Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည် ပလက်၀မြို့နယ်တွင် AA ထောက်ခံစာပါမှသာ ဝင်/ထွက်သွားလာခွင့်ပြု

ချင်းပြည် ပလက်၀မြို့နယ်တွင် AA ထောက်ခံစာပါမှသာ ဝင်/ထွက်သွားလာခွင့်ပြု

0
By Editor on April 16, 2024 Khonumthung

(002MG)

ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် အာရက္ခတပ်တော် (AA) က ၎င်းတို့၏ ထောက်ခံစာပါမှသာ ဒေသခံပြည်သူများကို ဝင်/ထွက်သွားလာခွင့်ပြုသည်ဟု သိရသည်။

ပလက်၀မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပလက်၀မြို့မှ အခြားဒေသများသို့ ခရီးသွားလိုလျှင်သော်လည်းကောင်း၊ အခြားဒေသများမှ ပလက်၀မြို့ပေါ်သို့ ဝင်ရောက်လိုလျှင်သော်လည်းကောင်း အာရက္ခတပ်တော် (AA) ၏ ထောက်ခံစာပါမှသာ ဝင်/ထွက်သွားလာခွင့်ပြုသည်ဟု ပလက်၀ဒေသခံများထံမှ သိရသည်။

“သူတို့က ပလက်ဝမှာ အထွက်လဲ ထောက်ခံစာယူရတယ်၊ ဘယ်သူပဲဖြစ်ဖြစ် အဝင်လဲ ထောက်ခံစာပါမှ လက်ခံတယ်။ ပလက်ဝ မြို့ထဲမှာ AA ဂိတ်တွေ၊ တံတားဂိတ်တွေမှာ ဆမီးကနေဖြစ်ဖြစ် ကျောက်တော်ကနေဖြစ်ဖြစ် ထောက်ခံစာပါမှ လက်ခံတယ်။ ဒါမှမဟုတ်ရင် ဝင်လို့မရဘူး၊ ဆမီးကနေ ပလက်ဝကိုသွားမယ်ဆိုရင်တော့ ဆမီးမြို့က AA အုပ်ချုပ်ရေး အပိုင်းရဲ့ ထောက်ခံစာယူရတယ်၊ မပါရင်တော့ ပြန်ခေါက်ခိုင်းတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ပလက်ဝ ဒေသခံတစ်ဦးကပြောသည်။

အာရက္ခတပ်တော် (AA) သည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ချင်းပြည်နယ် ပလက်၀မြို့နယ်ကို ၂၀၂၃ ခုနှစ် နို၀င်ဘာ ၁၃ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပလက်၀မြို့နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ကဲ့သို့ ပလက်၀မြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) က ပလက်၀မြို့နယ်တွင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ပလက်၀မြို့ပေါ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ကျေးလက်ဒေသနှင့် နယ်စပ်ဘက်ကို ခရီးသွားလိုပါက မြို့ပေါ်ရှိ AA မှခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများထံသို့ ကျပ်ငွေ ၁၀၀၀ ဖြင့် ထောက်ခံစာများယူရသည်ဟု သိရသည်။

ထောက်ခံစာမပါဘဲ ခရီးသွားပါက AA တပ်ဖွဲ့၏ စစ်ဆေးဂိတ်များကို ဖြတ်သန်းခွင့်မရှိဘဲ ပြန်လှည့်ခိုင်းသည်ဟု ဒေသခံများထံမှ သိရသည်။

“ပလက်၀မြို့ကနေ အိန္ဒိယနယ်စပ်ဘက်ကိုလာရင်လည်း AA ရဲ့ထောက်ခံစာယူရတယ်၊ အဲဒါမပါရင် သွားလို့မရဘူး” ဟု ပလက်၀ဒေသခံတစ်ဦးက ပြောသည်။

ပလက်ဝမြို့ပေါ်ရှိ ဒေသခံအများစုသည် တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ရာမှ နေရပ်မပြန်လာကြသေးဘဲ ယခုလက်ရှိ မြို့ပေါ်တွင်အိမ်ထောင်စု ၃၀၀ ဝန်းကျင်ခန့်သာရှိသည်ဟု သိရသည်။

တချိန်တည်းမှာပဲ ပလက်၀မြို့နယ်ထဲက ဒေသခံများ၏ ပိုင်ဆိုင်မှုစာရင်း၊ အိမ်ထောင်စုစာရင်းများကို AA က ကောက်ခံမှုများလည်းရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရိခေါဒါရ်မြို့က ဘိန်းဖြူဖမ်းဆီးရမိသော မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီး

အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.