Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ျပည္နယ္အစိုးရအဖြဲ႔က ခြင့္မျပဳသျဖင့္ ခ်င္းအမ်ဴိးသားညီညြတ္ေရးေဆြးေႏြးပြဲ ဖ်က္သိမ္း

ျပည္နယ္အစိုးရအဖြဲ႔က ခြင့္မျပဳသျဖင့္ ခ်င္းအမ်ဴိးသားညီညြတ္ေရးေဆြးေႏြးပြဲ ဖ်က္သိမ္း

0
By Editor on January 29, 2020 Headline

Zawgyi

ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္မွၾကီးမွဴးက်င္းပမည့္ ခ်င္းအမ်ိဳးသားမ်ား ပိုမိုညီညႊတ္ျငိမ္းခ်မ္းေရးဆိုင္ရာ ဒုတိယအၾကိမ္ အလြတ္သေဘာေတြ႕ဆံု ေဆြးေႏြးပြဲကို ခ်င္းျပည္နယ္အစိုးရအဖြဲ႔က က်င္းပခြင့့္မျပဳသျဖင့္ ယေန႔တြင္ျပန္လည္ဖ်က္သိမ္း လိုက္ၾကသည္။

အဆိုပါ ေတြ႔ဆံုေႏြးပြဲကို ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ အေရွ႕ျပင္ရပ္ကြက္ရိွ ထြဋ္ေခါင္ၾကီးဟိုတယ္တြင္ ယေန႔ ဇန္န၀ါရီလ ၂၉ ရက္မွ ၃၀ ရက္ေန႔အထိ (၂) ရက္တာက်င္းပျပဳလုပ္ရန္စီစဥ္ထားခဲ့ၾကေသာ္လည္း ခ်င္းျပည္န ယ္အစုိးရအဖြဲ႔က ခြင့္ျပဳမိန္႔မေပးသည့္အတြက္ ျပန္လည္ဖ်က္သိမ္းခဲ့ၾကျခင္းျဖစ္သည္ဟု ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဴပ္ အေထြေထြအတြင္းေရးမွဴး သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ေလာဟာလိန္းကေျပာသည္။

ယခုကဲ့သို႔ ျပန္လည္ဖ်က္သိမ္းရသည့္ကိစၥႏွင့္ပတ္သက္၍ ယေန႔မြန္းလြဲပိုင္း ၁ နာရီခြဲတြင္ မင္းတပ္ၿမိဳ႕နွစ္ျခင္းခရစ္ယာန္ဘု ရားေက်ာင္းတြင္ ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဴပ္က သတင္းစာရွင္းလင္းပြဲတစ္ရပ္ျပဳလုပ္ခဲ့ၾကသည္။

သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာ ေလာဟာလိန္းက “ပထမကေတာ့ CNF ပါလို႔ရွိရင္ ခြင့္မျပဳဘူးလို႔ေျပာတဲ့အတြက္ေၾကာင့္ NRPC ရဲ့ခြင့္ျပဳခ်က္မရရွိရင္ CNF ကိုခြင့္မျပဳႏိုင္ဘူးလို႔ေျပာတဲ့အတြက္ေၾကာင့္ ဒါေၾကာင့္ CNF ကိုလည္းက်ေနာ္တို႔ေျပာတယ္ NRPC ရဲ့ခြင့္ျပဳခ်က္ မရေသးတဲ့အတြက္ေၾကာင့္ မတက္ဖို႔ေျပာတယ္ သူတို႔ကလည္းမတက္ဘူးလို႔ေျပာတယ္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီဆီမွာလည္း NRPC ရဲ့ တရား၀င္ခြင့္ျပဳခ်က္မရေသးတဲ့အတြက္ေၾကာင့္ သူတို႔တက္မွာမဟုတ္ဘူးဆိုၿပီး က်ေနာ္လက္မွတ္ျပန္ထုိးတယ္ ဒါေပမယ့္ CNF က NRPC မွာ ခြင့္ျပဳခ်က္တင္ျပဆဲျဖစ္တဲ့အတြက္ေၾကာင့္ ဒီေတြ႔ဆံုပြဲကိုခြင့္မျပဳဘူးဆိုၿပီးေတာ့ ျပည္နယ္၀န္ႀကီးခ်ဴပ္ရဲ့ ညြန္ၾကားခ်က္နဲ႔သူတုိ႔ပိတ္လိုက္တာပါ’’ ဟုကေျပာသည္။

