Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-တီးတိန်လမ်းပေါ်တွင် စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရမှုအတွင်း ZRA တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ကလေး-တီးတိန်လမ်းပေါ်တွင် စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရမှုအတွင်း ZRA တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

0
By Editor on July 22, 2026 Khonumthung

(004SS)

ချင်းပြည်နယ်၊ တီးတိန်မြို့မှ ကလေးမြို့သို့ သွားရာလမ်းပိုင်းရှိ ဆိုင်မွောလ်ကျေးရွာနှင့် ဒမ်လိုကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့အား PDF-Zoland က ယမန်နေ့ ဇူလိုင်ဘလ ၂၁ ရက်နေ့ ညနေပိုင်း တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါခြုံခိုတိုက်ခိုက်မှုမှာ နာရီဝက်ခန့်ကြာမြင့်ကြောင်း သိရပြီး ZRA-EC တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်း ၈ နာရီဝန်းကျော်အချိန်တွင် နယ်မြေလုံခြုံရေးလှည့်နေစဉ် PDF-Zoland မှ မြေမြုပ်မိုင်း၊ လက်နက်ကြီး လက်နက်ငယ် များဖြင့် တိုက်ခိုက်ခဲ့ပြီး ZRA-EC ဘက်မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့သည်ဟု ZRA-EC တပ်ဖွဲ့ဝင် Joshua Zomi က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

သို့သော် အဆိုပါတိုက်ခိုက်မှုသည် ZRA-EC အား သီးသန့်တိုက်ခိုက်ခြင်းမဟုတ်ဘဲ ခန့်မှန်းခြေ စကစတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရှိသော ကား ၂ စီးအား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဟု PDF-Zoland နှင့်နီးစပ်သူထံမှ သိရသည်။

“Zoland က မနေ့ညနေ ၈ နာရီကျော်လောက်မှာ နာရီဝက်လောက်ဖြစ်မယ် စကစတွေကို Ambush လုပ်လိုက်တယ်။ စကစဘက် ဘယ်လောက်ကျသွားလဲ ဆိုတာတော့ မသိရဘူး။ ZRA တပ်ဖွဲ့ဝင် ၃ ဦးကျတယ်လို့ကြားသိရတယ်။ အဲတုန်းက ZRA လည်း ပါနေလို့ဖြစ်မယ် ” ဟု PDF-Zoland နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် ZRA-EC တပ်ဖွဲ့ဝင် ၃ ဦးမှာ လမ်ဇမ်းရွာသား မွန်ဂျက်၊ ဘွမ်းလီရွာသား ကေဗီ နှင့် လဲဇန် ရွာသား ထန်နို တို့ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.