Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“အရှိန်အဟုန်မြှင့်တင် ကီမိုမြေတခွင်” ကျပ်သိန်း ၃၀၀၀ ကမ်ပိန်းတစ်လကျော်အထိ ၅.၃ ရာခိုင်နှုန်းသာရရှိသေး

“အရှိန်အဟုန်မြှင့်တင် ကီမိုမြေတခွင်” ကျပ်သိန်း ၃၀၀၀ ကမ်ပိန်းတစ်လကျော်အထိ ၅.၃ ရာခိုင်နှုန်းသာရရှိသေး

0
By Editor on December 10, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ချင်းတော်လှန်ရေးအင်အားစု ပလက်ဝကောင်စီ၏ ဒေသန္တရအစိုးရအတွက် ကျပ်သိန်း ၃၀၀၀ ရရှိနိုင်ရေး ကမ်ပိန်းသည် ကမ်ပိန်းရက်ကာလ ထက်ဝတ်ကျော်လာသော်လည်း ကျပ်သိန်း ၁၅၀ ခန့်သာ ရရှိသည်ဟု Project Kimo အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အရှိန်အဟုန်မြှင့်တင် ကီမိုမြေတခွင်” ကမ်ပိန်းကို နိုဝင်ဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ သိန်း ၃၀၀၀ ရန်ပုံ ငွေ ရရှိနိုင်ရေး ဆောင်ရွက်နေပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက်အထိ ၅.၃ ရာခိုင်နှုန်း ကျပ်သိန်း ၁၅၀ ခန့်သာ ရရှိခြင်းဖြစ်သည်။

“ကျမတို့ ကမ်ပိန်းက လုပ်နေတာက ၁ လရှိပြီးပေါ့နော်။ အခုထိကလည်း ၅ ရာခိုင်နှုန်းပဲ ရှိတယ်။ အားလုံးက ကမ်ပိန်းကို အဖက်ဖက်က လုပ်နေကြတယ်။ ကျမတို့လည်း တတ်နိုင်သလောက် ကိုယ့်ဒေသအတွက် လုပ်နေပေမယ့်လည်း အများကြီး မရသေးဘူး ဖြစ်နေတယ်။ ဒီပမာဏဟာ အားလုံးက အားစိုက်မယ်ဆိုရင် ရနိုင်တဲ့ ပမာဏတစ်ခုပါ။ လူထုက သိပ်ပြီးတာ့မှ မပါဝင်နိုင်ဘူး ဖြစ်နေတယ်။ ဒီအပေါ်မှာလည်း ကျမက အားမလို၊ အားမရ ဖြစ်မိတယ်” ဟု Project Kimo အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

ပလက်ဝချင်းတော်လှန်ရေး အင်အားစုဖြစ်သည့် ကြားကာလခူမီး (ချင်း) မျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) နှင့် ဒေသန္တရအစိုးရဖြစ်သည့် ပလက်ဝကောင်စီ (PC) တို့က ရန်ပုံငွေ ကမ်ပိန်းကို ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။

ကမ်ပိန်းမှ ရရှိသော ဘဏ္ဍာငွေများကို ဒေသန္တရအစိုးရဌာနများဖြစ်သော ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး၊ IDPs စခန်းမှ လူသားစာနာအကူအညီ စသည့် ကဏ္ဍစုံတွင် အသုံးပြုသွားမည်ဟု သိရသည်။

ကာကွယ်ရေးဌာနဖြစ်သည့် CDF – ပလက်ဝတွင် စစ်ရေးအသုံးစရိတ်အပါအဝင် မြေပြင်မှာ အရေးပေါ် လိုအပ်ချက် အများအပြားရှိနေပြီး ရဲတပ်ဖွဲ့မှာလည်း လိုအပ်ရှိများရှိနေကြောင်း သိရသည်။

ပညာရေးတွင် သင်ကြားရေးပိုင်း အထောက်အကူပြုပစ္စည်းများ၊ လုပ်ငန်းလည်ပတ်နိုင်ရေး ဘဏ္ဍာငွေ လိုအပ်နေပြီး ဆရာ၊ ဆရာမများကို လုံလောက်သော လစာ မပေးနိုင်ကြောင်း၊ ကျန်းမာရေးတွင် ဆေးဝါးပစ္စည်းများနှင့် ကုသရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းအင်အားများလည်း လိုအပ်နေကြောင်း သိရသည်။

နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများမှာလည်း အရပ်ဖက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု အားနည်းမှုကြောင့် အခြေခံစားနပ်ရိက္ခာများ အခက်အခဲ များစွာကြုံတွေ့နေရကြောင်း သိရသည်။

ပလက်ဝချင်းတော်လှန်ရေးအင်အားစုများ၏ “အရှိန်အဟုန်မြှင့်တင် ကီမိုတခွင်” ကမ်ပိန်းတွင် ပြည်တွင်း/ပြည်ပ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် ဖိတ်ခေါ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ICJ ၏ မြန်မာအပေါ် စီရင်ဆုံးဖြတ်ချက် လက်မခံဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ထုတ်ပြန်

နိုင်ငံတဝန်း စစ်တပ်၏ ဒုတိယအကြီးဆုံး ထိုးစစ်ကို ခုခံကာကွယ်ထားနိုင်ကြောင်း CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ပြော

ချင်းနိုင်ငံရေးသမား ဒေါက်တာငိုင်းတမ်မောင်း NUG အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 23, 2026

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 24, 2026

ICJ ၏ မြန်မာအပေါ် စီရင်ဆုံးဖြတ်ချက် လက်မခံဟု ချင်းပြည်သစ်ကွန်ဂရက်ပါတီ ထုတ်ပြန်

November 23, 2026

နိုင်ငံတဝန်း စစ်တပ်၏ ဒုတိယအကြီးဆုံး ထိုးစစ်ကို ခုခံကာကွယ်ထားနိုင်ကြောင်း CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ပြော

November 23, 2026

UNHCR ဝန်ဆောင်မှုတချို့ ရပ်ဆိုင်းခြင်းကြောင့် မလေးရောက်ချင်းလူမျိုးများ လုံခြုံရေး သတိပြုနေထိုင်ရန် ACR နှင့် CRC ထုတ်ပြန်

November 23, 2026

ကျွန်ုပ်တို့၏ ရင်သွေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားရာ တစ်ချို့ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ပါသည်။ မိဘများနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ ကလေးများကို အမြဲတမ်း သတိပေးလမ်းညွှန်နေရန် လိုအပ်ပါသည်။

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.