ထိုေဆြးေႏြးပြဲသို႔ ခ်င္းအမ်ဴိးသားတပ္ဦးကိုယ္စားလွယ္မ်ား ပါ၀င္တက္ေရာက္မည္မဟုတ္ေၾကာင္း ကတိ၀န္ခံခ်က္ထိုးၿပီး ျပန္လည္တင္ျပခဲ့ေသာ္လည္း ေတြ႔ဆံုေဆြးေႏြးပြဲမက်င္းပမည္ တစ္ရက္အလိုဇန္န၀ါရီလ ၂၈ ရက္ေန႔စြဲျဖင့္ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ကိုယ္စားျဖင့္ မင္းတပ္ၿမိဳ႕စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ ဦးစိုးလြင္က ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဴပ္ထံ သို႔ အေၾကာင္းၾကားခဲ့သည္ဟု သိရသည္။

မင္းတပ္ၿမိဳ႕ စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ၏ အေၾကာင္းၾကားစာထဲတြင္ ခ်င္းအမ်ိဳးသားတပ္ဦး (CNF) အဖြဲ႕မွ ကိုယ္စားလွယ္ (၈) ဦးတက္ေရာက္မည့္ကိစၥႏွင့္စပ္လ်ဥ္း၍ (NRPC) ၏ ခြင့္ျပဳခ်က္မရရွိေသးမီ (CNF) ကိုယ္စားလွယ္ပါ၀င္တက္ေရာက္ခြင့္၊ ေတြ႔ဆံုေဆြးေႏြးပြဲက်င္းပ ခြင့္မျပဳႏုိင္ေၾကာင္းေဖာ္ျပထားသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ေျပာခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီး ဦးစိုးထက္က “ျပည္နယ္အစိုးရက ခြင့္မျပဳတာမဟုတ္ဘူး အယူအဆက နည္းနည္းလြဲေနတာ ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဴပ္ကေနလုပ္မယ့္ပြဲဆိုၿပီး သူတို႔ကတင္လာတယ္ တက္ေရာက္မယ့္အထဲမွာ CNF က ၈ ေယာက္တက္မယ္ဆိုၿပီးပါတယ္ CNF က အခမ္းအနားတက္ၿပီးေတာ့ ေဆြးေႏြးမယ္ဆိုရင္ျပည္နယ္အစိုးရကခြင့္ျပဳခ်က္ ေပးလို႔မရဘဲနဲ႔ NRPC ကိုတင္ရတယ္ NRPC က ခုခ်ိန္ထိခြင့္မျပဳဘူး CNF မပါေတာ့ဘူးဆိုတဲ့ခ်ိန္မွာ ဒီေန႔မနက္ ၈ နာေက်ာ္ေလာက္မွာ CNF မပါေတာ့ဘူးဆိုရင္ခြင့္ျပဳတယ္ ခြင့္ျပဳလုိက္ေပမယ့္ ဒီဘက္မွာက သတင္းစာရွင္းလင္းပြဲလုပ္တဲ့ ဟာျဖစ္သြားတာေပါ့ေနာ္’’ ဟု ေျပာသည္။

အမ်ဴိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ားႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားျပဳလုပ္ရန္ အစိုးရမွဖြဲ႔စည္းထားသည့္အဖြဲ႔ျဖစ္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ဥကၠဌတာ၀န္ယူထားသည္။

