• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးဂိတ် ယနေ့ပြန်ဖွင့်

အိန္ဒိယ-မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးဂိတ် ယနေ့ပြန်ဖွင့်

0
By Editor on July 18, 2019 Khonumthung

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အကောက်ခွန်ဌာနချူပ်မှ ပြီးခဲ့သည့် ဇူလိုင် (၁၅) ရက်နေ့ကစ၍ ပိတ်ပင်လိုက်သည့် အိန္ဒိယ-မြန်မာ အမှတ် (၂) ရိခေါဒါရ် – ဇိုခေါဒါရ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယနေ့ဇူလိုင်လ (၁၇) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မီဇိုရမ်ပြည်နယ်အကောက်ခွန်ဌာနမှ ပြန်လည်ဖွင့် လှစ်လိုက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ပြန်လည်ဖွင့်ပေးသည့်အကြောင်းရင်းကိုမူ မသိရကြောင်း ရိခေါဒါရ်ဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့ ၂ နာရီလောက်ကပြန်ဖွင့်ပေးလိုက်တာ အခု ဟိုဘက်ကမ်းကို ကုန်တွေ ပြန်ကူးနေကြပြီ၊ ဘာကြောင့်ပြန်ဖွင့်ပေးလဲ၊ ဘယ်ချိန်ထိဖွင့်ပေးမလဲဆိုတာတော့ မသိရဘူး’’ ဟု၎င်းကပြောသည်။

ရိဒ်-ဇိုခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံးကုန်သွယ်ရေးစ ခန်းဖြစ်သည်။

(နယ်စပ်ဂိတ်ပြန်ဖွင့်ပြီးနောက် တဖက်အိန္ဒိယဘက်သို့ မြန်မာကုန်ပစ္စည်းများပို့ဆောင်နေကြစဉ်)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.