Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-သိုင်ငင်းလမ်းမကြီးအား စစ်ဘေးရှောင်ပြည်သူများအတွက် ခေတ္တဖွင့်ပေး၊ စစ်ရေးအရ အချိန်မရွေး ပြန်လည်ပိတ်ပင်သွားမည်ဟုဆို

ကလေး-သိုင်ငင်းလမ်းမကြီးအား စစ်ဘေးရှောင်ပြည်သူများအတွက် ခေတ္တဖွင့်ပေး၊ စစ်ရေးအရ အချိန်မရွေး ပြန်လည်ပိတ်ပင်သွားမည်ဟုဆို

0
By Editor on May 29, 2024 Khonumthung

(004SS)

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းတောင်သို့သွားရာ က‌‌လေး – သိုင်ငင်းလမ်းမကြီးအား တီးတိန်မြို့သိမ်းတိုက်ပွဲကြောင့် ကလေးမြို့သို့ စစ်ဘေးရှောင်ကြသော ပြည်သူများ ဖြတ်သန်းသွားလာနိုင်ရန် ခေတ္တဖွင့်ပေးထားကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့ကစ၍ ကလေး- သိုင်ငင်းလမ်းမကြီးအား စစ်ဘေးရှောင်ပြည်သူများ အသွားအလာ အဆင်ပြေစေရန် ခေတ္တဖွင့်လှစ်ထားခြင်းသာဖြစ်ပြီး စစ်ရေးဗျူဟာအရ အချိန်မရွေး ပြန်လည်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF CDM-Siyin မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သိုင်ငင်းလမ်းမကြီးကို တီးတိန်စစ်ဆင်ရေးစတဲ့ချိန်ကနေ စစ်ရှောင်ပြည်သူတွေအတွက် ခဏဖွင့်ပေးထားတာပါ။ တရား ဝင်ဖွင့်ဖို့က အဆင်‌မပြေသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ CB စစ်ဆင်ရေးလုပ်တဲ့အခါ စကစတွေ စစ်ကူတက်လာနိုင်တာ ကို ပိတ်ပင်ထားတာဖြစ်တယ်။ သူတို့သာ တက်လာရင်တော့ ကျွန်တော်တို့ ပစ်ဖို့ အဆင်သင့်ရှိတယ်၊ ဒါပေမဲ့ ပြည်သူတွေကို လူသားဒိုင်းအဖြစ်သုံးလေ့ရှိတယ်ဆိုတော့ အဲလိုသာဆို သူတို့ကို ပစ်ဖို့ခက်သွားပြီ၊ နောက် ပြည်သူတွေအရမ်းနစ်နာ မှာဖြစ် လို့ အခု စစ်ဆင်ရေးပြန်စပြီဟေ့ဆိုရင်တော့ အချိန်မရွေးပြန်ပိတ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

မေလ ၂၆ ရက်နေ့ ညနေပိုင်းမှစပြီး ၂၇ ရက်နေ့ မနက်ပိုင်းအထိ တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲကြောင့် တီးတိန်မြို့ပေါ်ဒေသခံပြည်သူအားလုံးနီးပါးသည် ကလေးမြို့နှင့် အခြားသော ‌ကျေးရွာများနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

ကလေး-သိုင်ငင်း လမ်းမကြီးကို ‌လွန်ခဲ့သော မတ်လဆန်းပိုင်းကစ၍ စစ်ရေးအခြေအနေကြောင့် CDF CDM-SIYIN မှ ပိတ်ပင်ခဲ့ခြင်းဖြစ်ရာ ကလေးမြို့မှ ချင်းတောင်သို့တက်မည့် ခရီးသွားမော်တော်ယာဉ်၊ ကုန်ကားများသည် ရှောင်ကွင်းလမ်းမှ သွားကြရသည်ဟု သိရသည်။

သို့သော်လည်း ကလေး-သိုင်ငင်းလမ်းမကြီးအား အထူး‌‌စောင့်ကြပ်လျက်ရှိ‌နေသော CDF CDM-SIYIN အနေဖြင့် စစ်ရှောင်ပြည်သူများအား တဖက်တလမ်းမှကူညီလိုသော ဆန္ဒဖြင့် လမ်းဖွင့်ပေးခြင်းဖြစ်ပြီး ဒုက္ခရောက်နေသော စစ်ရှောင်ပြည်သူများထံ ငွေကောက်ခံခြင်းမရှိကြောင်း၊ ပုံမှန်ပြေးဆွဲနေသော လိုင်းဆွဲ ယာဥ်ငယ်/ကြီးများ ကုန်ကားများကိုသာ ယာဥ်စီးအလိုက် အလှူငွေကောက်ခံခြင်းဖြစ်ကြောင်း မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“စစ်ရှောင်ပြည်သူတွေထံ ပိုက်ဆံကောက်တယ် ဆိုတာ မဟုတ်ပါဘူး။ ဒုက္ခရောက်နေတဲ့ ဘယ်စစ်ရှောင် ပြည်သူတွေ ထံကနေမှ မကောက်ပါဘူး၊ အခုလိုမျိုးစစ်မရှောင်ခင်က ပုံမှန်ပြေးဆွဲတဲ့ လိုင်းကား၊ ကုန်ကားတွေကိုသာ ကောက်တာဖြစ် တယ်။ စီးပွားရေးအရမဟုတ်ဘဲ ခရီးသွားတဲ့ ကား၊ ဆိုင်ကယ်လဲမကောက်ပါဘူး။ ခရီးသယ်တွေက‌ေန အလှူပေးတာ တွေရှိတယ်ပါတယ် ဒါမျိုးဆို လက်ခံပါတယ်။ ကျွန်တော်တို့ ပြည်သူတွေနစ်နာမယ့်အရာ မလုပ်ပါဘူး” ဟု CDF CDM-SIYIN မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကလေး-သိုင်ငင်းလမ်းမကြီး ပိတ်နေချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDA ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ရှောင်ကွင်းလမ်းမှ သွားလာသော လိုင်းကားများထံမှသာ အလှူငွေကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကောက်ခံရာတွင် ယာဉ်စီးအလိုက် ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ အကြား ကောက်ခံကြောင်း ၎င်းကောက်ခံရရှိသော အလှူငွေများအား စစ်ဆင်ရေးအတွက်နှင့် အများပြည်သူသုံးလမ်းများ ပြုပြင်ရာတွင်သော်လည်းကောင်း ပြန်လည်အသုံးပြုလေ့ရှိသည်ဟု ဆိုသည်။

ယမန်နေ့ မေလ ၂၈ ရက်နေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်ငင်း- ဟိန်ဇိန် ကျေးရွာအကြား ကားလမ်းမြေပြိုမှု ဖြစ်ပွားကာ တော်လှန်ရေးတပ်ဖွဲ့ CDF CDM-SIYIN မှ ပြန်လည်ပြုပြင်ခဲ့ရာ ယခုတွင် ကား၊ ဆိုင်ကယ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.