Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကိုဗစ္ႏုိ္င္တင္းေၾကာင့္ လုပ္ငန္းျပတ္လပ္သည့္ ျမန္မာယကၠန္းသမားမ်ား ေနရပ္ျပန္ႏုိင္ေရးအခက္ႀကံဳ

ကိုဗစ္ႏုိ္င္တင္းေၾကာင့္ လုပ္ငန္းျပတ္လပ္သည့္ ျမန္မာယကၠန္းသမားမ်ား ေနရပ္ျပန္ႏုိင္ေရးအခက္ႀကံဳ

0
By Editor on June 17, 2020 Khonumthung

#Zawgyi

By ရစ္ခ်က္ – အိႏိၵယႏုိင္ငံ၊ မီဇိုရမ္ျပည္နယ္ အိုင္ေဇာလ္ၿမိဳ႕တြင္ ယကၠန္းအလုပ္လုပ္ကိုင္ေနၾကေသာ ျမန္မာအလုပ္သမားမ်ား သည္ Covid-19 ကာလေၾကာင့္ အလုပ္ရွင္မ်ားမွအလုပ္မေပးႏုိင္ေတာ့ဘဲ လုပ္ငန္းျပတ္လပ္သည့္အတြက္ ေနရပ္ျပန္လိုၾကေသာ္လည္း အခက္ႀကံဳေနၾကသည္ဟု သိရသည္။

ကမၻာတစ္ဝွမ္းျဖစ္ပြားေနေသာ Covid-19 ေရာဂါပိုးေၾကာင့္ မီဇိုရမ္ျပည္နယ္တြင္ Lockdown ခ်ထားသည့္အတြက္ ယကၠန္းလုပ္ငန္းအေရာင္းအ၀ယ္မျဖစ္သည့္အျပင္ အိႏိၵယျပည္မဘက္မွ ခ်ည္၀ယ္ယူ၍မရေသာေၾကာင့္ အလုပ္ရွင္မ်ား အေနျဖင့္ အလုပ္သမားမ်ားအား လုပ္ငန္းခ်မေပးႏိုင္ေတာ့သည့္အတြက္ ျမန္မာယကၠန္းသမားမ်ားသည္ အလုပ္လက္မဲ့ျဖစ္ေနၾက ရသည္ဟု အိုင္ေဇာလ္ၿမိဳ႕တြင္ ယကၠန္းလုပ္ငန္းကို ဦးစီးလုပ္ကိုင္ေနေသာ ျမန္မာယကၠန္းသမားတစ္ဦးကေျပာသည္။

“မီဇိုရမ္မွာ Lockdown ခ်တာ (၃) လေက်ာ္ရွိၿပီ၊ အလုပ္ရွင္ဖက္ကလည္း အထည္ေရာင္းမထြက္ႏိုင္ေတာ့ ေငြေရးေၾကးေရ း ပိုင္းမွာအခက္အခဲရွိတာေပါ့။ ဒါေၾကာင့္ လုပ္ငန္းမခ်ေပးႏိုင္ေတာ့တဲ့အလုပ္ရွင္အမ်ားႀကီးရွိတယ္။ အဲဒါေၾကာင့္ လုပ္ငန္းျပတ္လပ္ေနတဲ့ အလုပ္သမားအမ်ားႀကီးဘဲရွိေနတယ္။ ရွိတဲ့ပိုက္ဆံေလးနဲ႕ ၾကည့္ၾကပ္ၿပီး ေခြ်တာစားေသာက္ေနရတယ္။ ဒီ Lockdown ကာလကလည္း ဘယ္ေလာက္ၾကာမယ္ေျပာမရေတာ့ ကိုယ့္ႏိုင္ငံ၊ ကိုယ္တုိင္းျပည္ကိုသာ ျပန္ခ်င္ေတာ့တဲ့ အလုပ္သမားေတြမ်ားလာတယ္ ဒါေပမယ့္ ေနရပ္ျပန္ဖို႔ အဆင္မေျပၾကဘူး” ဟုေျပာသည္။  

