Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-ရိ ကားလမ်း မနက် ၇ နာရီခွဲမှ ညန ၅ နာရီခွဲအထိသာ ဖြတ်သန်းခွင့်ပြုမည်

ကလေး-ရိ ကားလမ်း မနက် ၇ နာရီခွဲမှ ညန ၅ နာရီခွဲအထိသာ ဖြတ်သန်းခွင့်ပြုမည်

0
By Editor on December 24, 2022 Khonumthung

အိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့နှင့် ကလေးမြို့ကြား လိုင်းပြေးဆွဲသော ကုန်တင်ကားများနှင့် ခရီးသွားပြည်သူများရဲ့ ဘေးကင်းလုံခြုံရေးအတွက် မနက် ၇ နာရီခွဲမှ ည ၅ နာရီခွဲအထိသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း Mountain Eagle Defense Force အဖွဲ့က ယနေ့ ဒီဇင်ဘာ ၂၃ တွင် ထုတ်ပြန်ထားသည်။

ညနေပိုင်းအချိန်တွင် ပြည်သူများ အသွားလာလှုပ်ရှားမှုတွေ တွေ့မြင်သောတဲ့အခါ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဟိုင်မွာလ်ရွာဘက်ဦးတည်ပြီး ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် ခရီးသည်တင်၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်များအနေဖြင့် ဟိုင်မွှလ်ရွာသစ်ကို မနက် ၇ နာရီခွဲမှ ည ၅ နာရီခွဲအထိသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု MEDF က ဆိုသည်။

MEDF အဖွဲ့ တာဝန်ခံတစ်ဦးက “အခုလောလောဆယ်မှာတော့ ဘုရားမစ ကယ်မူတဲ့အတွက် ပြည်သူလူထု အထိအခိုက်မရှိသေးဘူး။ ဒါပေမဲ့ ပြည်သူတွေအတွက် တော်တော်အန္ဓရာယ်များတဲ့အတွက် အခုလိုထုတ်ပြန်တာဖြစ်ပါတယ်။ ညနေပိုင်း ကားတွေ၊ ဆိုင်ကယ်တွေ အသွား/အလာ နည်းနည်းရှိတဲ့အချိန်မှာ ပစ်တာ၊ ၆၀ မမ နဲ့လည်း လာပစ်တယ်၊ ၁၂၀ မမ နဲ့လည်း လာပစ်တယ်။ နောက်ပြီး လက်နက်ငယ်နဲ့ပစ်တာလည်းရှိတယ်” ဟု ပြောသည်။

အရေးပေါ်လူနာနှင့် ကျန်းမာရေးအခြေနေကြောင့် မဖြစ်မနေ ဖြတ်သန်းသွားလိုပါက MEDF ကို ဆက်သွယ်နိုင်သည်ဟု ၎င်းတို့ထုတ်ပြန်ချက်မှာ ​ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.