ခ်င္းအမ်ဴိးသားတပ္ဦး(CNF) လက္ေထာက္အေထြေထြအတြင္းေရးမွဴး(၁) ေဒါက္တာေရႊခါးကေတာ့ CNF သည္ တစ္ႏုိင္ငံလံုးပစ္ခတ္တိုက္ခတ္မႈရပ္စဲေရးသေဘာတူစာခ်ဴပ္ (NCA) လက္မွတ္ေရးထုိး ထားသည့္ အဖြဲ႔အစည္းျဖစ္သည္ႏွင့္အညီ တစ္ႏုိင္ငံလံုးတြင္ လြတ္လပ္စြာသြားလာခြင့္ရွိသကဲ့သို႔ လူထုႏွင့္လည္းလြတ္လပ္ စြာေတြ႔ဆံုခြင့္ရွိသည္ဟုေထာက္ျပသည္။

“က်ေနာ္တို႔ NCA ႏွစ္ဖက္သေဘာတူညီခ်က္ကိုၾကည့္လို႔ရွိရင္ CNF အေနနဲ႔ တစ္ႏုိင္ငံလံုးကိုလြတ္လြတ္လပ္လပ္သြားခြင့္ရွိတယ္ လူထုေတြနဲ႔လည္းလြတ္လြတ္လပ္လပ္ေတြ႔ခြင့္ရွိတယ္ ဒီလိုမ်ဴိးအစည္းအေ၀းကိုလည္း လြတ္လြတ္လပ္လပ္တက္ခြင့္ရွိပါတယ္ က်ေနာ္တို႔ရဲ့ Rights (အခြင့္အေရး) ျဖစ္ေပမယ့္ NRPC ကို အသိေပးအေၾကာင္းၾကားပါတယ္ က်ေနာ္တို႔တရား၀င္စာပို႔ၿပီးအေၾကာင္းၾကားေပမယ့္ အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ က်ေနာ္တို႔ကို တက္ခြင့္မေပးဘူးဆိုရင္လည္း စာနဲ႔ေပနဲ႔ အေၾကာင္းၾကားရမွာျဖစ္ပါတယ္ ဘာေၾကာင့္ခြင့္မျပဳသလည္းဆုိတဲ့ဟာကိုလည္း ေရးသားရမွာျဖစ္ပါတယ္ ဒီေန႔အထိ NRPC ကေန က်ေနာ္တို႔အေၾကာင္းျပန္တဲ့စာမရေသးပါဘူး’’ ဟု ေဒါက္တာေရႊခါးက ေျပာသည္။

ဆက္လက္ၿပီးသူက “ က်ေနာ္တို႔ဒီပြဲကို အရမ္းျဖစ္ေစခ်င္တယ္ က်ေနာ္တို႔ကိုမတက္ေစခ်င္ရင္လည္း မတက္ဖို႔က်ေနာ္တို႔ဆံုးျဖတ္ထားၿပီးသားပါ၊ ဒီလိုမ်ဴိးအေရးႀကီးတဲ့ ခ်င္းတစ္မ်ဴိးသားလံုး ခ်င္းျပည္နယ္တနံတလ်ားကေနလာမယ့္ အစည္းအေ၀းက်င္းပမယ့္ကိစၥ ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဴပ္ႀကီး ဘယ္သူေတြဖိတ္မလဲဆုိတဲ့ဟာကို စာရင္းနဲ႔အတိအက်ေပးထားတဲ့ဟာကို အစိုးရတရပ္အေနနဲ႔ ခ်င္းျပည္နယ္အေျခအေနကို ေကာင္းေကာင္းသိဖို႔နားလည္ဖို႔ေကာင္းတယ္ ဒီလိုမ်ဴိးအေရးႀကီးတဲ့အစည္းအေ၀းကို က်င္းပေရးအဖြဲ႔ကလည္း တစ္လႀကိဳတင္ၿပီးအေၾကာင္းၾကားတယ္ ခြင့္ျပဳမိန္႔ေပးမယ္မေပးဘူးဆိုတဲ့ဟာကို အနည္းဆံုး တစ္ပတ္ႀကိဳတင္ၿပီးေတာ့ အေၾကာင္းၾကားသင့္တယ္ ကတိေတြအမ်ဴိးမ်ဴိးေတာင္းၿပီးမွ ေနာက္ဆံုးၾကေတာ့မေပးဘူး အဲဒါမ်ဴိးကမလုပ္သင့္တဲ့ကိစၥ အဲဒါမ်ဴိးနဲ႔လူထုကိုမႏွိပ္စက္သင့္ဘူး’’ ဟု ေျပာသည္။

