Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ် ပျူကျေးရွာက စစ်ကောင်စီအထိုင်စခန်းကို ကလေးတော်လှန် ရေးအင်အားစု တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက် ၆ ဦးသေ၊ တစ်ဦးကိုအရှင်ဖမ်း

ကလေးမြို့နယ် ပျူကျေးရွာက စစ်ကောင်စီအထိုင်စခန်းကို ကလေးတော်လှန် ရေးအင်အားစု တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက် ၆ ဦးသေ၊ တစ်ဦးကိုအရှင်ဖမ်း

0
By Editor on July 8, 2025 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နှောညောင်ပင် (ကံပုလဲအရှေ့) ပျူကျေးရွာ စစ်ကောင်စီ အထိုင်ချ စခန်းတခုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့်ပူး ပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်သိမ်းပိုက်ခဲ့သည်။

နှောညောပင်ပျူကျေးရွာက စစ်ကောင်စီအထိုင်စခန်းကို ဇူလိုင် (၅) ရက်နေ့ နံနက် ၁ နာရီ မိနစ် ၂၀ တွင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဦးဆောင်မှုဖြင့် ဒေသခံကျေးရွာ ပကဖအဖွဲ့များ၊ RAW (Kalay) ဆေးအဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပျူစောထီး (၄) ဦး သေဆုံးခဲ့ပြီး ပျူစောထီး (၁) ဦး အရှင်ဖမ်းဆီးရမိကာ ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁) ဦး (မစိုးရိမ်) ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ကာဘိုင် (၄) လက်၊ BA-100 (၆၀ မမ) – (၁) ပြောင်း၊ G-3-(၂) လက်၊ ၆၀ ဖူး (၁၂) ဖူး၊ MG-1 ပလတ်စတစ် လက်ပစ်ဗုံး (၂) လုံး၊ i-con (၂) လုံး၊ ၃၀ လက်မ ကာဘိုင်ကျည် – (၁၁၇၅) တောင့်၊ 7.62 ကျည် (၅၀၉) တောင့်၊ (ကပစ) 5.56 ကျည် (၅၈) တောင့်၊ G-3 ကျည်ဘောက် (၉) ဘောက်၊ ကာဘိုင် ကျည်ဘောက် (၉) ဘောက် သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားပြီး ၁ နာရီခန့်အကြာ မနက် (၂) နာရီနောက်ပိုင်းတွင် ကလေးမြို့ဒကစမှ စစ်ကူစေလွှတ်သည့်အပြင် စစ်‌ကောင်စီအထိုင်စခန်းတခုဖြစ်သည့် အဖွဲ့စက်မှ လက်နက်ကြီးပစ်ကူပေးနေခြင်းကြောင့် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွါခဲ့ရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ခင်ရီ ပြည်သူ့လွတ်တော် ဥက္ကဌဖြစ်လာ၊ ဒုဥက္ကဌအဖြစ် ဦးမောင်မောင်အုန်း ရွေးချယ်ခံရ

ဖလမ်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူငယ် ၃ ဦးသေဆုံး

ခရီးသွား လူငယ် ၁၆ ဦးကို ရိုက်နှက်ခဲ့မှုအပေါ် CDF-Hakha တောင်းပန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.