Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြွေတောင်သတ္တုတူးဖော်ရေး ပြန်စရန် ကျေးရွာခေါင်းဆောင်တစ်ချို့ကို ကုမ္ပဏီက စည်းရုံးနေ

မြွေတောင်သတ္တုတူးဖော်ရေး ပြန်စရန် ကျေးရွာခေါင်းဆောင်တစ်ချို့ကို ကုမ္ပဏီက စည်းရုံးနေ

0
By Editor on February 1, 2020 Headline

Zawgyi

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်တွင် သတ္တုတူးဖော်ခွင့်ရရှိနိုင်ရေးအတွက် ၀ိုင်းဝန်းထောက်ခံ ပေးကြရန် ဒေသခံကျေးရွာတစ်ချို့မှ ခေါင်းဆောင်များကို ကုမ္ပဏီတစ်ခုက စည်းရုံးမှုများပြုလုပ်နေသည်ဟု မြွေတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့ကပြောသည်။ 

အဖိုးတန်သတ္တုများထွက်ရှိသည့် မြွေတောင်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်ရန် ရန်ကုန်မြို့အခြေစိုက် မြန်မာသီဟကုမ္ပဏီမှ အစိုးရထံလျှောက်ထားရန်ပြင်ဆင်လျက်ရှိပြီး ယင်းကိစ္စပတ်သက်၍ ကုမ္ပဏီတာဝန်ရှိသူများသည် ဇန်န၀ါရလ ၂၈ ရက်နေ့က အနီးအနားကျေးရွာတစ်ချို့မှ ရွာလူကြီးများအား ခေါ်ယူတွေ့ဆုံ၍ မြွေတောင်သတ္တုတူးဖော်ရေးလုပ်ငန်းကို ၀ိုင်းဝန်းထောက်ခံပေးကြရန် စည်းရုံးခဲ့ ကြသည်ဟု မြွေတောင်ဒေသဖွံဖြိုးရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဦးမန်ဇခုပ်ကပြောသည်။ 



ထိုကဲ့သို့တွေ့ဆုံချိန်တွင် မြန်မာသီဟကုမ္ပဏီမှ မြွေတောင်သတ္တုတူးဖော်မည့်အစီစဉ် အစိုးရထံ လျှောက်ထားတင်ပြမှုအောင်မြင်လာပါက ဒေသအကျိုးပြုဖြစ်စေမည့် လမ်း၊ တံတားများ ဖောက်လုပ်တည်ဆောက်ပေးမည်ဟုပြောဆိုခဲ့ကြပြီး ကုမ္ပဏီစာအုပ်များ၊ မီးသတ်ဆေးဗူးနှင့် ငွေသားများကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်ဟု ဦးမန်ဇခုပ်ကပြောသည်။


ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်တွင် တည်ရှိသည့် မြွေတောင်အနီးပတ်ဝန်းကျင်တွင် ကျေးရွာပေါင်း (၂၀) ခန့်ရှိပြီး ယခုကုမ္ပဏီတာဝန်ရှိသူများမှ တွေ့ဆုံသည့်ကျေးရွာများမှာ ကလေးမြို့နယ်ဘက်တွင်တည်ရှိသည့်ကျေးရွာများဖြစ်သည်ဟု သိရသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ မြစိမ်းကျေးရွာ အုပ်ချူပ်ရေးမှူးဦးရှန်ပေါင်က “သူတို့ကပြောတာကတော့ တရုတ်လည်းတင်မယ် အိန္ဒိယလည်းတင်မယ်ဆိုတော့ ငါတို့လည်းတင်ချင်တယ် ခင်ဗျားတို့ထောက်ခံပေးနိုင်မလားဆိုပြီးတော့လာကြတာ ကျနော်တို့ကတော့ မထောက်ခံစရာအကြောင်းမရှိပါဘူး ကျနော်တို့ မြန်မာနိုင်ငံကလူတွေဆိုရင် ပိုပြီးမှထောက်ခံချင်တယ် လို့ပြောပြီးမှ ကျနော့်အိမ်မှာတွေ့ဆုံတာပါ အခုကတင်ပြဖို့ကို နည်းနည်းလေးကျနော်တို့ကိုလာပြောတာ ကူညီပါဆိုလို့ပါ ရမှန်းလည်းမသိဘူးမရမှန်းလည်းမသိဘူး အခုချက်ခြင်းတူးမယ့်ဟာတွေမဟုတ်ပါဘူး ဒါသူတို့တင်ပြမယ်” ဟု ပြောသည်။



