Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အများပြည်သူသုံး Kpay နှင့် wave money များ အစမတန် ငွေချေနှုန်းများမြင့်တက်မှုကြောင့် ပြည်သူများ အခက်ကြုံ

အများပြည်သူသုံး Kpay နှင့် wave money များ အစမတန် ငွေချေနှုန်းများမြင့်တက်မှုကြောင့် ပြည်သူများ အခက်ကြုံ

0
By Editor on May 20, 2021 Headline

By လားနွန် – အလွယ်တကူငွေကြေးလွှဲပြောင်းထုတ်ယူနိုင်သည့် ဝန်ဆောင်မှုဖြစ်သော အများပြည်သူများသုံး Kpay နှင့် wave money များမှတဆင့် ယခုရက်ပိုင်းအတွင်း ငွေသွင်းငွေထုတ်ခြင်းများပြုလုပ်ရာတွင် ကိုယ်စားလှယ်များမှ အစမတန် ဈေးတင်ပြီးတောင်းခံနေသည့်အတွက်ကြောင့် ငွေထုတ်ငွေလွှဲသူများအတွက် အခက်အခဲဖြစ်နေကြ ကြောင်း စုံစမ်းသိရှိရသည်။

နိ်ုင်ငံတော်ကိုအာဏာကို စစ်ကောင်စီကမသိမ်းယူခင်က အဆိုပါငွေကြေးဝန်ဆောင်မှုပြုလုပ်နေကြသော ကိုယ်စားလှယ်များသည် ငွေလွှဲငွေထုတ်ပြုလုပ်သူများထံ ၎င်းတို့၏သတ်မှတ်ချက်နှုန်းထားအတိုင်း လုပ်ဆောင်ခဲ့ကြသော်လည်း ပုဂ္ဂလိဘဏ်များဖွင့်လှစ်ခြင်းမရှိသည့်နောက်ပိုင်း မြန်မာကျပ်ငွေများထုတ်ယူမှုအခက်အခဲဖြစ်လာခြင်းကို အခွင့်ကောင်းယူကာ အစမတန်ဈေးတင်ခြင်းလုပ်ဆောင်လာကြခြင်းဖြစ်သည်။

“ကျနော်တို့ kpay ဆိုတာ အကောင့်အချင်းချင်းလွှဲရင် လွှဲခမရှိဘူး ငွေသားရှိတဲ့သူက ငွေသားယူတယ် emoney လိုတဲ့သူ သူ့အကောင့်ထဲထည့်ပေးယုံပဲ နောက် Wave money ဆိုလည်း အကောင့်ဖွင့်ထားရင် ကိုယ်စားလှယ်ကနေတဆင့် မည်သူမဆို လာလွှဲရင် ကျနော် wave အကောင့်ဖွင့်ထားတဲ့အတွက် လွှဲခမလိုပါဘူး နောက် အကောင့်အချင်းချင်းလွှဲရင်လည်းလွှဲခမလိုဘူး ကိုယ်စားလှယ်ကနေအကောင့်မရှိတဲ့သူကိုလွှဲမှပဲ လွှဲခရှိတယ် အဲဒါလည်းwave money ကနေ သတ်မှတ်ချက်ရှိတယ် ဘာအခက်အခဲမှမရှိဘူးလွယ်တယ် အခုတော့ kpay၊ wave money ကိုယ်စားလှယ်လုပ်တဲ့သူတွေဆီကနေသွားလွှဲရင် ၁ သိန်းမှာ ၁ သောင်းယူတော့ ဘယ်လိုမှအဆင်မပြေတော့ဘူး ၁ဝရာခိုင်းနှုန်းဆိုတော့ ဒါက အများပြည်သူခက်ခဲနေတဲ့အချိန် အမြတ်ထုတ်တဲ့လောဘတခုပါ အခု wave Money ဆိုရင် ပိုဆိုးလာတာက ထုတ်တာလည်း ထုတ်ခတောင်းတယ် လွှဲရင်လည်းလွှဲခ အဲလိုဖြစ်နေတာ” ဟု ကလေးမြို့ ဒေသခံတစ်ဦးကပြောသည်။

အမှန်တကယ်တွင် Kpay ဖြင့်ငွေလွှဲမည်ဆိုပါက Kpay သတ်မှတ်ချက်အရ ၁ သိန်းတွင် ၁၄၀၀ ကျပ်သာပေးရပြီး wave money ဖြင့်ငွေလွှဲရာတွင်လည်း wave အကောင့်မဖွင့်ထားသူများအတွက် ၁ သိန်းလျှင် ၁၅၀၀ ကျပ်သာကုန်ကျသည်။

ယခုအခါ wave money ဖြင့် ငွေထုတ်မည်ဆိုပါက တစ်သိန်းလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ကိုယ်စားလှယ်များကိုပေးဆောင်ရသည်။ လက်ရှိအချိန် ATM စက်များတွင်လည်း အကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်ပြီး ပုဂ္ဂလိကဘဏ်များ ဖြစ်သည့် KBZ bank တွင်လူတစ်ဦးမှ တစ်ရက်လျှင် ၂ သိန်းကျပ်ထုတ်ယူနိုင်ပြီး Kpay မှာလည်း ၂ သိန်းကျပ် စုစုပေါင်း ၄သိန်းကျပ်ထုတ်ယူနိုင်ပြီး CB bank တွင် ATM ကဒ်တစ်ခုဖြင့် တစ်နေ့ ၃ သိန်းကျပ်ဖြင့်ထုတ်ယူနိုင်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

CDF – မရာထိန်းချုပ်ထားသည့် ငဖိုင်ပိ (ခ) ရွာကို MDF က ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.