Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းချာတာမူကြမ်းကို မကြာမီ ညီလာခံခေါ်ယူပြီး အတည်ပြုဆောင်ရွက်မည်ဟု ICNCC ထုတ်ပြန်

ချင်းချာတာမူကြမ်းကို မကြာမီ ညီလာခံခေါ်ယူပြီး အတည်ပြုဆောင်ရွက်မည်ဟု ICNCC ထုတ်ပြန်

0
By Editor on April 14, 2025 Khonumthung

(004SS)

ချင်းချာတာမူကြမ်းကို မကြာမီအချိန်ကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်သည်။

ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး ယမန်နေ့က ၄ နှစ်ပြည့်သည့် အထိမ်းအမှတ်နေ့ထုတ်ပြန်ကြေညာချက်တွင် ထိုကဲ့သို့အသိပေးလာခြင်းဖြစ်သည်။

ICNCC သည် ချင်းညီနောင် (Chin Brotherhood) နှင့် နိုင်ငံရေး၊ စစ်ရေးတွင်အတူ ပူးပေါင်းဆောင်ရွက်နေပြီး ICNCC ကို အစုအဖွဲ့ ၇ ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ချင်းချာတာမူကြမ်းကိုလည်း ရွေးဆွဲခဲ့ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင် (Chin Brotherhood) အနေဖြင့် ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း စသည့် မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး မဟာမိတ်များနှင့်ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ICNCC က ဆိုသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ဘုံရန်သူ ဖြစ်သော စစ်အာဏာရှင် တိုက်ထုတ်ရာတွင် ချင်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များသည် အငြင်းပွားဖွယ်သမိုင်းကြောင်းနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကြရန်လည်း ICNCC က တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီမှ အတင်းအဓမ္မဖြင့် ကျင်းပရန်ကြိုးစားနေသော ရွေးကောက်ပွဲသည်လည်း ချင်းပြည်အတွင်း လုံးဝဆောင်ရွက်ကျင်းပနိုင်မည်မဟုတ်သလို ချင်းပြည်သူများအနေဖြင့်လည်း ပါဝင်ခြင်း၊ ထောက်ခံ ပံ့ပိုးခြင်းများ မလုပ်ကြရန် ICNCC က ကြိုတင်သတိပေးထားသည်။

ချင်းပြည်နယ်အတွင်းရှိ ကျန်ရှိနေသေးသော မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေး၊ အမျိုသားအကျိုးစီးပွား ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ICNCC က ထုတ်ပြန်ထားသည်။

ချင်းတော်လှန်ရေးအင်အားစုတွင် ချင်းလဲန်းကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဟူ၍ ၂ ဖွဲ့ရှိနေပြီး “ချင်းအမျိုးသားကောင်စီ” အဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားကြပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.