ျမန္မာယကၠန္းသမားတစ္ခ်ဴိ႕သည့္ ယခင္က ခ်င္းျပည္နယ္ ရိေခါဒါရ္နယ္စပ္ကေနတဆင့္ ၎တို႔ေနရပ္သို႔ တရားမ၀င္ ျပန္သြားေလ့ရွိၾကေသာ္လည္း မီဇိုရမ္ျပည္နယ္တြင္ ကိုဗစ္ႏုိင္တင္းေရာဂါပိုးေတြ႔ရွိမႈမ်ားလာသည့္အတြက္ နယ္စပ္ေဒသ တြင္ လံုျခံဳေရးတင္းၾကပ္ကာ ၀င္ထြက္သြားလာ၍ အဆင္မေျပေတာ့သည့္အတြက္ တရား၀င္ေနရပ္ျပန္ႏုိင္ေရး ကူညီေဆာင္ရြက္ေပးရန္ စစ္ကိုင္းတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္း၀င္းထံ အကူအညီေတာင္း ခံထားသည္ဟု သိရသည္။

“အရင္ကေတာ့ ေတာလမ္းေတြကေန နယ္စပ္ကိုျဖတ္ကူးၿပီး ျပန္ၾကတယ္။ ဒါေပမယ့္ ခုေနာက္ပို္င္း နယ္စပ္ေဒသေတြမွာက လံုျခံဳေရးေတြတင္းၾကပ္လာတယ္။ ေန႕ညမျပတ္ လံုျခံဳေရးေတြက ေစာင့္ေနၾကတယ္။ ဒီေတာ့ ျမန္မာယကၠန္းအလုပ္သမားေတြ ျပန္ႏိုင္ဖို႕က တရားဝင္နည္းႏွင့္မွ ရမဲ့အေနအထားျဖစ္ေနတယ္။ ဒါေၾကာင့္ တရားဝင္ျပန္ႏိုင္ေအာင္ စစ္ကိုင္းတိုင္းဘက္က လႊတ္ေတာ္ကိုယ္စားလွယ္ကို အကူအညီေတာင္းခံစာ ေပးပို႔ထားတယ္” ဟု မီဇိုရမ္ျပည္နယ္အေျခစိုက္ ျမန္မာလူမႈေရးအသင္းတာ၀န္ရွိသူတစ္ဦးကေျပာသည္။

မီဇိုရမ္ျပည္နယ္တြင္ ယကၠန္းအလုပ္လုပ္ကိုင္ေနၾကသည့္ ျမန္မာႏိုင္ငံသားအေယာက္ (၃၀၀) ဝန္းက်င္ရွိၿပီး အမ်ားစုမွာ စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕နယ္၊ ေရႊဘိုၿမိဳ႕နယ္တို႔မွျဖစ္ၾကသည္။

မီဇိုရမ္ျပည္နယ္အတြင္း ဇြန္လ (၁၇) ရက္ေန႕အထိ Covid-19 ေရာဂါပိုးကူးစက္ခံစားရသူ (၁၂၁) ဦးရွိၿပီး ပထမဆံုး ေရာဂါပိုးကူးစက္ခံထားရသူမွာ သက္သာေပ်ာက္ကင္းသြားၿပီျဖစ္သည္။

#Unicode

By ရစ်ချက် – အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယက္ကန်းအလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ သည် Covid-19 ကာလကြောင့် အလုပ်ရှင်များမှအလုပ်မပေးနိုင်တော့ဘဲ လုပ်ငန်းပြတ်လပ်သည့်အတွက် နေရပ်ပြန်လိုကြသော်လည်း အခက်ကြုံနေကြသည်ဟု သိရသည်။

ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသော Covid-19 ရောဂါပိုးကြောင့် မီဇိုရမ်ပြည်နယ်တွင် Lockdown ချထားသည့်အတွက် ယက္ကန်းလုပ်ငန်းအရောင်းအဝယ်မဖြစ်သည့်အပြင် အိန္ဒိယပြည်မဘက်မှ ချည်ဝယ်ယူ၍မရသောကြောင့် အလုပ်ရှင်များ အနေဖြင့် အလုပ်သမားများအား လုပ်ငန်းချမပေးနိုင်တော့သည့်အတွက် မြန်မာယက္ကန်းသမားများသည် အလုပ်လက်မဲ့ဖြစ်နေကြ ရသည်ဟု အိုင်ဇောလ်မြို့တွင် ယက္ကန်းလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသော မြန်မာယက္ကန်းသမားတစ်ဦးကပြောသည်။

