• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အလင်းဝင်လာသည့် ရဲတစ်ဦးက မတရားသတ်ဖြတ်ခံရသူများအတွက် ကောင်းမှုပြုလုပ်ရန် အသင်းတော်ကို ငွေပြန်လှူ

အလင်းဝင်လာသည့် ရဲတစ်ဦးက မတရားသတ်ဖြတ်ခံရသူများအတွက် ကောင်းမှုပြုလုပ်ရန် အသင်းတော်ကို ငွေပြန်လှူ

0
By Editor on August 28, 2023 Headline

(006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် PDF-Zoland ထံ အလင်းဝင်လာသော စစ်ကောင်စီရဲတပ်သားသည် ချီးမြှင့်ငွေသိန်း ၅၀ထဲမှ ၁၀ သိန်းကျော်ကို စစ်ကောင်စီတပ်၏ မတရား သတ်ဖြတ်ခံရသူများအတွက် ရည်စူး၍ကောင်းမှုပြုလုပ်ရန် အသင်းတော်ထံ ပြန်လည်လှူဒါန်းခဲ့သည်ဟု PDF – Zoland က ထုတ်ပြန်သည်။ 

ဩဂုတ် ၂၀ရက်တွင် တီးတိန်မြို့၊ ရိပ်သာတစ်ခုမှာ တာဝန်ကျနေစဉ် CDM ပြုလုပ်ရန် ထွက်ပြေးလာခဲ့သော ရဲတပ်သား (၂) ဦးထဲမှ ရဲတပ်သား ဂျူလီ (Julio) သည် လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်နိုင်မှုကြောင့် ချီးမြှင့်ငွေထဲမှ ၁၂ သိန်းကို ချင်းပြည်နယ် ထဲက အသင်းတော်တစ်ခုထံကို ဩဂုတ် ၂၃ ရက်မှာ ပြန်လှူခဲ့သည်ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထော်နီက ပြောသည်။ 

“ဂျူလီကလေ အဓိကက ဘုရားကျောင်းမှာ လှူတာက စစ်တပ်က ပြည်သူ ကလေးငယ်တွေရော မီးရှို့သတ်ပစ်တဲ့ မြင်ကွင်းကြောင့် စိတ်မကောင်းစွာနဲ့ သူတို့အတွက် ဆုတောင်းပေးဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်” ဟု ဆလိုင်းထော်နီက ပြောသည်။ 

MA 3 (၂) လက်၊ ကျည်ဆံ (၂၀၀) ကျော်၊ ကျည်အိမ် (၈) ခု စသဖြင့် လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်လာသူ ရဲတပ်သား ဂျူလီ (Julio) တို့ ၂ ဦးကို တစ်ဦးလျှင် သိန်း (၅၀) ကျပ်စီ ချီမြှင့်ခဲ့ပြီး ၎င်းတို့မှာ လွတ်မြောက်နယ်မြေကို ဘေးကင်းကင်းနှင့် ရောက်ရှိသွားပြီဟု သိရသည်။ 

အာဏာသိမ်းပြီးနောက် တီးတိန်မြို့နယ်မှာ စစ်အာဏာရှင်ခုခံတော်လှန်ရေး ဆောင်ရွက်နေသော PDF -Zoland ထံသို့ လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်သူ ၄ ဦး အပါအဝင် အလင်းဝင်လာသော ရဲ၊ စစ်သား ၂၀ နီးပါးခန့်ရှိသည်။

လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်လာသူများကို အနည်းဆုံး သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ရန် အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးနေသည့်အတွက် ရဲနှင့် စစ်သားများ CDM ပြုလုပ်ကြရန် အမြဲဖိတ်ခေါ်သည်ဟု Zoland PDF မှ တာဝန်ရှိသူက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.