Unicode

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်တွင် သတ္တုတူးဖော်ခွင့်ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းထောက်ခံ ပေးကြရန် ဒေသခံကျေးရွာတစ်ချိူ့မှ ခေါင်းဆောင်များကို ကုမ္ပဏီတစ်ခုက စည်းရုံးမှုများပြုလုပ်နေသည်ဟု မြွေတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့ကပြောသည်။ 

အဖိုးတန်သတ္တုများထွက်ရှိသည့် မြွေတောင်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်ရန် ရန်ကုန်မြို့အခြေစိုက် မြန်မာသီဟကုမ္ပဏီမှ အစိုးရထံလျှောက်ထားရန်ပြင်ဆင်လျက်ရှိပြီး ယင်းကိစ္စပတ်သက်၍ ကုမ္ပဏီတာဝန်ရှိသူများသည် ဇန်နဝါရလ ၂၈ ရက်နေ့က အနီးအနားကျေးရွာတစ်ချိူ့မှ ရွာလူကြီးများအား ခေါ်ယူတွေ့ဆုံ၍ မြွေတောင်သတ္တုတူးဖော်ရေးလုပ်ငန်းကို ဝိုင်းဝန်းထောက်ခံပေးကြရန် စည်းရုံးခဲ့ ကြသည်ဟု မြွေတောင်ဒေသဖွံဖြိုးရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဦးမန်ဇခုပ်ကပြောသည်။ 

“ ကုမ္ပဏီတာဝန်ရှိသူတွေက လာပြီးတော့ ဒီဟာကိုတူးဖော်ဖို့ သူတို့ကလျှောက်မယ်၊ လျှောက်တဲ့အခါမှာ လုပ်ကိုင်ခွင့်ကို ဒေသခံများအနေဖြင့် ထောက်ခံပေးဖို့ သဘောတူပေးဖို့လာဆွေးနွေးတယ်၊ ဒီဟာကို ပြန်လည်သွားလျှောက်မယ် ပြန်လျှောက်တဲ့အခါမှာ ကျနော်တို့ကို အားပေးပါ ထောက်ခံပေးပါ ဆုတောင်းပေးပါ ဆိုတဲ့သဘောမျိုးနဲ့ သူတို့တွေ့ဆုံစည်းရုံးတာ” ဟု ဦးမန်ဇခုပ်ကပြောသည်။

ကုမ္ပဏီတာဝန်ရှိသူများသည် မြွေတောင်အနီး ကလေးမြို့နယ်ဘက်ခြမ်း နန်းကျင်းဆောင်ကျေး ရွာအုပ်စု ကျေးရွာ (၇) ရွာမှ ရွာလူကြီးများကို မြစိမ်းကျေးရွာအုပ်ချူပ်ရေးမှူးအိမ်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ကတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ 

ထိုကဲ့သို့တွေ့ဆုံချိန်တွင် မြန်မာသီဟကုမ္ပဏီမှ မြွေတောင်သတ္တုတူးဖော်မည့်အစီစဉ် အစိုးရထံ လျှောက်ထားတင်ပြမှုအောင်မြင်လာပါက ဒေသအကျိူးပြုဖြစ်စေမည့် လမ်း၊ တံတားများ ဖောက်လုပ်တည်ဆောက်ပေးမည်ဟုပြောဆိုခဲ့ကြပြီး ကုမ္ပဏီစာအုပ်များ၊ မီးသတ်ဆေးဗူးနှင့် ငွေသားများကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်ဟု ဦးမန်ဇခုပ်ကပြောသည်။