ခ်င္းႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္၏ ဦးေဆာင္မႈျဖင့္ ပထမအႀကိမ္ ခ်င္းညီညြတ္ေရးေဆြးေႏြးပြဲကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၁၇ မွ ၁၈ ရက္အထိ ဖလမ္းၿမိဳ႕တြင္ ျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳမိန္ျဖင့္ က်င္းပခဲ့ၾကၿပီး ထိုေဆြးေႏြးပြဲတြင္ (CNF) ကိုယ္စားလွယ္မ်ားလည္း ပါ၀င္တက္ေရာက္ခဲ့ၾကသည္။

ယခုဒုတိယအႀကိမ္ျပဳလုပ္မည့္ ခ်င္းညီညြတ္ေရးေဆြးေႏြးပြဲတြင္ ခ်င္းျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ျပင္မမွ ပါ၀င္သင့္ ပါ၀င္ထုိက္သူမ်ား၊ ခ်င္းျပည္နယ္အတြင္းရွိ ႏုိင္ငံေရးပါတီေခါင္းေဆာင္မ်ား၊ ခ်င္းျပည္နယ္ျပင္ပရွိ ခ်င္းႏုိင္ငံေရးေခါင္းေဆာင္မ်ား၊ အရပ္ဖက္လူမႈအဖြဲ႔အစည္းအသီးသီးမွ ကိုယ္စားလွယ္မ်ား ဘာသာေရးေခါင္းေဆာင္မ်ား စုစုေပါင္း ကိုယ္စားလွယ္ (၁၅၀) ခန္႔ပါ၀င္တက္ေရာက္ၾကရန္ျဖစ္သည္။

Unicode

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှကြီးမှူးကျင်းပမည့် ချင်းအမျိုးသားများ ပိုမိုညီညွှတ်ငြိမ်းချမ်းရေးဆိုင်ရာ ဒုတိယအကြိမ် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲကို ချင်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပခွင့်မပြုသဖြင့် ယနေ့တွင်ပြန်လည်ဖျက်သိမ်း လိုက်ကြသည်။

အဆိုပါ တွေ့ဆုံနွေးပွဲကို ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်ရှိ ထွဋ်ခေါင်ကြီးဟိုတယ်တွင် ယနေ့ ဇန်နဝါရီလ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ (၂) ရက်တာကျင်းပပြုလုပ်ရန်စီစဉ်ထားခဲ့ကြသော်လည်း ချင်းပြည်န ယ်အစိုးရအဖွဲ့က ခွင့်ပြုမိန့်မပေးသည့်အတွက် ပြန်လည်ဖျက်သိမ်းခဲ့ကြခြင်းဖြစ်သည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ လောဟာလိန်းကပြောသည်။

ယခုကဲ့သို့ ပြန်လည်ဖျက်သိမ်းရသည့်ကိစ္စနှင့်ပတ်သက်၍ ယနေ့မွန်းလွဲပိုင်း ၁ နာရီခွဲတွင် မင်းတပ်မြို့နှစ်ခြင်းခရစ်ယာန်ဘု ရားကျောင်းတွင် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်က သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

