• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အိႏၵိယ-ျမန္မာအမွတ္ ၂ နယ္စပ္ကုန္သြယ္ေရး ရိ- တီးတိန္လမ္းေၾကာင္းသစ္ လာမည့္ႏွစ္ စတင္ေဖာက္လုပ္မည္

အိႏၵိယ-ျမန္မာအမွတ္ ၂ နယ္စပ္ကုန္သြယ္ေရး ရိ- တီးတိန္လမ္းေၾကာင္းသစ္ လာမည့္ႏွစ္ စတင္ေဖာက္လုပ္မည္

0
By Editor on December 8, 2020 Khonumthung

#Unicode

By လားနွန် – အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသည့်လမ်းကြောင်းတစ်ခုဖြစ်သော ရိ-တီးတိန်ကားလမ်းကြောင်း အသစ်ကို လာမည့် ၂၀၂၁ ခုနှစ်ကစ၍ အိန္ဒိယအစိုးရ၏ အကူအညီဖြင့် စတင်ဖောက်လုပ်တော့မည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ရိ- တီးတိန်ကားလမ်းကြောင်းသစ်ကို နိုင်လွန်ကတ္တရာလမ်း နှစ်လမ်းသွားဖြင့် ဖောက်လုပ်မည်ဖြစ်ပြီး ယခင်လမ်းကြောင်း ထက် နှစ်ဆရှည်လျားမည်ဖြစ်ကြောင်း ယင်းအတွက်ကုန်ကျစရိတ်အားလုံးကို အိန္ဒိယအစိုးရက အကုန်ကျခံသွားမည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“အခုအိန္ဒိယကနေ Grant နဲ့ဆောက်လုပ်မည့်အပိုင်းကတော့ သူတို့ကပြေပြေလေးနဲ့ လမ်းသွားလမ်းလာကောင်းတယ်၊ လမ်းက နှစ်ဆဖြစ်သွားတယ် (၆၂) မိုင်ဖြစ်သွားတယ် အဲဒီကုန်ကျစရိတ်ကတော့ အကုန်အိန္ဒိယဘက်ကပဲကုန်ကျခံပါမယ် အဲဒါသူများတိုင်းပြည်အကူအညီဆိုတော့ survey ဆင်းတယ် အဲဒီအတွက်ကို ကုန်ကျစရိတ် နှစ်လမ်းသွားလုပ်မယ် တံတားတွေအသစ်လုပ်မယ် ဒါပေမဲ့ ကျနော်တို့ကျတော့ ဒီလမ်းပေါ်မှာရှိတဲ့ သစ်တောနဲ့ဆိုင်တဲ့ဟာတွေ စိုက်ပျိးရေးနှင့် မွေးမြူရေးခြံတွေ အိမ်တွေပါတဲ့ ပျက်စီးနိုင်တဲ့ဟာတွေအားလုံးကို ကျနော်တို့အစိုးရကလျော်ကြေးပေးရမယ် အဲဒီအတွက် တွက်ချက်တိုင်းတာပြီးသွားပြီ” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြာသည်။

လက်ရှိအသုံးပြုနေသည့် ရိ-တီးတိန်ကားလမ်းသည် မိုင်အားဖြင့် (၃၁ မိုင်နှင့် ၅ ဖာလုံ)သာရှိသော်လည်း တောင်အတ က်အဆင်းကြမ်းပြီး ယခုအိန္ဒိယနိုင်ငံအကူအညီဖြင့်အသစ်ဖောက်လုပ်မည့် ကားလမ်းအသစ်မှာ မိုင်အားဖြင့် (၆၂ မိုင်နှင့် ၄ ဖာလုံ) နှစ်ဆရှည်လျားသော်လည်း လမ်းကြောင်းပြေပြေဖြစ်သည်ဟု သိရသည်။

အိန္ဒိယ-မြန်မာအမှတ် ၂ ရိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် ချင်းပြည်နယ်တစ်ခုတည်းသာမကဘဲ မြန်မာတစ်နိုင်ငံ လုံးအတွက် အကျိူးပြုသည့်အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်လိုအပ်သည်ဟု ဝန်ကြီးဦးစိုးထက်ကေ ပြာသည်။

