(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ/ချောင်းရေများ လျှံတက်လာကာ မြေနိမ့်ပိုင်းရပ်ကွက်တချို့တွင် ရေများလျှံတက်လာသည်ဟု ကလေးမြို့ခံများ ထံ သိရသည်။
လက်ရှိတွင် ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ဥပုသ်ချောင်းရေလျှံတက်လာပြီး ဆိပ်ကမ်းသာတံတားအပါအဝင် မဂ်လာဥ ယျာဉ်ရပ်ကွက်၊ မြို့သာရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေရာများတွင် ချောင်းရေများ မြင့်တက်လာသည်ဟုဆိုသည်။
ကလေးမြို့ခံက “မိုးက မနေ့ကရော ညတစ်ညလုံး ဒီနေ့မနက် ၉ နာရီအထိ သည်းသည်းမဲမဲ ရွာတော့ ဥပုဒ်ချောင်း ဘေးတွေနဲ့ မဂ်လာဥယျာဉ်ချောင်းဘေးတွေလည်း ရေတွေဝင်နေကြပြီ၊ နောက် မဂ်လာဥ ယျာဉ်နဲ့ ညောင်ပင်သာကို ကူးတဲ့တံတားလည်း ရေထိနေပြီ။လောလောဆယ်တော့ ပြောင်းရွေ့ရတဲ့အ ထိတော့မရှိသေးဘူး။” ဟု ပြောသည်။
ထို့အပြင် ကလေးမြို့နယ်တောင်ပိုင်း၊ ဇင်းကလင်းတံတားအောက်ခြေ ရေ တိုက်စားသည့်အပြင် မြေပြိုမှုများ ရှိနေသောကြောင့် ကလေးတောင်ပိုင်းလမ်းကြောင်း သွားလာအသုံးပြုခြင်းအား လတ်တလောတွင် ပိတ်ထားရကြောင်း သိရသည်။
အလားတူ ကလေးမြို့အထွက် ဖောင်ကူးတံတားဘက်တွင်လည်း မြစ်ရေမြင့်တက်လာနေကြောင်းသိရသည်။
လက်ရှိ ကလေးမြို့ပေါ်တွင် U9 Operator Main Siten Down ဖြစ်ပေါ်နေသောကြောင့် U9 ဆက်သွယ် ရေးဖုန်းလိုင်း၊ အင်တာနက်လိုင်းအပြင် WiFi လိုင်းများ၊ 9Plus Wifi လိုင်းများလည်းပြတ်တောက်နေကာ MPT ဖုန်းလိုင်းတခုသာ အသုံးပြုနိုင်သည်ဟု သိရသည်။
ရုပ်/သံ – Kyaw Phyo Wai