သိက္ခာတော်ရဆရာတော် ဒေါက်တာ လောဟာလိန်းက “ပထမကတော့ CNF ပါလို့ရှိရင် ခွင့်မပြုဘူးလို့ပြောတဲ့အတွက်ကြောင့် NRPC ရဲ့ခွင့်ပြုချက်မရရှိရင် CNF ကိုခွင့်မပြုနိုင်ဘူးလို့ပြောတဲ့အတွက်ကြောင့် ဒါကြောင့် CNF ကိုလည်းကျနော်တို့ပြောတယ် NRPC ရဲ့ခွင့်ပြုချက် မရသေးတဲ့အတွက်ကြောင့် မတက်ဖို့ပြောတယ် သူတို့ကလည်းမတက်ဘူးလို့ပြောတယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဆီမှာလည်း NRPC ရဲ့ တရားဝင်ခွင့်ပြုချက်မရသေးတဲ့အတွက်ကြောင့် သူတို့တက်မှာမဟုတ်ဘူးဆိုပြီး ကျနော်လက်မှတ်ပြန်ထိုးတယ် ဒါပေမယ့် CNF က NRPC မှာ ခွင့်ပြုချက်တင်ပြဆဲဖြစ်တဲ့အတွက်ကြောင့် ဒီတွေ့ဆုံပွဲကိုခွင့်မပြုဘူးဆိုပြီးတော့ ပြည်နယ်ဝန်ကြီးချူပ်ရဲ့ ညွန်ကြားချက်နဲ့သူတို့ပိတ်လိုက်တာပါ’’ ဟုကပြောသည်။

ထိုဆွေးနွေးပွဲသို့ ချင်းအမျိူးသားတပ်ဦးကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း ကတိဝန်ခံချက်ထိုးပြီး ပြန်လည်တင်ပြခဲ့သော်လည်း တွေ့ဆုံဆွေးနွေးပွဲမကျင်းပမည် တစ်ရက်အလိုဇန်နဝါရီလ ၂၈ ရက်နေ့စွဲဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စားဖြင့် မင်းတပ်မြို့စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစိုးလွင်က ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်ထံ သို့ အကြောင်းကြားခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၏ အကြောင်းကြားစာထဲတွင် ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတက်ရောက်မည့်ကိစ္စနှင့်စပ်လျဉ်း၍ (NRPC) ၏ ခွင့်ပြုချက်မရရှိသေးမီ (CNF) ကိုယ်စားလှယ်ပါဝင်တက်ရောက်ခွင့်၊ တွေ့ဆုံဆွေးနွေးပွဲကျင်းပ ခွင့်မပြုနိုင်ကြောင်းဖော်ပြထားသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပြည်နယ်အစိုးရက ခွင့်မပြုတာမဟုတ်ဘူး အယူအဆက နည်းနည်းလွဲနေတာ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်ကနေလုပ်မယ့်ပွဲဆိုပြီး သူတို့ကတင်လာတယ် တက်ရောက်မယ့်အထဲမှာ CNF က ၈ ယောက်တက်မယ်ဆိုပြီးပါတယ် CNF က အခမ်းအနားတက်ပြီးတော့ ဆွေးနွေးမယ်ဆိုရင်ပြည်နယ်အစိုးရကခွင့်ပြုချက် ပေးလို့မရဘဲနဲ့ NRPC ကိုတင်ရတယ် NRPC က ခုချိန်ထိခွင့်မပြုဘူး CNF မပါတော့ဘူးဆိုတဲ့ချိန်မှာ ဒီနေ့မနက် ၈ နာကျော်လောက်မှာ CNF မပါတော့ဘူးဆိုရင်ခွင့်ပြုတယ် ခွင့်ပြုလိုက်ပေမယ့် ဒီဘက်မှာက သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဟာဖြစ်သွားတာပေါ့နော်’’ ဟု ပြောသည်။

အမျိူးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန် အစိုးရမှဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌတာဝန်ယူထားသည်။

ချင်းအမျိူးသားတပ်ဦး(CNF) လက်ထောက်အထွေထွေအတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးကတော့ CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချူပ် (NCA) လက်မှတ်ရေးထိုး ထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ တစ်နိုင်ငံလုံးတွင် လွတ်လပ်စွာသွားလာခွင့်ရှိသကဲ့သို့ လူထုနှင့်လည်းလွတ်လပ် စွာတွေ့ဆုံခွင့်ရှိသည်ဟုထောက်ပြသည်။

