#Unicode
By Benezer – ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီအနိုင်ရရှိပါက ပြည်သူလူထုမျှော်မှန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ဆက်လက်ရုန်းကန်သွားမည်ဟု ကလေးမြို့ နယ် NLD ပါတီဥက္ကဌလည်းဖြစ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ရှားမီး(ခ) ဒေါ်အေးအေးမူက ပြောသည်။
“၂၀၂၀ မှာ ကျမကိုဆက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ ပြည်သူလူထုက သူတို့ရဲ့ တန်ဖိုးရှိတဲ့ ဆန္ဒမဲနဲ့ ကျမတို့ကို ဆက်ပြီးတော့ ခိုင်းစေမယ်ဆိုလို့ရှိရင် ကလေးမြို့ကို ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် ပြည်သူလူထုအတွက် လုံခြုံမှုရှိတဲ့ ဉပဒေတွေ ကျမတို့ NLD ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ပန်းတိုင်ဖြစ်တဲ့ ၂၀၀၈ အခြေခံဉပေဒ ပြင်ဆင်ရေးအတွက် လွှတ်တော် ကနေထမ်းဆောင်သွားဖို့ ရှိပါတယ်၊ ပါတီရဲ့လမ်းညွှန်ချက်အတိုင်း တသွေမတိမ်းလိုက်နာပြီးတော့ ပြည်သူလူထု အလိုအပ်ဆုံးဖြစ်တဲ့ ၂၀၀၈ ပြင်ဆင်ရေးအတွက်လည်း ကျမတို့ ဆက်လက်ရုန်းကန်မယ်၊ ဒေသရဲ့ဖွံ့ဖြိုးရေးကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်ဖို့အားယူနေပါတယ်” ဟု လက်ရှိ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ရှားမီးကပြောသည်။
နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ကလေးမြို့နယ် မဲဆန္ဒနယ်မြေအသီးသီး မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် သတင်းမီးဒီယယာများတွေ့ဆုံပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့ကပြုလုပ်ခဲ့စဉ် ဒေါ်ရှားမီးက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် အမျိူးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (၂) နေရာ နှင့် ချင်းတိုင်းရင်းသားရေး၀န်ကြီးနေရာအတွက် နိုင်ငံရေးပါတီပါတီ (၁၉) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၁) ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်များအနေဖြင့် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်သော စည်းကမ်းသတ်မှတ်ချက်နှင့်အညီ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးလျက်ရှိသော်လည်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု ပိုမိုမြင့်တက်လာပါက မဲဆွယ်စည်းရုံးရေးကို ရပ်ဆိုင်းသင့်ရင် ရပ်ဆိုင်းသွားမည်ဟု တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်သန့်ဝေကျော်ကပြောသည်။
“ကျမတို့ မဲဆွယ်စည်းရုံးတဲ့အခါမှာ လူဉီးရေ ၅၀ လို့ သတ်မှတ်ထားပေမယ့် ဘယ်တော့မှ ၅၀ မပြည့်အောင် သတိထားတယ်၊ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေအကွာ နေလို့ရတဲ့ နေရာမှန်သမျှတော့ ခပ်ခွာခွာနေပါတယ်၊ ပထမ တစ်ပတ်ကို Door to Door စည်းရုံးရေး ဆင်းဖို့ ဆွဲထားတယ်၊ ဒါပေမယ် ၉ ရက်နေ့မှာဘဲ အခြေအနေကပြောင်းသွားတယ်၊ Positive တစ်ယောက်တွေ့တဲ့သတင်းရတော့ ကျမတို့ ခရီးစဉ်ကိုတစ်မျိုးပြောင်းသင့်ပြီလားဆိုတာလည်း နေ့တိုင်းဆွေးနွေးတယ်၊ ဒါပေမယ့် လည်း မြို့ရဲ့အခြေအနေဟာ Postivie လူနာ ဒီထက်ပိုများလာခဲ့လို့ရှိရင် လုံးဝရပ်ဆိုင်းလိုက်မှာဖြစ်ပါတယ်” ဟု ဒေါ်သန့်ဝေကျော်ကပြောသည်။
အမျိုးသားဒီမိုကရေစီပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကလေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်အတွက် ဒေါ်ရှားမီး (ခ) ဒေါ်အေးအေးမူ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ဦးကိုကိုနိုင်၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) အတွက် ဒေါ်သန့်ဝေကျော်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) အတွက် ဦးဘွဲဟုပ်ထန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာအတွက် ဒေါ်လာလ်ရင်မွန်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
#Zawgyi
