• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မြန်မာ့တပ်မတော်မှ ဆန်တင်ပို့မှုကန့်သတ်ခြင်းကြောင့် ပလက်ဝမြို့နယ်ဒေသခံများ အခက်ကြုံနေကြရဆဲ

မြန်မာ့တပ်မတော်မှ ဆန်တင်ပို့မှုကန့်သတ်ခြင်းကြောင့် ပလက်ဝမြို့နယ်ဒေသခံများ အခက်ကြုံနေကြရဆဲ

0
By Editor on July 12, 2019 Headline

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်မှ ဆန်တင်ပို့မှုကန့်သတ်မှုရှိနေသေးသည့်အတွက် အထူးသဖြင့် ကျေးလက်ဒေသများတွင် ဆန်လိုအပ်မှု မြင့်တက်နေသည်။

ယခုလက်ရှိတွင် မြန်မာ့တပ်မတော်က နယ်မြေလုံခြုံရေးဟုဆိုကာ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်စုလျှင် ဆန်အိတ် (၅၀) သာ သယ်ဆောင်ခွင့်ပြုသည့်အတွက် စစ်ဘေးရှောင်ပြည်သူများသာမက ဒေသခံပြည်သူများ လည်း ဆန်ဖူလုံမှုမရှိသည့်အနေအထားတွင်ရှိနေကြသည်။

“ အုပ်စုတစ်စုကို တစ်ခါသယ်ရင် ဆန်အိတ် (၅၀) နှုန်းနဲ့ သယ်ခွင့်ပြုတယ် အဲလိုသယ်ဖို့ကလည်း စားသုံးမယ့် လူဦးရေစာရင်းကောက်ရတယ် ပြီးမှ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးကိုတင်ပြရတယ် ခွင့်ပြုချက်ရမှပဲ ရခိုင်ပြည်န ယ် ကျောက်တော် ဘက်မှာသွားသယ်ရတယ်၊ အုပ်စုတစ်စုမှာ လူဦးရေ ရာနဲ့ချီရှိတဲ့အုပ်စုတွေလည်းရှိတော့ ဒီအိတ် (၅၀) နဲ့ ဘယ်လိုမှမလောက်နိုင်ဘူး’’ ဟု မီးဇာကျေးရွာမှ ရွာလူကြီးတစ်ဦးကပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ပြည်သူများသည် ရခိုင်ပြည်နယ်ကျောက်တော်မြို့မှ ဆန်များကို အဓိက ၀ယ်ယူစားသုံးနေကြရသည်။ ယခင်က ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများသည် ငွေစုပြီး တစ်လစာဖူလုံနိုင်မည့် ဆန်အရေအတွက်ကို ကျောက်တော်မြို့သို့စက်လှေဖြင့် သွားရောက်သယ်ယူလေ့ရှိကြသည်။

သို့သော်လည်း မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) တို့ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလာ သည့်နောက်ပိုင်း တပ်မတော်က ဖြတ်လေးဖြတ် နည်းဗျူဟာကိုကျင့်သုံးကာ ပလက်ဝမြို့နယ်သို့ ဆန်သယ်ယူခွင့်ကို ကန့် သတ်လိုက်ခြင်းဖြစ်သည်။

“ဆန်တစ်ခါသွားသယ်ရင် တစ်ပတ်လောက်အချိန်ကုန်တယ်၊ ခွင့်ပြုတာကလည်း အိတ် (၅၀) ပဲလေ၊ ခဏခဏသယ်ဖို့ကလည်း မလွယ်ဘူး၊ အချိန်ပေးရသလို ကုန်ကျစရိတ်လည်းပိုကုန်တော့ အရမ်းခက်တယ်၊ ဘယ်လိုမှ ဆန်ကမလောက်နိုင်ဘူး’’ ဟု မီးဇာတွင်နေထိုင်ဒေသခံတစ်ဦးကပြောသည်။

ဆန်မလုံလောက်မှုကြောင့် မီးဇာကျေးရွာအနီးတွင်တည်ရှိသော ထရွန်အိုင်ကျေးရွာရှိ မြန်မာ့တပ်မတော် တပ်စခန်းတွင် တပ်ရိက္ခာအတွက် ထားရှိသော ဆန်များကို တစ်အိတ်လျှင် ၅ သောင်းကျပ်အထိပေးပြီး ၀ယ်ကြသူများလည်းရှိသည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့နယ် အုပ်ချူပ်ရေးမှူး ဦးကိုးအောင်ကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် ၎င်းတို့ အနေဖြင့် ကန့်သတ်ထားခြင်းမရှိကြောင်း သို့သော်လည်း တပ်မတော်ဘက်က လုံခြုံရေးလိုအပ်ချက်ကြောင့် လုပ်ဆောင် ခြင်းဖြစ်နိုင်သည်ဟုပြောဆိုပါသည်။

“တပ်ပိုင်းဆိုင်ရာလုံခြုံရေးလိုအပ်ချက်ဖြစ်နိုင်တာပေါ့နော် ကျနော်တို့ကတော့ ဘာမှမကန့်သတ်ပါဘူး ဒါပေမယ့် သင့်တင့်လျှောက်ပတ်တဲ့ ကျေးရွာကို စားမယ့်အရေအတွက်ကိုတော့ ချင့်ချိန်ပြီးတော့ပေးတာပေါ့ ပလက်ဝမြို့ပေါ်မှာတော့ ဆန်တွေအပေါကြီးပဲ သူတို့ဝယ်လာတာ မ၀ယ်လာတာကတော့ အဲလောက်ထိတော့ သိဖို့ခက်တာပေါ့နော် ပိုက်ဆံရှိရင် ဘယ်နေရာမဆိုဝယ်လို့ရပါတယ်’’ ဟု ဦးကိုးအောင်ကပြောသည်။

၁၉၇၀ နှစ်ကာလများမှစ၍ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသားလက် နက်ကိုင်အ စုအဖွဲ့များအနေဖြင့် ရန်ပုံငွေများ၊ အစားအစာများ၊ သတင်းအချက် အလက်များနှင့်တပ်သားသစ်များ ရယူစုဆောင်းနို င်ခြင်းမရှိစေရန် “ဖြတ်လေးဖြတ်” မဟာ ဗျူဟာကို စတင်ချမှတ်ကျင့်သုံးခဲ့သည်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် အေအေ တပ်ဖွဲ့ တိုက်ပွဲများပိုမို ပြင်းထန်လာ သည့်နောက်ပိုင်းကစ၍ ထို “ဖြတ်လေးဖြတ်” နည်းဗျူဟာကို စတင်ကျင့်သုံးလာပြီး ပလက်ဝမြို့နယ်တွင် ရခိုင်ပြည်နယ်မှ ဆန်တင်ပို့မှုကို ကန့်သတ်ခဲ့သည်။ ထို့နောက် အင်တာနက်လိုင်းများကိုလည်း ရခိုင်ပြည်နယ် ၈ မြို့နယ် နှင့် ပလက်ဝမြို့ နယ်တွင် ပိတ်ပင်လိုက်သည်။

ထို့ကဲ့သို့ တပ်မတော်မှ ဆန်ကန့်သတ်ထားမှုကြောင့် လူမှုပရဟိတအဖွဲ့အစည်းများနှင့် ဘာသာရေးအသင်းအဖွဲ့များ အနေ ဖြင့်လည်း စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုပေးအပ်သည့်နေရာတွင် အဟန့်အတားဖြစ်စေသည်ဟု သိရသည်။ (ပုံစာ – မီးဇာကျေးရွာမှ ဒေသခံပြည်သူများ – ဓာတ်ပုံ Khonumthung)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.