“တကယ်လို့များသူတို့တကယ်စေတနာရှိတယ်ဆိုရင် ဒီလိုမျိုးချဉ်းကပ်မှုကမမှန်ဘူး ဒါကြောင့်မို့ ဒီလိုသွားပြီးပိုက်ဆံတွေသွားပေးတယ်ဆိုတာက နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲဆိုရင် ပိုက်ဆံရတဲ့လူတွေက ကုမ္ပဏီဘက်မှာပါသွားမယ် ကျန်တဲ့လူတွေက ဒေသခံအချင်းချင်း မီးမွှေးနိုင်တဲ့ ပြသာနာတွေဖြစ်လာနိုင်တယ် အဲဒါသူတို့ ဒေသရဲ့အကျိုးကိုလိုလားပြီးလာတာမဟုတ်ဘူး မီးမွှေးချင်လို့ ဒေသရဲ့သဘောထားကွဲလွဲအောင်လုပ်တဲ့တွေ့ဆုံမှုဖြစ်သွားတယ်” ဟု ဦးမန်ဇခုပ်ကပြောသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်တွင် တည်ရှိသည့် မြွေတောင်အနီးပတ်ဝန်းကျင်တွင် ကျေးရွာပေါင်း (၂၀) ခန့်ရှိပြီး ယခုကုမ္ပဏီတာဝန်ရှိသူများမှ တွေ့ဆုံသည့်ကျေးရွာများမှာ ကလေးမြိ်ု့နယ်ဘက်တွင်တည်ရှိသည့်ကျေးရွာများဖြစ်သည်ဟု သိရသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ မြစိမ်းကျေးရွာ အုပ်ချူပ်ရေးမှူးဦးရှန်ပေါင်က “သူတို့ကပြောတာကတော့ တရုတ်လည်းတင်မယ် အိန္ဒိယလည်းတင်မယ်ဆိုတော့ ငါတို့လည်းတင်ချင်တယ် ခင်ဗျားတို့ထောက်ခံပေးနိုင်မလားဆိုပြီးတော့လာကြတာ ကျနော်တို့ကတော့ မထောက်ခံစရာအကြောင်းမရှိပါဘူး ကျနော်တို့ မြန်မာနိ်ုင်ငံကလူတွေဆိုရင် ပိုပြီးမှထောက်ခံချင်တယ် လို့ပြောပြီးမှ ကျနော့်အိမ်မှာတွေ့ဆုံတာပါ အခုကတင်ပြဖို့ကို နည်းနည်းလေးကျနော်တို့ကိုလာပြောတာ ကူညီပါဆိုလို့ပါ ရမှန်းလည်းမသိဘူးမရမှန်းလည်းမသိဘူး အခုချက်ခြင်းတူးမယ့်ဟာတွေမဟုတ်ပါဘူး ဒါသူတို့တင်ပြမယ်” ဟု ပြောသည်။

မြွေတောင် သတ္တုတူးဖော်ရေး စီမံကိန်းနှင့်ပတ်သက်၍ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စီမံကိန်းဆောင်ရွက်ရန် တရုတ်အခြေစိုက် North Mining Investment Company (NMIC) ကုမ္ပဏီ လုပ်ငန်းစုနှင့် အစိုးရအကြား သဘောတူညီမှု ရရှိခဲ့သော်လည်း အရပ်ဖက်အဖွဲ့အစည်းများ၊ ချင်းနိုင်ငံရေးပါတီများ၏ ကန့်ကွက်မှုများကြောင့် ၂၀၁၃ ခုနှစ်တွင် စီမံကိန်း ဆိုင်းငံ့ခဲ့သည်။ 

North Mining Investment Co.,Ltd.၏ စမ်းသပ်လေ့လာတွေ့ရှိချက်အရ မြွေတောင်ဒေသတွင် သတ္တုသိုက်ပမာဏ(၄၂)သန်းတန်ခန့်ရှိပြီး နီကယ် (၁ ဒသမ ၃၇) ရာခိုင်နှုန်း၊ သံ(၁၆ ဒသမ ၃၂) ရာခိုင်နှုန်း၊ ခရိုမီယမ် (သုည ဒသမ ၈၈)ရာခိုင်နှုန်း၊ ကယ်စီယမ် အောက်ဆိုက် (သုည ဒသမ ၇၂) ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ်အောက်ဆိုက်(၂၁ ဒသမ ၇၂)ရာခိုင်နှုန်း၊ အလူမီနီယမ်အောက်ဆိုက် (၂ ဒသမ ၈၇)ရာခိုင်နှုန်း၊ ဆီလီကာ (၃၉ ဒသမ ၄၆) ရာခိုင်နှုန်း၊ ကာဗွန် (သုည ဒသမ ၅၄)ရာခိုင်နှုန်းနှင့် ဆာလ်ဖာ (သုည ဒသမ ဝ၄၄) ရာခိုင်နှုန်းထွက်ရှိနိုင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း မရာပြည်သူ အမျိုးသား၊ အမျိုးသမီးအားလုံး စစ်မှုထမ်းရမည်ဟု MTC/ MDF ကြေညာ

တော်လှန်ရေးလုပ်ငန်းများ အနှောက်အယှက်ပြုသော Non- CDM များကို အရေးယူမည်ဟု တီးတိန်မြို့ပညာရေးဘုတ်အဖွဲ့ ကြေညာ

မင်းတပ်မြို့ပေါ် မော်တော်ယာဉ်စည်းကမ်းများ ပြဌာန်းလိုက်ကြောင်း မင်းတပ်ပအဖ ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.