By Benezer – ၂၀၂၀ ခုႏွစ္ပါတီစုံအေထြေထြေရြးေကာက္ပြဲတြင္ အမ်ိဴးသားဒီမိုကေရစီအဖြဲ႕ခ်ဴပ္(NLD) ပါတီအနိုင္ရရွိပါက ျပည္သူလူထုေမၽွာ္မွန္းထားသည့္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္နိုင္ေရးအတြက္ ဆက္လက္႐ုန္းကန္သြားမည္ဟု ကေလးၿမိဳ႕ နယ္ NLD ပါတီဥကၠဌလည္းျဖစ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚရွားမီး(ခ) ေဒၚေအးေအးမူက ေျပာသည္။
“၂၀၂၀ မွာ က်မကိုဆက္ၿပီးေတာ့ တာဝန္ထမ္းေဆာင္ဖို႔ ျပည္သူလူထုက သူတို႔ရဲ့ တန္ဖိုးရွိတဲ့ ဆႏၵမဲနဲ႔ က်မတို႔ကို ဆက္ၿပီးေတာ့ ခိုင္းေစမယ္ဆိုလို႔ရွိရင္ ကေလးၿမိဳ႕ကို ဒီထက္မက ဖြံ့ၿဖိဳးတိုးတက္ေအာင္ ျပည္သူလူထုအတြက္ လုံျခဳံမႈရွိတဲ့ ဉပေဒေတြ က်မတို႔ NLD ရဲ့ေမၽွာ္လင့္ခ်က္ျဖစ္တဲ့ ပန္းတိုင္ျဖစ္တဲ့ ၂၀၀၈ အေျခခံဉေပဒ ျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ ကေနထမ္းေဆာင္သြားဖို႔ ရွိပါတယ္၊ ပါတီရဲ့လမ္းညႊန္ခ်က္အတိုင္း တေသြမတိမ္းလိုက္နာၿပီးေတာ့ ျပည္သူလူထု အလိုအပ္ဆုံးျဖစ္တဲ့ ၂၀၀၈ ျပင္ဆင္ေရးအတြက္လည္း က်မတို႔ ဆက္လက္႐ုန္းကန္မယ္၊ ေဒသရဲ့ဖြံ့ၿဖိဳးေရးကိုလည္း စြမ္းစြမ္းတမံေဆာင္ရြက္ဖို႔အားယူေနပါတယ္” ဟု လက္ရွိ ကေလးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚရွားမီးကေျပာသည္။
နို၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ကေလးၿမိဳ႕နယ္ မဲဆႏၵနယ္ေျမအသီးသီး မွ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ သတင္းမီးဒီယယာမ်ားေတြ႕ဆုံပြဲကို စက္တင္ဘာလ ၁၄ ရက္ေန႔ကျပဳလုပ္ခဲ့စဥ္ ေဒၚရွားမီးက ထိုကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
စစ္ကိုင္းတိုင္းေဒသႀကီး ကေလးခရိုင္တြင္ အမ်ိဴးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ (၂) ေနရာ ႏွင့္ ခ်င္းတိုင္းရင္းသားေရး၀န္ႀကီးေနရာအတြက္ နိုင္ငံေရးပါတီပါတီ (၁၉) ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၆၁) ဦးတို႔ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။
NLD ပါတီလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္မ်ားအေနျဖင့္ က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ေသာ စည္းကမ္းသတ္မွတ္ခ်က္ႏွင့္အညီ တစ္အိမ္တက္ဆင္း မဲဆြယ္စည္း႐ုံးလ်က္ရွိေသာ္လည္း ျမန္မာနိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ျပည္တြင္းကူးစက္မႈ ပိုမိုျမင့္တက္လာပါက မဲဆြယ္စည္း႐ုံးေရးကို ရပ္ဆိုင္းသင့္ရင္ ရပ္ဆိုင္းသြားမည္ဟု တိုင္းေဒသႀကီး လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၁) မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ေဒၚသန႔္ေဝေက်ာ္ကေျပာသည္။
“က်မတို႔ မဲဆြယ္စည္း႐ုံးတဲ့အခါမွာ လူဉီးေရ ၅၀ လို႔ သတ္မွတ္ထားေပမယ့္ ဘယ္ေတာ့မွ ၅၀ မျပည့္ေအာင္ သတိထားတယ္၊ ၿပီးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ၆ ေပအကြာ ေနလို႔ရတဲ့ ေနရာမွန္သမၽွေတာ့ ခပ္ခြာခြာေနပါတယ္၊ ပထမ တစ္ပတ္ကို Door to Door စည္း႐ုံးေရး ဆင္းဖို႔ ဆြဲထားတယ္၊ ဒါေပမယ္ ၉ ရက္ေန႔မွာဘဲ အေျခအေနကေျပာင္းသြားတယ္၊ Positive တစ္ေယာက္ေတြ႕တဲ့သတင္းရေတာ့ က်မတို႔ ခရီးစဥ္ကိုတစ္မ်ိဳးေျပာင္းသင့္ၿပီလားဆိုတာလည္း ေန႔တိုင္းေဆြးေႏြးတယ္၊ ဒါေပမယ့္ လည္း ၿမိဳ႕ရဲ့အေျခအေနဟာ Postivie လူနာ ဒီထက္ပိုမ်ားလာခဲ့လို႔ရွိရင္ လုံးဝရပ္ဆိုင္းလိုက္မွာျဖစ္ပါတယ္” ဟု ေဒၚသန႔္ေဝေက်ာ္ကေျပာသည္။
အမ်ိဳးသားဒီမိုကေရစီပါတီအေနျဖင့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ကေလးၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မဲဆႏၵနယ္အတြက္ ေဒၚရွားမီး (ခ) ေဒၚေအးေအးမူ၊ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္အတြက္ ဦးကိုကိုနိုင္၊ တိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ (၁) အတြက္ ေဒၚသန႔္ေဝေက်ာ္၊ တိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ (၂) အတြက္ ဦးဘြဲဟုပ္ထန္း၊ စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းတိုင္းရင္းသားေရးရာအတြက္ ေဒၚလာလ္ရင္မြန္တို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။