Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည် ပလက်၀မြို့နယ်တွင် AA ထောက်ခံစာပါမှသာ ဝင်/ထွက်သွားလာခွင့်ပြု

ချင်းပြည် ပလက်၀မြို့နယ်တွင် AA ထောက်ခံစာပါမှသာ ဝင်/ထွက်သွားလာခွင့်ပြု

0
By Editor on April 16, 2024 Khonumthung

(002MG)

ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် အာရက္ခတပ်တော် (AA) က ၎င်းတို့၏ ထောက်ခံစာပါမှသာ ဒေသခံပြည်သူများကို ဝင်/ထွက်သွားလာခွင့်ပြုသည်ဟု သိရသည်။

ပလက်၀မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပလက်၀မြို့မှ အခြားဒေသများသို့ ခရီးသွားလိုလျှင်သော်လည်းကောင်း၊ အခြားဒေသများမှ ပလက်၀မြို့ပေါ်သို့ ဝင်ရောက်လိုလျှင်သော်လည်းကောင်း အာရက္ခတပ်တော် (AA) ၏ ထောက်ခံစာပါမှသာ ဝင်/ထွက်သွားလာခွင့်ပြုသည်ဟု ပလက်၀ဒေသခံများထံမှ သိရသည်။

“သူတို့က ပလက်ဝမှာ အထွက်လဲ ထောက်ခံစာယူရတယ်၊ ဘယ်သူပဲဖြစ်ဖြစ် အဝင်လဲ ထောက်ခံစာပါမှ လက်ခံတယ်။ ပလက်ဝ မြို့ထဲမှာ AA ဂိတ်တွေ၊ တံတားဂိတ်တွေမှာ ဆမီးကနေဖြစ်ဖြစ် ကျောက်တော်ကနေဖြစ်ဖြစ် ထောက်ခံစာပါမှ လက်ခံတယ်။ ဒါမှမဟုတ်ရင် ဝင်လို့မရဘူး၊ ဆမီးကနေ ပလက်ဝကိုသွားမယ်ဆိုရင်တော့ ဆမီးမြို့က AA အုပ်ချုပ်ရေး အပိုင်းရဲ့ ထောက်ခံစာယူရတယ်၊ မပါရင်တော့ ပြန်ခေါက်ခိုင်းတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ပလက်ဝ ဒေသခံတစ်ဦးကပြောသည်။

အာရက္ခတပ်တော် (AA) သည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ချင်းပြည်နယ် ပလက်၀မြို့နယ်ကို ၂၀၂၃ ခုနှစ် နို၀င်ဘာ ၁၃ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပလက်၀မြို့နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ကဲ့သို့ ပလက်၀မြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) က ပလက်၀မြို့နယ်တွင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ပလက်၀မြို့ပေါ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ကျေးလက်ဒေသနှင့် နယ်စပ်ဘက်ကို ခရီးသွားလိုပါက မြို့ပေါ်ရှိ AA မှခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများထံသို့ ကျပ်ငွေ ၁၀၀၀ ဖြင့် ထောက်ခံစာများယူရသည်ဟု သိရသည်။

ထောက်ခံစာမပါဘဲ ခရီးသွားပါက AA တပ်ဖွဲ့၏ စစ်ဆေးဂိတ်များကို ဖြတ်သန်းခွင့်မရှိဘဲ ပြန်လှည့်ခိုင်းသည်ဟု ဒေသခံများထံမှ သိရသည်။

“ပလက်၀မြို့ကနေ အိန္ဒိယနယ်စပ်ဘက်ကိုလာရင်လည်း AA ရဲ့ထောက်ခံစာယူရတယ်၊ အဲဒါမပါရင် သွားလို့မရဘူး” ဟု ပလက်၀ဒေသခံတစ်ဦးက ပြောသည်။

ပလက်ဝမြို့ပေါ်ရှိ ဒေသခံအများစုသည် တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ရာမှ နေရပ်မပြန်လာကြသေးဘဲ ယခုလက်ရှိ မြို့ပေါ်တွင်အိမ်ထောင်စု ၃၀၀ ဝန်းကျင်ခန့်သာရှိသည်ဟု သိရသည်။

တချိန်တည်းမှာပဲ ပလက်၀မြို့နယ်ထဲက ဒေသခံများ၏ ပိုင်ဆိုင်မှုစာရင်း၊ အိမ်ထောင်စုစာရင်းများကို AA က ကောက်ခံမှုများလည်းရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.