Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကေလးၿမိဳ႕ UDP ပါတီအေနျဖင့္ ခ်င္းပါတီကို ၀န္းရံမည္ဟုဆို

ကေလးၿမိဳ႕ UDP ပါတီအေနျဖင့္ ခ်င္းပါတီကို ၀န္းရံမည္ဟုဆို

0
By Editor on October 30, 2020 Khonumthung

#Unicode

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ နှင်းဆီပါတီ(ခေါ်) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ပါတီအနေ ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့အထွေထွေရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကို ဝန်းရံသွားမည်ဟု ကလေးမြို့နယ် UDP ပါတီ ဥက္ကဌ ဦးဟုန်းထန်းကပြောသည်။

ဦးဟုန်းထန်းက “ကျွန်တော်တို့ပါတီထူထောင်လာတယ်ဆိုတာက ကျွန်တော်တို့ အနိုင်ရချင်လို့ ပါတီထူထောင်တာဖြစ်တယ်။ ချင်းပါတီကလည်းအနိုင်ရချင်လို့ ချင်း ပါတီထူထောင်တာဖြစ်သလို အနိုင်ရပြီးရင် ကျွန်တော်တို့ချင်းလူမျိုး၊ ချင်းရှိတဲ့ရပ်ကွက် ၊အုပ်စုတွေကို အတတ်နိုင်ဆုံး ပါဝင်ပြီး ဖွံ့ဖြိုးပေးဖို့ အတွက် ကျွန်တော်လည်း ချင်းတိုင်းရင်းသားဖြစ်အတွက် ချင်းပါတီကိုလည်းနှစ်သက်ပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ နှင်းဆီပါတီကမဲထည့်မဲ့ ချင်းလူမျိုး ၄၈၀၀၀ နဲ့ဝန်းရံပေးမှာဖြစ်ပါတယ်” ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့ညနေပိုင်းက ကလေးမြို့နယ် CNLD ပါတီရုံးတွင် နှစ်ဖက်ပါတီမှ တာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။

ကလေးမြ်ို့နယ်တွင် ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) တွင် ပါတီဝင်အင်အား ချင်းလူမျိူး ၄၈၀၀၀ ခန့်ရှိသည်ဟု သိရသည်။

UDP ပါတီဥက္ကဌ ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့် ဟွာဟူသည် ထောင်ပြေးမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာ လ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။

ထို့နောက် UDP ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

#Zawgyi

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္အတြင္းရွိ ႏွင္းဆီပါတီ(ေခၚ) ညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီ(UDP) ပါတီအေန ျဖင့္ ႏို၀င္ဘာလ ၈ ရက္ေန႔အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(CNLD) ပါတီကို ၀န္းရံသြားမည္ဟု ကေလးၿမိဳ႕နယ္ UDP ပါတီ ဥကၠဌ ဦးဟုန္းထန္းကေျပာသည္။ 

ဦးဟုန္းထန္းက “ကြ်န္ေတာ္တုိ႔ပါတီထူေထာင္လာတယ္ဆုိတာက ကြ်န္ေတာ္တုိ႔ အႏုိင္ရခ်င္လုိ႔ ပါတီထူေထာင္တာျဖစ္တယ္။ ခ်င္းပါတီကလည္းအႏုိင္ရခ်င္လုိ႔ ခ်င္း ပါတီထူေထာင္တာျဖစ္သလုိ အႏုိင္ရျပီးရင္ ကြ်န္ေတာ္တုိ႔ခ်င္းလူမ်ဳိး၊ ခ်င္းရွိတဲ့ရပ္ကြက္ ၊အုပ္စုေတြကုိ အတတ္ႏုိင္ဆုံး ပါဝင္ျပီး  ဖြံ႔ျဖဳိးေပးဖုိ႔ အတြက္ ကြ်န္ေတာ္လည္း ခ်င္းတုိင္းရင္းသားျဖစ္အတြက္ ခ်င္းပါတီကုိလည္းႏွစ္သက္ပါတယ္။ ဒါေၾကာင့္ ႏိုဝင္ဘာလ ၈ ရက္ေန႔ေရြးေကာက္ပြဲမွာ ႏွင္းဆီပါတီကမဲထည့္မဲ့ ခ်င္းလူမ်ဳိး ၄၈၀၀၀ နဲ႔ဝန္းရံေပးမွာျဖစ္ပါတယ္။” ဟု ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္ၿပီး ေအာက္တိုဘာလ ၂၉ ရက္ေန႔ညေနပိုင္းက ကေလးၿမိဳ႕နယ္ CNLD ပါတီရံုးတြင္ ႏွစ္ဖက္ပါတီမွ တာ၀န္ရွိသူမ်ားက သေဘာတူလက္မွတ္ေရးထိုးခဲ့ၾကသည္ဟုသိရသည္။ 

ကေလးၿမ္ိဳ႕နယ္တြင္ ညီညြတ္ေသာ ဒီမိုကရက္တစ္ ပါတီ(UDP) တြင္ ပါတီ၀င္အင္အား ခ်င္းလူမ်ဴိး ၄၈၀၀၀ ခန္႔ရွိသည္ဟု သိရသည္။

UDP ပါတီဥကၠဌ ဦးေက်ာ္ျမင့္(ေခၚ) မိုက္ကယ္ေက်ာ္ျမင့္ ဟြာဟူသည္ ေထာင္ေျပးမႈျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာ လ ၂၉ ရက္ေန႔က အဖမ္းခံခဲ့ရၿပီး ရာဇသတ္ႀကီးပုဒ္မ ၂၂၄ ျဖင့္ အမႈဖြင့္ခံထားရသူျဖစ္သည္။

ထို႔ေနာက္ UDP ပါတီကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာလ ၁၇ ရက္ေန႔တြင္ ႏိုင္ငံေရးပါတီအျဖစ္မွ ဖ်က္သိမ္းလိုက္ျခင္း ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.