Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် အကျဉ်းထောင်က ချင်းလူမျိုး ၃၂ ဦး အစာငတ်ခံ ဆန္ဒထုတ်ဖော်

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် အကျဉ်းထောင်က ချင်းလူမျိုး ၃၂ ဦး အစာငတ်ခံ ဆန္ဒထုတ်ဖော်

0
By Editor on January 31, 2025 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် ဖမ်းဆီးထောင်ချခံနေရသော ချင်းလူငယ် ၃၂ ဦးသည် ယနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းကစ၍ ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။

ချင်းလူငယ် ၃၂ ဦးတို့သည် လွတ်ရက်စေ့ပြီးဖြစ်သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိသောကြောင့် ယခုကဲ့သို့ အစာငတ်ခံ ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ၎င်းတို့အရေး ဆောင်ရွက်ပေးနေသော India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

“ဆန္ဒပြတာတော့ ဒီမနက်မှ ပြတာပါ၊ ပြတာက သူတို့အကုန်လုံးပါပဲ၊ အမြန်ဆုံး လွှ‌တ်ပေးဖို့ပေါ့၊ လွှတ်ပေးပြီးတော့ UNHCR ရဲ့ စောင့်လျှောက်မှုအောက်မှာ ထားဖို့ဆိုတဲ့ဟာပေါ့၊ ကြားထဲမှာကလဲ ဗဟိုအစိုးရက အမြန်ဆုံးလွှတ်ပေးမယ်ဆိုပြီး ကတိပေးထားတာရှိတယ် ဒါပေမဲ့ အဲဒီကတိ မတည်ဘူး၊ ပြီးတော့ UNHCR ကလဲ UN ကဒ်မပေးဘူးဆိုတော့ သူတို့ UNHCR ရော၊ အစိုးရထံမှာ တောင်းဆိုချင်တဲ့သဘော ဖြစ်ပါတယ်” ဟု ဆလိုင်းဒိုခါရ်ကပြောသည်။

အသက် ၁၈ နှစ်မှ ၂၅ နှစ်ဝန်းကျင်ခန့်ရှိကြသည့် ချင်းလူငယ် ၃၂ ဦးသည် စစ်ပြေးဒုက္ခသည်အဖြစ် နယူးဒေလီမြို့ UNHCR လက်အောက်တွင် ခိုလှုံရန် ထွက်လာကြစဉ် အာသံပြည်နယ်မှာ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ထက်ဝက်ခန့်မှာ အမျိုးသမီးလူငယ်များဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့သည် ထောင်ထဲတွင် ဆက်လက်ထိန်းသိမ်းခံနေကြရပြီး ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများအပြင် အထူးသဖြင့် လွတ်ရက်စေ့ပြီဖြစ်သော်လည်း ပြန်လည် လွှတ်ပေးခြင်းမရှိသောကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များကြုံတွေ့နေကြရသည်ဟု India for Myanmar ဦးဆောင်သူက ပြောသည်။

၎င်းတို့အားလုံးသည် ပြစ်ဒဏ်၊ ငွေဒဏ် အားလုံး ကုန်ကျခံပြီးသူများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ် မှုကို အကြောင်းပြကာ ထောင်စည်းကမ်းများအတိုင်း ဆက်လက်ထိန်းသိမ်းခံကြရခြင်းဖြစ်‌ကြောင်း India for Myanmar က ဆိုသည်။

“ဒီ Foreigner Act နဲ့ပါတ်သက်တဲ့ဟာဆိုတော့ အားလုံးက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့အတွက် ဗဟိုအစိုးရက တာဝန်အရှိဆုံးပေါ့နော်။ တစ်ဘက်မှာ Federalနိုင်ငံဖြစ်တဲ့အတွက် ပြည်နယ်တရားရုံးတွေရဲ့ ဆုံးဖြတ် ချက်ကလဲ တအားအရေးကြီးတယ်။ ဒါပေမဲ့ ဒီအခြေအနေကို မဖြစ်မနေဆောင်ရွက်မယ်ဆိုရင် ဗဟိုအစိုးရရဲ့ဆုံးဖြတ်ချက် ကအရေးပါဆုံးဖြစ်တယ်ဆိုတော့ ဒီဟာကတော့ ဗဟိုအစိုးရပေါ်မူတည်တယ်လို့ မြင်တယ်” ဟု ဆလိုင်းဒိုခါရ်ကပြောသည်။

အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော်ဆက်လက်ထိန်းသိမ်းခံထားရ ပြီး ၎င်းတို့ထဲက အကျဉ်းသား ၁၀၀ ဝန်းကျင်ကို မဏိပူရ်အစိုးရက စစ်ကောင်စီထံ လွှဲပြောင်းခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.