Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့မှ တမူးမြို့သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို CNO-UCR က ဖမ်းဆီးရမိ

ကလေးမြို့မှ တမူးမြို့သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို CNO-UCR က ဖမ်းဆီးရမိ

0
By Editor on July 20, 2025 Khonumthung

(002MG)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ တမူးမြို့ဘက်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါး WY ဆေးပြား ၈ သိန်း နှင့် ငွေသား သိန်း ၁၅၀ ကို Chin National Organization (Upper Chindwin Region ) က ဇူလိုင်လ (၁၈) နေ့တွင် ဖမ်းဆီးရမိခဲ့ သည်ဟု သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို လူ ၅ ဦးက ဆိုင်ကယ် (၄) စီးဖြင့် သယ်ဆောင်လာကြသည်ကို ကလေးမြို့ နှင့် ရာဇဂြိုလ် မြို့ကြားတွင် CNO-UCR က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံ EM ဆိုသူထံပေးပို့ရမည်ဟု သိရပြီး လက်ရှိတွင် ဖမ်းဆီးရမိ သည့် မူးယစ်ဆေးဝါး နှင့် သယ်ဆောင်သူများကိုလည်း ဥပဒေအတိုင်း အရေးယူနိုင်ရန် အမူဖွင့်ထားသည့်အပြင် ဥပဒေအတိုင်း အရေးယူနိုင် ရန်ဆောင်ရွက်နေသည်ဟု သိရသည်။

CNO-UCR အနေဖြင့် မူးယစ် ဆေးဝါးသယ်ဆောင်သူ၊ ဖြန့်ဝေသူ၊ သုံးစွဲသူနှင့် ရောင်းချသူများသိရှိပါက ဆက်လက်ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် အရေး ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကလေးကဘော်ဒေသ CNO-UCR လှုပ်ရှားနယ်မြေအတွင်း လူငယ်များမူးယစ်ဆေးဝါးသားကောင်မဖြစ်ရန် နှင့် ရပ်ရွာသာယာလှပရန် မိဘပြည်သူများ အနေဖြင့်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ကြ ရန် တိုက်တွန်းထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.