Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၄၅၀ ကျော်ရှိပြီး သေဆုံးသူ ၄၇ ဦးထိရှိလာ

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၄၅၀ ကျော်ရှိပြီး သေဆုံးသူ ၄၇ ဦးထိရှိလာ

0
By Editor on June 25, 2021 Headline

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၄၅၀ ကျော်ရှိပြီး သေဆုံးသူ ၄၇ဦးထိရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ စာရင်းပြုစုချက်အရ သိရသည်။

ချင်းပြည်နယ်တွင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၄၅၆ ဦးရှိပြီး ပြန်လည်လွတ်မြောက်သူ ၂၅၃ ရှိကာ ဟားခါးမြို့တွင် ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပြီး ၂၈၈ ဦးထိရှိပြီး ၁၇၂ ဦးပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်း သိရသည်။

“လူတစ်ယောက်ကိုဖမ်းချင်ရင် ဖမ်းရတဲ့အကြောင်းရင်းကို သက်သေအထောက်အထားနဲ့ သေချာပြပြီးတော့ ခေါ်သွားရင်တော့အကြောင်းမဟုတ်ဘူး၊ အဲလိုဖမ်းခံရရင်တော့ ရှေ့နေခေါ်ပြီး တရားရုံးမှာ တရားရင်ဆိုင်ခွင့်ရှိရမယ်၊ ခုကအဲလိုလုံးဝမရှိဘူး၊ အခုက နေအိမ်ကိုလည်း ဖျက်ဆီးတယ်၊ အိမ်ထဲလည်းဝင်စီးနင်းတယ်၊ ဘာအကြောင်းပြချက်မှလည်းမပြောဘဲနဲ့ မေးစရာရှိလို့ဆိုပြီး တစ်ခါတည်းဖမ်းလိုက်တာက လုံးဝမဖြစ်သင့်ဘူး၊ လမ်းမှာလည်း ရပ်ခိုင်းပြီး ကြိုက်သလိုစစ်မေးတယ်၊ ဖုန်းတွေစစ်ဆေးတယ်၊ သူတို့မကြိုက်တာတွေ့ရင်ဖမ်းသွားတယ်၊ သူတို့ဖမ်းတဲ့ပုံစံက ကြိုက်တဲ့ချိန်ဖမ်းပြီးတော့ တိရိစ္ဆာလိုဘဲဆက်ဆံခံနေရတယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ Program Director ဆလိုင်းဗန်ဗျက်ထန်မှပြောသည်။

အဆိုပါ အဖမ်းခံရသူများအား ဖမ်းဆီးရသည့်အကြောင်းရင်းများမှာ ဆန္ဒထုတ်ဖော်မှု၊ သံပုံးတီးမှု၊ CDF နှင့် ဆက်နွယ်မှု၊ CDM လှုပ်ရှားမှုတွင်ပါဝင်မှု၊ ဖုန်းများအား စစ်ဆေးရာမှ ဖမ်းဆီးခံရမှု နှင့် အကြောင်းရင်းမသိရဘဲ ဖမ်းဆီးခံရမှုများရှိကြောင်းသိရသည်။

ဖမ်းဆီးခံရသူများအား အဖမ်းခံရစဉ်တွင် ညှင်းပမ်းနှိပ်ခြင်း၊ ရိုက်နှက်ခြင်းများ ကျူးလွန်ခံရမှုများရှိပြီး သက်သေအထောက်အထားအချို့လည်းရရှိထားကာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အဖမ်းခံရစဉ် သေဆုံးမှု ၂ ခုလည်းရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့က ပြောသည်/

ထို့ပြင် လူနေအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း၊ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခြင်း၊ တိရစ္ဆာန်များအား ဖမ်းယူသတ်ဖျက်ခြင်းများလည်း စစ်ကောင်စီများမှ ရောက်သည့်နေရာများတွင် ဆက်တိုက်ကျူးလွန်နေကြောင်းသိရသည်။

“ချင်းပြည်နယ်ထဲမှာ သူတို့ရောက်တဲ့နေရာတိုင်း နေအိမ်တွေ ချိုးဖောက်ဝင်ရောက်တယ်၊ ပစ္စည်းတွေခိုးတယ်၊ အိမ်ထဲကပစ္စည်းတွေဖျက်စီးပစ်တယ်၊ အလှူငွေအဖြစ်ထားထားတာတွေကိုလည်း ယူတာတွေရှိတယ်၊ ဆိုင်တွေလည်း ချိုးဖျက်ဝင်ရောက်ပြီးတော့ ဆိုင်ကယ်တွေ ပစ္စည်းကောင်းတာတွေကို ယူသွားတာတွေရှိတယ်၊ မင်းတပ်မှာဆိုရင် ကျောက်ထုဘက်မှာ ပြန်သွားရောင်းစားတာတွေရှိတယ်၊ ပြောချင်တာက ပြည်သူတွေရဲ့ပစ္စည်းတွေကို လုယူတဲ့အပြင် စီးပွားရေးအဖြစ် ပြန်ရောင်းစားနေကြတယ်၊ အဲဒါတွေကို တွေးကြည့်ရင် အရမ်းရင်နာစရာကောင်းတယ်” ဟု ဆလိုင်းဗန်ဗျက်ထန်မှပြောသည်။

ချင်းပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူသေဆုံးမှု ၄၇ ဦးထိရှိခဲ့ပြီး အများစုမှာ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခြင်းဖြစ်ကာ စစ်ဘေးရှောင်ရင်း သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချင်းလူမျိုး ၅၁၅ ဦး အဖမ်းခံရပြီး ၂၇၅ ဦး ပြန်လည်လွတ်မြောက်ကာ သေဆုံးသူ ၇၆ ဦးထိရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ မှတ်တမ်းများအရသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.