Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၄၅၀ ကျော်ရှိပြီး သေဆုံးသူ ၄၇ ဦးထိရှိလာ

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၄၅၀ ကျော်ရှိပြီး သေဆုံးသူ ၄၇ ဦးထိရှိလာ

0
By Editor on June 25, 2021 Headline

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၄၅၀ ကျော်ရှိပြီး သေဆုံးသူ ၄၇ဦးထိရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ စာရင်းပြုစုချက်အရ သိရသည်။

ချင်းပြည်နယ်တွင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၄၅၆ ဦးရှိပြီး ပြန်လည်လွတ်မြောက်သူ ၂၅၃ ရှိကာ ဟားခါးမြို့တွင် ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပြီး ၂၈၈ ဦးထိရှိပြီး ၁၇၂ ဦးပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်း သိရသည်။

“လူတစ်ယောက်ကိုဖမ်းချင်ရင် ဖမ်းရတဲ့အကြောင်းရင်းကို သက်သေအထောက်အထားနဲ့ သေချာပြပြီးတော့ ခေါ်သွားရင်တော့အကြောင်းမဟုတ်ဘူး၊ အဲလိုဖမ်းခံရရင်တော့ ရှေ့နေခေါ်ပြီး တရားရုံးမှာ တရားရင်ဆိုင်ခွင့်ရှိရမယ်၊ ခုကအဲလိုလုံးဝမရှိဘူး၊ အခုက နေအိမ်ကိုလည်း ဖျက်ဆီးတယ်၊ အိမ်ထဲလည်းဝင်စီးနင်းတယ်၊ ဘာအကြောင်းပြချက်မှလည်းမပြောဘဲနဲ့ မေးစရာရှိလို့ဆိုပြီး တစ်ခါတည်းဖမ်းလိုက်တာက လုံးဝမဖြစ်သင့်ဘူး၊ လမ်းမှာလည်း ရပ်ခိုင်းပြီး ကြိုက်သလိုစစ်မေးတယ်၊ ဖုန်းတွေစစ်ဆေးတယ်၊ သူတို့မကြိုက်တာတွေ့ရင်ဖမ်းသွားတယ်၊ သူတို့ဖမ်းတဲ့ပုံစံက ကြိုက်တဲ့ချိန်ဖမ်းပြီးတော့ တိရိစ္ဆာလိုဘဲဆက်ဆံခံနေရတယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ Program Director ဆလိုင်းဗန်ဗျက်ထန်မှပြောသည်။

အဆိုပါ အဖမ်းခံရသူများအား ဖမ်းဆီးရသည့်အကြောင်းရင်းများမှာ ဆန္ဒထုတ်ဖော်မှု၊ သံပုံးတီးမှု၊ CDF နှင့် ဆက်နွယ်မှု၊ CDM လှုပ်ရှားမှုတွင်ပါဝင်မှု၊ ဖုန်းများအား စစ်ဆေးရာမှ ဖမ်းဆီးခံရမှု နှင့် အကြောင်းရင်းမသိရဘဲ ဖမ်းဆီးခံရမှုများရှိကြောင်းသိရသည်။

ဖမ်းဆီးခံရသူများအား အဖမ်းခံရစဉ်တွင် ညှင်းပမ်းနှိပ်ခြင်း၊ ရိုက်နှက်ခြင်းများ ကျူးလွန်ခံရမှုများရှိပြီး သက်သေအထောက်အထားအချို့လည်းရရှိထားကာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အဖမ်းခံရစဉ် သေဆုံးမှု ၂ ခုလည်းရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့က ပြောသည်/

ထို့ပြင် လူနေအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း၊ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခြင်း၊ တိရစ္ဆာန်များအား ဖမ်းယူသတ်ဖျက်ခြင်းများလည်း စစ်ကောင်စီများမှ ရောက်သည့်နေရာများတွင် ဆက်တိုက်ကျူးလွန်နေကြောင်းသိရသည်။

“ချင်းပြည်နယ်ထဲမှာ သူတို့ရောက်တဲ့နေရာတိုင်း နေအိမ်တွေ ချိုးဖောက်ဝင်ရောက်တယ်၊ ပစ္စည်းတွေခိုးတယ်၊ အိမ်ထဲကပစ္စည်းတွေဖျက်စီးပစ်တယ်၊ အလှူငွေအဖြစ်ထားထားတာတွေကိုလည်း ယူတာတွေရှိတယ်၊ ဆိုင်တွေလည်း ချိုးဖျက်ဝင်ရောက်ပြီးတော့ ဆိုင်ကယ်တွေ ပစ္စည်းကောင်းတာတွေကို ယူသွားတာတွေရှိတယ်၊ မင်းတပ်မှာဆိုရင် ကျောက်ထုဘက်မှာ ပြန်သွားရောင်းစားတာတွေရှိတယ်၊ ပြောချင်တာက ပြည်သူတွေရဲ့ပစ္စည်းတွေကို လုယူတဲ့အပြင် စီးပွားရေးအဖြစ် ပြန်ရောင်းစားနေကြတယ်၊ အဲဒါတွေကို တွေးကြည့်ရင် အရမ်းရင်နာစရာကောင်းတယ်” ဟု ဆလိုင်းဗန်ဗျက်ထန်မှပြောသည်။

ချင်းပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူသေဆုံးမှု ၄၇ ဦးထိရှိခဲ့ပြီး အများစုမှာ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခြင်းဖြစ်ကာ စစ်ဘေးရှောင်ရင်း သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချင်းလူမျိုး ၅၁၅ ဦး အဖမ်းခံရပြီး ၂၇၅ ဦး ပြန်လည်လွတ်မြောက်ကာ သေဆုံးသူ ၇၆ ဦးထိရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ မှတ်တမ်းများအရသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.