“ကျနော်တို့ NCA နှစ်ဖက်သဘောတူညီချက်ကိုကြည့်လို့ရှိရင် CNF အနေနဲ့ တစ်နိုင်ငံလုံးကိုလွတ်လွတ်လပ်လပ်သွားခွင့်ရှိတယ် လူထုတွေနဲ့လည်းလွတ်လွတ်လပ်လပ်တွေ့ခွင့်ရှိတယ် ဒီလိုမျိူးအစည်းအဝေးကိုလည်း လွတ်လွတ်လပ်လပ်တက်ခွင့်ရှိပါတယ် ကျနော်တို့ရဲ့ Rights (အခွင့်အရေး) ဖြစ်ပေမယ့် NRPC ကို အသိပေးအကြောင်းကြားပါတယ် ကျနော်တို့တရားဝင်စာပို့ပြီးအကြောင်းကြားပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် ကျနော်တို့ကို တက်ခွင့်မပေးဘူးဆိုရင်လည်း စာနဲ့ပေနဲ့ အကြောင်းကြားရမှာဖြစ်ပါတယ် ဘာကြောင့်ခွင့်မပြုသလည်းဆိုတဲ့ဟာကိုလည်း ရေးသားရမှာဖြစ်ပါတယ် ဒီနေ့အထိ NRPC ကနေ ကျနော်တို့အကြောင်းပြန်တဲ့စာမရသေးပါဘူး’’ ဟု ဒေါက်တာရွှေခါးက ပြောသည်။

ဆက်လက်ပြီးသူက “ ကျနော်တို့ဒီပွဲကို အရမ်းဖြစ်စေချင်တယ် ကျနော်တို့ကိုမတက်စေချင်ရင်လည်း မတက်ဖို့ကျနော်တို့ဆုံးဖြတ်ထားပြီးသားပါ၊ ဒီလိုမျိူးအရေးကြီးတဲ့ ချင်းတစ်မျိူးသားလုံး ချင်းပြည်နယ်တနံတလျားကနေလာမယ့် အစည်းအဝေးကျင်းပမယ့်ကိစ္စ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်ကြီး ဘယ်သူတွေဖိတ်မလဲဆိုတဲ့ဟာကို စာရင်းနဲ့အတိအကျပေးထားတဲ့ဟာကို အစိုးရတရပ်အနေနဲ့ ချင်းပြည်နယ်အခြေအနေကို ကောင်းကောင်းသိဖို့နားလည်ဖို့ကောင်းတယ် ဒီလိုမျိူးအရေးကြီးတဲ့အစည်းအဝေးကို ကျင်းပရေးအဖွဲ့ကလည်း တစ်လကြိုတင်ပြီးအကြောင်းကြားတယ် ခွင့်ပြုမိန့်ပေးမယ်မပေးဘူးဆိုတဲ့ဟာကို အနည်းဆုံး တစ်ပတ်ကြိုတင်ပြီးတော့ အကြောင်းကြားသင့်တယ် ကတိတွေအမျိူးမျိူးတောင်းပြီးမှ နောက်ဆုံးကြတော့မပေးဘူး အဲဒါမျိူးကမလုပ်သင့်တဲ့ကိစ္စ အဲဒါမျိူးနဲ့လူထုကိုမနှိပ်စက်သင့်ဘူး’’ ဟု ပြောသည်။

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ပထမအကြိမ် ချင်းညီညွတ်ရေးဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၇ မှ ၁၈ ရက်အထိ ဖလမ်းမြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုမိန်ဖြင့် ကျင်းပခဲ့ကြပြီး ထိုဆွေးနွေးပွဲတွင် (CNF) ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

ယခုဒုတိယအကြိမ်ပြုလုပ်မည့် ချင်းညီညွတ်ရေးဆွေးနွေးပွဲတွင် ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်မမှ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ ချင်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ချင်းပြည်နယ်ပြင်ပရှိ ချင်းနိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ဘာသာရေးခေါင်းဆောင်များ စုစုပေါင်း ကိုယ်စားလှယ် (၁၅၀) ခန့်ပါဝင်တက်ရောက်ကြရန်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.