Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယရောက် မြန်မာနိုင်ငံသားများ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်မည်

အိန္ဒိယရောက် မြန်မာနိုင်ငံသားများ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒဖော်ထုတ်မည်

0
By Editor on February 10, 2021 Khonumthung

#Unicode

ရစ်ချက် – နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိူးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD ပါတီထိပ်တန်းအရာရှိများ ဖမ်းဆီးခံရပြီး တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက် သည့်အနေဖြင့် အိန္ဒိယရောက်မြန်မာနိုင်ငံသားများက ဆန္ဒဖော်ထုတ်ကြမည်ဟုသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Chin Refugee Committee (CRC) အဖွဲ့ဦးဆောင်မှုဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အရေးပေါ်အစည်းအဝေးကျင်းပခဲ့ရာ စစ်တပ်အာဏာသိမ်းမှုလုပ်ရက်အား ကန့်ကွက်ရှုတ်ချေ ကြာင်းကို ဆန္ဒဖော်ထုတ်သွားဖို့ အားလုံးသဘောတူညီကြကြောင်း အစည်းအဝေးတွင် ပါဝင်တက်ရောက်သူ Salai Cung Dawt က ပြောပါသည်။

“အားလုံးကတော့ ဆန္ဒဖော်ထုတ်သွားဖို့ သဘောတူကြတယ်။ ဆန္ဒပြမယ့်ရက်ကိုတော့ မသိရသေးဘူး၊ ဆန္ဒပြဖို့ ခွင့်ပြုချက်ရနိုင်မလားဆိုတာကို အရင်စုံစမ်းရမယ်။ အနည်းဆုံး လူဦးရေ ၁၀၀ လောက် ဆန္ဒပြနိုင်အောင် ခွင့်ပြုချက် တောင်းမယ်။ တပ်မတော် လုပ်ရက်ကို ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဝန်ကြီးများကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုကြမယ်။” ဟု Salai Cung Dawt က ပြောသည်။

ထို့အပြင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာကာ အိန္ဒိယဘက်သို့နောက်ထပ် ဒုက္ခသည်အသစ်များ ထပ်မံရောက်ရှိလာပါက ကမ႓ာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) အနေဖြင့် လက်ခံပေးရန် တောင်းဆိုသည့်စာကိုလည်း ပေးပို့ထားပြီဟု Salai Cung Dawt ကပြောသည်။

“ဒီကနေ့ပဲ UN ကို စာပို့ထားတယ်၊ appointment တောင်းထားတယ်။ ဒီကိစ္စကို UNHCR အနေနဲ့လည်း သေသေ ချာချာ ကြည့်ရှုပေးဖို့။ တကယ်လို့များ ဒုက္ခသည်လူသစ်တွေလာတယ်ဆိုရင် လက်ခံပေးဖို့ဆွေးနွေးထားတယ်။ ကျနော်တို့ UN နှင့် Meeting ထိုင်နိုင်မလားမသိသေးဘူး။ Appointment တော့ တောင်းထားတယ်”ဟု ပြောသည်။

၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပြုနိုင်သောမဲစာရင်းပေါင်း ၁၀ သန်းကျော်ရှိသည်ဟု တပ်မတော်၏ တွေ့ရှိချက်နှင့်ပတ်သက်၍ ဖြေရှင်းရန်ငြင်းပယ်ကာ အရေးယူဆောင်ရွက်ခြင်းမပြုသည့်အပြင် ပြည်သူလွှတ်တော်နှင့် အမျိူးသားလွှတ်တော်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကိုလည်း ရွှေ့ဆိုင်းပေးခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူသည့်အတွက်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းယူလိုက်ခြင်းဖြစ်သည်။

တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုနှင့်ပတ်သက်၍ ကမ႓ာ့ကုလသမဂ္ဂ၊ အမေရိကန် စသည့်နိုင်ငံတကာအသိုင်းအဝန်းကလည်း ပြစ်တင်ရှုံချခဲ့ကြပြီး ပြည်ပရောက်ရှိနေကြသော မြန်မာနိုင်ငံသားများကလည်း ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။

#Zawgyi

ရစ်ချက် – နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD ပါတီထိပ်တန်းအရာရှိများ ဖမ်းဆီးခံရပြီး တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်ကန့်ကွက် သည့်အနေဖြင့် အိန္ဒိယရောက်မြန်မာနိုင်ငံသားများက ဆန္ဒဖော်ထုတ်ကြမည်ဟုသိရသည်။



ထို့အပြင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာကာ အိန္ဒိယဘက်သို့နောက်ထပ် ဒုက္ခသည်အသစ်များ ထပ်မံရောက်ရှိလာပါက ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) အနေဖြင့် လက်ခံပေးရန် တောင်းဆိုသည့်စာကိုလည်း ပေးပို့ထားပြီဟု Salai Cung Dawt ကပြောသည်။


၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပြုနိုင်သောမဲစာရင်းပေါင်း ၁၀ သန်းကျော်ရှိသည်ဟု တပ်မတော်၏ တွေ့ရှိချက်နှင့်ပတ်သက်၍ ဖြေရှင်းရန်ငြင်းပယ်ကာ အရေးယူဆောင်ရွက်ခြင်းမပြုသည့်အပြင် ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကိုလည်း ရွှေ့ဆိုင်းပေးခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူသည့်အတွက်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းယူလိုက်ခြင်းဖြစ်သည်။

တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် စသည့်နိုင်ငံတကာအသိုင်းအဝန်းကလည်း ပြစ်တင်ရှုံချခဲ့ကြပြီး ပြည်ပရောက်ရှိနေကြသော မြန်မာနိုင်ငံသားများကလည်း ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.