“ဒီကုန်စည်စီးဆင်းမှုက ကျနော်တို့ အိန္ဒိယ အရှေ့မြောက်ဒေသမှာရှိတဲ့ ပြည်နယ် (၇) ပြည်နယ်က ကျနော်သိသလောက်ကတော့ လူဦးရေ သန်း (၄၀၀) ကျော်ရှိတယ် နည်းတဲ့ စျေးကွက်ကြီးမဟုတ်ဘူး ကျနော်တို့ဆီက ထွက်သမျှ ကုန်စည်တွေကို ရောင်းလို့ရမယ် နောက်မြန်မာပြည်နဲ့ အိန္ဒံယနိုင်ငံရဲ့ကုန်စည် စီးဆင်းလာမယ့်အတွက် ကျနော်တောင်ပေါ် ချင်းပြည်နယ်ရော ပြည်မဘက်ကရော တော်တော်ကို အကျိုးကြီးမားတဲ့ဟာပါ အိန္ဒိယကလိုချင်တဲ့ဟာတွေ ကျနော်တို့ရောင်းမယ် သူတို့ဖက်ကပိုလျံတဲ့ဟာ ကျနော်တို့ဝယ်ပေါ့ အဲလိုနဲ့ ကုန်စည်စီးဆင်းမှုကကောင်းလာမယ် စီးပွားရေးတစ်ခုတည်းမဟုတ်ဘူး သွားလာတဲ့သူတွေအတွက် ပိုပြီး လွယ်ကူသွားမယ်” ဝန်ကြီးဦးစိုးထက်ကပြောသည်။

ယခုအသစ်ဖောက်လုပ်မည့် ရိ-တီးတိန်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ်အတွက် အမေရိကန်ဒေါ်လာ သန်း (၂၀၀) ဝန်းကျင်ခန့်အသုံးပြုသွားမည်ဟုသိရသည်။

#Zawgyi

By လားႏြန္ – အိႏၵိယ-ျမန္မာနယ္စပ္ကုန္သြယ္ေရးတြင္ အဓိကအေရးပါသည့္လမ္းေၾကာင္းတစ္ခုျဖစ္ေသာ ရိ-တီးတိန္ကားလမ္းေၾကာင္း အသစ္ကို လာမည့္ ၂၀၂၁ ခုႏွစ္ကစ၍ အိႏိၵယအစိုးရ၏ အကူအညီျဖင့္ စတင္ေဖာက္လုပ္ေတာ့မည္ဟု ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ထံမွ သိရသည္။ 

ရိ- တီးတိန္ကားလမ္းေၾကာင္းသစ္ကို ႏိုင္လြန္ကတၱရာလမ္း ႏွစ္လမ္းသြားျဖင့္ ေဖာက္လုပ္မည္ျဖစ္ၿပီး ယခင္လမ္းေၾကာင္း ထက္ ႏွစ္ဆရွည္လ်ားမည္ျဖစ္ေၾကာင္း ယင္းအတြက္ကုန္က်စရိတ္အားလံုးကို အိႏိၵယအစိုးရက အကုန္က်ခံသြားမည္ဟု ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီးဦးစိုးထက္ကေျပာသည္။ 

“အခုအိႏိၵယကေန Grant နဲ႔ေဆာက္လုပ္မည့္အပိုင္းကေတာ့ သူတို႔ကေျပေျပေလးနဲ႔ လမ္းသြားလမ္းလာေကာင္းတယ္၊ လမ္းက ႏွစ္ဆျဖစ္သြားတယ္ (၆၂) မိုင္ျဖစ္သြားတယ္ အဲဒီကုန္က်စရိတ္ကေတာ့ အကုန္အိႏိၵယဘက္ကပဲကုန္က်ခံပါမယ္ အဲဒါသူမ်ားတိုင္းျပည္အကူအညီဆိုေတာ့ survey ဆင္းတယ္ အဲဒီအတြက္ကို ကုန္က်စရိတ္ ႏွစ္လမ္းသြားလုပ္မယ္ တံတားေတြအသစ္လုပ္မယ္ ဒါေပမဲ့ က်ေနာ္တို႔က်ေတာ့ ဒီလမ္းေပၚမွာရွိတဲ့ သစ္ေတာနဲ႔ဆိုင္တဲ့ဟာေတြ စိုက္ပ်ိးေရးႏွင့္ ေမြးျမဴေရးျခံေတြ အိမ္ေတြပါတဲ့ ပ်က္စီးႏိုင္တဲ့ဟာေတြအားလံုးကို က်ေနာ္တို႔အစိုးရကေလ်ာ္ေၾကးေပးရမယ္ အဲဒီအတြက္ တြက္ခ်က္တိုင္းတာၿပီးသြားၿပီ” ဟု စည္ပင္၀န္ႀကီး ဦးစိုးထက္ကျပာသည္။ 

