CDM ဝန်ထမ်းများဦးစားပေးမည်
ချင်းပြည် (Chinland) ကောင်စီရုံးတွင် လစ်လပ်လျက်ရှိသော အကြီးတန်းစာရေး ရာထူး ၁ နေရာအတွက် ဝန်ထမ်းခေါ် ယူလျက်ရှိကြောင်း ချင်းပြည်ကောင်စီ၏ စက်တင်ဘာ ၇ ရက်စွဲပါ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရာထူးအတွက် လျှောက်ထားသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ၊ ကွန်ပျူတာ ကျွမ်းကျင်သူ၊ ကျန်းမာရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည့်အပြင် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဖြစ်သည်။
လျှောက်ထားသူများအနက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဝန်ထမ်းများကို ဦးစားပေး ခန့်အပ်သွားမည်ဟု သိရသည်။
လျှောက်ထားလိုသူများသည် ကိုယ်ရေးအကျဉ်း၊ ဘွဲ့လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့် CDM ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ အထောက်အထားတို့ဖြင့် စက်တင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ချင်းပြည်ကောင်စီရုံး သို့မဟုတ် chinlandcouncilcc@protonmail.com သို့ အီးမေးလ်မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်သည်။
သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လျှောက်ထားသူများကို လူတွေ့ စစ်ဆေးခြင်း သို့မဟုတ် Zoom မှတစ်ဆင့် နှုတ်မေးနှုတ်ဖြေ စစ်ဆေးမှုများ ပြုလုပ်ပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

