(002MG)
စစ်ကိုင်းတိုင်း ကလေးမြို့၊ မော်လိုက်ကလေး အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာ မရရှိခြင်းနှင့် အဟာရပြတ်လတ်မှုကြောင့် နိုင်ငံခြားအကျဉ်းသားတစ်ဦးသေဆုံးခဲ့ပြီး ယခုနှစ်အတွင်း အကျည်းသား ၇ ဦးသေဆုံးပြီဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူထံမှ သိရသည်။
မော်လိုက်ကလေး အကျဉ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ဥပဒေဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသော အိန္ဒိယနိုင်ငံသားဂေါ်ရခါးလူမျိုး Buskal (ခ) Busket သည် အကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုဖြင့် ကျန်းမာရေး ဆိုးရွားစွာ နှစ်လကျော်ကြာခံစားနေရသော်လည်း အကျဉ်းထောင်အာဏာပိုင်ဘက်မှ ကျန်မာရေးစောင့် ရှောက်မှုလုံလောက်စွာ ဆောင်ရွက်ပေးမှုမရှိခြင်းကြောင့် အောက်တိုဘာလ (၅) ရက်နေ့မနက် (၅) နာရီတွင် သေဆုံးခဲ့ သည်ဟု သိရသည်။
Busket သည် လ.ဝ.က ဥပဒေဖြင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆) လ ပြစ်ဒဏ်ကျခံရသူ ဖြစ်ပြီး လွက်ရက်ပြည့်သွားပြီဖြစ်သော်လည်း အကျဉ်းထောင် အိပ်ဆောင် ၃ အချုပ်ဆောင်မှာ ဆက်လက်၍ ဖမ်းဆီးချုပ် နှောင်ခြင်းခံရသူဖြစ်သည်ဟု သိရသည်။
အိပ်ဆောင် (၃) အချုပ်ဆောင်သည် ကလေးအကျဉ်းထောင်အတွင်း လာဘ်ပေးလာဘ်ယူခြင်း၊ အကျဉ်းသားများကို ဖိနှိပ်ခြင်း နှင့် ရိုက်နှိပ်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဗိုလ်ကြီးကျော်ထက်ဦးမှ အိပ်ဆောင်မှုးတာဝန်ခံ သည့် အိပ်ဆောင်ဖြစ်ကြောင်းသိရသည်။
ကလေးမြို့အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် အကျဉ်းသူ၊ အကျဉ်းသားများအနေဖြင့် မိသားစုများ နှင့်အဆက်သွယ်မရလျှင် ထောင်မှကျွေးသည့် ထမင်း (မနက်ပိုင်းပဲတမျိုး၊ ညနေပိုင်း တာလပေါ(ခ) ကန်စွန်းရွက်ပြုတ် အရည်ကျဲကျဲ) နဲ့ တပတ်လျှင် အသားဟင်းနှစ်ကြိမ်ဖြင့်သာ စားသောက်နေရခြင်းကြောင့် အာဟာရပြတ်လပ်သူ အများအပြားရှိသည်ဟု သိရသည်။
သေဆုံးသွားသည့် Busket မှာလည်း မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သူတစ်ဦးဖြစ်ပြီး အသား၊ ငါးမစား သတ်သတ်လွတ်သမားဖြစ်သည့်အတွက် အာဟာရပြတ်လပ်နေသော်လည်း အကျဉ်းထောင်မှအစားထိုး ဖြည့်စွက်စာ ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ရောဂါဆိုးရွားနေသည့်အချိန်တွင်လည်း ထောင်ပြင်ပသို့ဆေးဝါးကုသခွင့်မပြုခဲ့ ကြောင်းသိရသည်။
ကလေးအကျဉ်းထောင်သည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမပေးခြင်းကြောင့် ကျန်းမာရေး ဆိုးရွာလာမှုနှင့် သေဆုံးမှုမြင့်တက်သည့် အကျဉ်း ထောင်ဖြစ်လာပြီး ကျန်းမာရေးဆိုးရွားနေသူများအနေဖြင့် ထောင်အတွင်းဆေးကုသမှု ဆေးဝါးမရှိခြင်း၊ အထောက်အကူမရှိခြင်းကြောင့် ပြင်ပဆေးကုသရန် နှင့် ဆေးရုံတက်ရန် လိုအပ်နေသူများ အများအပြား ရှိသည်ဟုသိရသည်။
ပြင်ပဆေးကုသရန် ခွင့်ပြုချက်အမိန့်စာ ရရှိရန်တင်ပြရာတွင်လည်း အကျဉ်းထောင်အာဏာပိုင်များ၏ လာဘ်ပေး လာဘ်ယူစနစ်ကြီးကြောင့် လာဘ်ထိုးနိုင်သူ ငွေကြေးတက်နိုင်သူများသာ ဦးစားပေးဆေးကု သခွင့်ပြုမိန့်ရရှိကြသည်ဟု သိရသည်။
ပြင်ပဆေးရုံသို့ကုသရန်နှင့် ဆေးရုံတက်ရန် အကျဉ်းထောင် အာဏာပိုင်းများအပြင် ပြည့်သူဆေးရုံကြီးမှ ဆရာဝန်များ၏ လက်မှတ်နှင့် မှတ်ချက်အတွက် လာဘ်ပေးလာဘ်ငွေများ ပေးဆောင်ကာ ဆေးရုံတက်ခွင့်ရရှိရန် လုပ်ဆောင်နေကြရသည်ဟုသိရသည်။
ကလေးမြို့အကျဉ်းထောင်တွင် တာဝန်ကျသည့် ဆေးဗိုလ်ကြီး ကောင်းခန့်ဇော်သည် ပြင်ပဆေးရုံ တက်ရန်တင်ပြ ထောင်း ဆိုထားကြသော အကျဉ်းသား၊ အကျဉ်းသူများကို ၎င်းက “မင်းဆေးရုံတက်ချင်လား၊ ထွက်ချင်လား ကုသမယ်ဆိုရင် လည်း မင်းအိမ်ကငွေတတ်နိုင်မလား” ဟု ငွေစကားအရမ်းပြောသူဖြစ်ကြောင်း နီးစပ်သူများထံမှသိရသည်။
ကလေးမြို့ အကျဉ်းထောင်အတွင်း ၂၀၂၆ ခုနှစ် ဇနနဝါရီလမှ စ၍ အောက်တိုဘာလအထိ အဟာရပြတ်လပ်မှု နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိခြင်းကြောင့် အကျဉ်းသား ၇ ဦးသေဆုံးခဲ့ရပြီဟု သိရသည်။