လက္ရွိအသံုးျပဳေနသည့္ ရိ-တီးတိန္ကားလမ္းသည္ မိုင္အားျဖင့္ (၃၁ မိုင္ႏွင့္ ၅ ဖာလံု)သာရွိေသာ္လည္း ေတာင္အတ က္အဆင္းၾကမ္းၿပီး ယခုအိႏိၵယႏိုင္ငံအကူအညီျဖင့္အသစ္ေဖာက္လုပ္မည့္ ကားလမ္းအသစ္မွာ မိုင္အားျဖင့္ (၆၂ မိုင္ႏွင့္ ၄ ဖာလံု)  ႏွစ္ဆရွည္လ်ားေသာ္လည္း လမ္းေၾကာင္းေျပေျပျဖစ္သည္ဟု သိရသည္။ 

အိႏိၵယ-ျမန္မာအမွတ္ ၂ ရိ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းသည္ ခ်င္းျပည္နယ္တစ္ခုတည္းသာမကဘဲ ျမန္မာတစ္ႏုိင္ငံ လံုးအတြက္ အက်ဴိးျပဳသည့္အတြက္ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ရန္လိုအပ္သည္ဟု ၀န္ႀကီးဦးစိုးထက္ကေ ျပာသည္။ 

“ဒီကုန္စည္စီးဆင္းမႈက က်ေနာ္တို႔ အိႏိၵယ အေရွ႕ေျမာက္ေဒသမွာရွိတဲ့ ျပည္နယ္ (၇) ျပည္နယ္က က်ေနာ္သိသေလာက္ကေတာ့ လူဦးေရ သန္း (၄၀၀) ေက်ာ္ရွိတယ္ နည္းတဲ့ ေစ်းကြက္ႀကီးမဟုတ္ဘူး က်ေနာ္တို႔ဆီက ထြက္သမွ် ကုန္စည္ေတြကို ေရာင္းလို႔ရမယ္ ေနာက္ျမန္မာျပည္နဲ႔ အိႏႎၵယႏိုင္ငံရဲ႕ကုန္စည္ စီးဆင္းလာမယ့္အတြက္ က်ေနာ္ေတာင္ေပၚ ခ်င္းျပည္နယ္ေရာ ျပည္မဘက္ကေရာ ေတာ္ေတာ္ကို အက်ိဳးႀကီးမားတဲ့ဟာပါ အိႏိၵယကလိုခ်င္တဲ့ဟာေတြ က်ေနာ္တို႔ေရာင္းမယ္ သူတို႔ဖက္ကပိုလ်ံတဲ့ဟာ က်ေနာ္တို႔၀ယ္ေပါ့ အဲလိုနဲ႔  ကုန္စည္စီးဆင္းမႈကေကာင္းလာမယ္ စီးပြားေရးတစ္ခုတည္းမဟုတ္ဘူး သြားလာတဲ့သူေတြအတြက္ ပိုၿပီး လြယ္ကူသြားမယ္” ၀န္ႀကီးဦးစိုးထက္ကေျပာသည္။  

ယခုအသစ္ေဖာက္လုပ္မည့္ ရိ-တီးတိန္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းသစ္အတြက္ အေမရိကန္ေဒၚလာ သန္း (၂၀၀) ၀န္းက်င္ခန္႔အသံုးျပဳသြားမည္ဟုသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.