စစ်)တွေကို ကျည်ဆံ ၅၀ စီနဲ့ လက်ပစ်ဗုံး ၁ လုံးစီပေးပါတယ်။ သေနတ်ကတော့ အရေးကြီးတဲ့ချိန်၊ ကင်းစောင့်တဲ့ချိန်မှ ပေးကိုင်ပါတယ်။ ပြီးတော့ သူတို့က (စစ်ကောင်စီ) CDM လုပ်တဲ့သူတွေကို သူတို့သိချင်တဲ့အချက်အလက်တွေကိုမေး၊ ငွေကြေးပေးပြီး သတ်ပစ်ပါတယ်ဆိုပြီး ဝါဒဖြန့်ပါတယ်။ ကျွန်တော်တို့ကလဲ သေရမှာချင်းအတူတူဆိုပြီး သေနတ်ယူပြီး ထွက်လာတာ၊ ၂ ယောက်ပေါ့” ဟု မကွေးမှ ပေါ်တာဆွဲခံရပြီးနောက် ဟားခါးမြို့တွင်တာဝန်ချခံရကာ အလင်းဝင်လာသူက ပြောသည်။

ဤကဲ့သို့ အလင်းဝင်လာသူများကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆု ကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း CDF-Hakha က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။

အလားတူ ဧပြီလ ၃ ရက်နေ့ကလည်း တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား မောင်ဖိုးခွါး နှင့် ဒုတပ်ကြပ် မျိုးမင်းကျော် တို့နှစ်ဦးသည်လက်နက်ခဲယမ်းများနှင့်အတူ PDF Zoland ထံ အလင်းဝင်ရောက်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.