Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်အစိုးရအဖွဲ့သစ်က စစ်ရေးစီမံချက်များအပါအဝင် ကဏ္ဍ ၇ ခုကို ဆွေးနွေးခဲ့ဟုဆို

ချင်းပြည်အစိုးရအဖွဲ့သစ်က စစ်ရေးစီမံချက်များအပါအဝင် ကဏ္ဍ ၇ ခုကို ဆွေးနွေးခဲ့ဟုဆို

0
By Editor on February 10, 2026 Khonumthung

(006SV)

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက် ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အသစ် ဦးဆောင်၍ စစ်ရေးစီမံချက်များ အပါအဝင် ကဏ္ဍ ၇ ခုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်မှ ၇ ရက်အထိ ချင်းလုံမြို့တွင် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၏ ပထမအကြိမ် အစည်းအဝေး အမှတ်စဉ် ၁/ ၂၀၂၆ ကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သော စစ်ရေးအခြေအနေများ ရှင်းလင်းခြင်းနှင့် စစ်ရေးစီမံချက်များ၊ နယ်မြေအငြင်းပွားမှု ဖြေရှင်းနိုင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်းနိုင်ရေး၊ ချင်းပြည်အတွင်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဘဏ္ဍာငွေ လျာထားခြင်းတို့ကို ဆွေးနွေးကြောင်း သိရသည်။

ထို့အပြင် ချင်းပြည်ပြည်သူ့ရဲတပ်ဖွဲ့ကိစ္စရပ်များ၊ ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရှိသော ချင်းပြည် BECA စာမေးပွဲကိစ္စရပ်များ၊ အစိုးရအဖွဲ့မှ ဒေသန္တရလူထု တွေ့ဆုံခြင်း အစီအမံရေးဆွဲခြင်းကိစ္စရပ်များ၊ ဖေဖော်ဝါရီလ၏ ရငွေ/သုံးငွေ စာရင်းရှင်းတမ်းကိစ္စရပ်များကိုလည်း‌ ဆွေးနွေးခဲ့သည်ဟု သိရသည်။

အစိုးရအဖွဲ့အစည်းအဝေးကို ဝန်ကြီးချုပ် ဆလိုင်းမျိုးထိုက်၊ ကာကွယ်ရေးဝန်ကြီး Pu Ram Kulh Cung ၊ ပြည်ထဲရေးဝန်ကြီး Pu Ram Chum Mang ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး Pu Maung Oo ၊ ကျန်းမာရေးဝန်ကြီး Dr. Sharon Par ၊ ပညာရေးဝန်ကြီး Salai James Neih Thung ၊ ရှေ့နေချုပ် Dr. Tial Hnin ၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီး Salai Za Thawng တို့ တက်ရောက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက ချင်းပြည်ကောင်စီ ဒုတိယသက်တမ်း၊ ဒုတိယအကြိမ်အစည်းအဝေးကျင်းပပြီး ချင်းပြည်အစိုးရအဖွဲ့ ဒုတိယသက်တမ်းအတွက် ဝန်ကြီးချုပ်အဖြစ် ဆလိုင်းမျိုးထိုက်ကို ရွေးချယ်တင်မြောက်ကာ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ အစိုးရဝန်ကြီးတချို့ကို ရွေးချယ်မခန့်ရသေးကြောင်း သိရသည်။

ချင်းပြည်အစိုးရအဖွဲ့၏ ပထမသက်တမ်းတွင် ဝန်ကြီးချုပ်အဖြစ် ပူးပါထန်းက ဦးဆောင်၍ ဝန်ကြီးဌာန ၁၅ ခုဖြင့် ဖွဲစည်းပြီး တရားသူကြီးချုပ်နှင့် အဖွဲ့ဝင် ၂ ဦးပါဝင်သော တရားလွှတ်တော်ချုပ်အပြင် စာရင်းစစ်ချုပ်တို့ဖြင့်ပါ ဖွဲ့စည်းခဲ့ကြောင်း၊ ချင်းပြည်အစိုးရအဖွဲ့၏ သက်တမ်းသည် ၂ နှစ် သတ်မှတ်ပြဌာန်းထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.