Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်သည့်အပေါ် ဘာမှထူးခြားလာမှာမဟုတ်ဟု CNF ပြော

အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်သည့်အပေါ် ဘာမှထူးခြားလာမှာမဟုတ်ဟု CNF ပြော

0
By Editor on August 17, 2021 Headline

အာဏာသိမ်းစစ်ကောင်စီမှ “အိမ်စောင့်အစိုးရ” အသစ် ဖွဲ့စည်းလိုက်သည့်အပေါ် ဘာမှ ထူးခြားပြောင်းလဲမှုရှိလာမှာမဟုတ်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြန်ကြားရေးတာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“အရင်ဓာတ်ပြား‌ဟောင်းကို ပြန်သွားတာဖြစ်ပြီး စစ်ကောင်စီဘက်ကနေပြီး အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲလိုက်ပေမယ့် ဘာမှထူးခြားမှာမဟုတ်ဘူး၊ အဓိက, ကတော့ စစ်ကောင်စီတို့ အိမ်စောင့်အစိုးရတို့ဆိုတာက အားလုံးက အတူတူပါပဲ၊ မူလည်းအတူတူ လူလည်းအတူတူ နာမည်ပြောင်းတာပဲရှိတယ်၊ စစ်ကောင်စီကို နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေက အသိမှတ်ပြုနိုင်ဖို့ စစ်ကောင်စီက သဘောပေါက်တယ်၊ သိလာတယ်လို့ ကျနော်မြင်တယ်၊ အဲ့ဒါကြောင့် ဗိုလ်ချုပ်နေဝင်းအစိုးရတုန်းကလိုမျိုးပဲ ဓာတ်ပြားဟောင်းကြီးကို ပြန်ပြီးလုပ်လာတာဖြစ်တယ်၊ အစိုးရတစ်ရပ်ဖြစ်လာဖို့ လုပ်တာဖြစ်တယ်၊ ဘာမှ ထူးခြားမှာတော့မဟုတ်ဘူး၊ အိမ်စောင့်အစိုးရ အစိုးရပုံစံမျိုးလုပ်တော့ ဝန်ကြီးတွေဘာတွေ ထပ်လုပ်ချင်တာတွေရှိတယ်၊ ဘာမှထူးခြားမှာမဟုတ်ဘူး၊ လူကအတူတူ မူကအတူတူပါပဲ” ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောသည်။

၁၉၅၈ ခုနှစ်တုန်းကလိုမျိုး ဗိုလ်ချုပ်ကြီးနေဝင်းမှ “အိမ်စောင့်အစိုးရ” အား ဖွဲ့စည်းလိုက်သည့်ပုံစံမျိုး ယခုအချိန်တွင် ထပ်တူလုပ်လို့မရတော့‌ကြောင်း၊ Generation Z ခေတ် သတင်းဆက်သွယ်ရေးနှင့် နည်းပညာခေတ်တွင် ဘာမှပြောင်းလဲလာစရာမရှိကြောင်း ဆလိုင်းထက်နီမှ ယခုလို ဆက်လက်သုံးသပ်ပြောဆိုသည်။

“အခု Genaration က ဟိုအရင် ၈၈ ကလို မဟုတ်တော့ဘူး၊ သူတို့ သတင်းဆက်သွယ်ရေးကအစ နည်းပညာကအစ သူတို့မှာ တော်တော်စုံနေတယ်၊ ၈၈ တုန်းက အားလုံး သတင်းအမှောင်ချထားတယ်ဆိုတော့ အခု Genaration Z တွေလောက် ကျနော်တို့ သတင်းဆက်သွယ်ရေး၊ နည်းပညာတို့ ဘာမှမရှိခဲ့ဘူး၊ အခု Genaration Z တွေနဲ့ အဲ့ဓာတ်ပြားဟောင်းပုံစံနဲ့သွားလုပ်တာ သူတို့ ဘာမှထူးလာမှာမဟုတ်ဘူး၊ နိုင်ငံတကာ အသိမှတ်ရယူဖို့အတွက် လုပ်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်အာဏာသိမ်းမှု ၆ လပြည့်သည့် သြဂုတ်လ ၁ ရက်နေ့က “အိမ်စောင့်အစိုးရ” ဖွဲ့စည်းလိုက်ပြီး ၂၀၂၃ ခုနှစ်အထိ အုပ်ချုပ်သွားမည်ဟု ကြေညာသွားခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.