“မီဇိုရမ်မှာ Lockdown ချတာ (၃) လကျော်ရှိပြီ၊ အလုပ်ရှင်ဖက်ကလည်း အထည်ရောင်းမထွက်နိုင်တော့ ငွေရေးကြေးရေ း ပိုင်းမှာအခက်အခဲရှိတာပေါ့။ ဒါကြောင့် လုပ်ငန်းမချပေးနိုင်တော့တဲ့အလုပ်ရှင်အများကြီးရှိတယ်။ အဲဒါကြောင့် လုပ်ငန်းပြတ်လပ်နေတဲ့ အလုပ်သမားအများကြီးဘဲရှိနေတယ်။ ရှိတဲ့ပိုက်ဆံလေးနဲ့ ကြည့်ကြပ်ပြီး ချွေတာစားသောက်နေရတယ်။ ဒီ Lockdown ကာလကလည်း ဘယ်လောက်ကြာမယ်ပြောမရတော့ ကိုယ့်နိုင်ငံ၊ ကိုယ်တိုင်းပြည်ကိုသာ ပြန်ချင်တော့တဲ့ အလုပ်သမားတွေများလာတယ် ဒါပေမယ့် နေရပ်ပြန်ဖို့ အဆင်မပြေကြဘူး” ဟုပြောသည်။  

မြန်မာယက္ကန်းသမားတစ်ချိူ့သည့် ယခင်က ချင်းပြည်နယ် ရိခေါဒါရ်နယ်စပ်ကနေတဆင့် ၎င်းတို့နေရပ်သို့ တရားမဝင် ပြန်သွားလေ့ရှိကြသော်လည်း မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိမှုများလာသည့်အတွက် နယ်စပ်ဒေသ တွင် လုံခြုံရေးတင်းကြပ်ကာ ဝင်ထွက်သွားလာ၍ အဆင်မပြေတော့သည့်အတွက် တရားဝင်နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းထံ အကူအညီတောင်း ခံထားသည်ဟု သိရသည်။

“အရင်ကတော့ တောလမ်းတွေကနေ နယ်စပ်ကိုဖြတ်ကူးပြီး ပြန်ကြတယ်။ ဒါပေမယ့် ခုနောက်ပိ်ုင်း နယ်စပ်ဒေသတွေမှာက လုံခြုံရေးတွေတင်းကြပ်လာတယ်။ နေ့ညမပြတ် လုံခြုံရေးတွေက စောင့်နေကြတယ်။ ဒီတော့ မြန်မာယက္ကန်းအလုပ်သမားတွေ ပြန်နိုင်ဖို့က တရားဝင်နည်းနှင့်မှ ရမဲ့အနေအထားဖြစ်နေတယ်။ ဒါကြောင့် တရားဝင်ပြန်နိုင်အောင် စစ်ကိုင်းတိုင်းဘက်က လွှတ်တော်ကိုယ်စားလှယ်ကို အကူအညီတောင်းခံစာ ပေးပို့ထားတယ်” ဟု မီဇိုရမ်ပြည်နယ်အခြေစိုက် မြန်မာလူမှုရေးအသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

မီဇိုရမ်ပြည်နယ်တွင် ယက္ကန်းအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအယောက် (၅၀ဝ) ကျော်ရှိပြီး အများစုမှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၊ ရွှေဘိုမြို့နယ်တို့မှဖြစ်ကြသည်။

မီဇိုရမ်ပြည်နယ်အတွင်း ဇွန်လ ၁၇ ရက်နေ့အထိ Covid-19 ရောဂါပိုးကူးစက်ခံစားရသူ (၁၂၁) ဦးရှိပြီး ပထမဆုံး ရောဂါပိုးကူးစက်ခံထားရသူမှာ သက်သာပျောက်ကင်းသွားပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.