Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည် (Chinland) အစိုးရမှ သူနာပြုနှင့်သားဖွားပညာဒီပလိုမာ ဒုတိယအသုတ် ခေါ်ယူ

ချင်းပြည် (Chinland) အစိုးရမှ သူနာပြုနှင့်သားဖွားပညာဒီပလိုမာ ဒုတိယအသုတ် ခေါ်ယူ

0
By Editor on July 3, 2025 Khonumthung

(004SS)

ကြားကာလ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားသင်တန်းကျောင်းများနှင့် ပူးပေါင်း၍ သူနာပြုနှင့် သားဖွားပညာဒီပလိုမာသင်တန်း ဒုတိယအသုတ်အား ခေါ်ယူလက်ခံမည်ဖြစ်ကြောင်း ချင်းပြည် (Chinland) အစိုးရ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (Ministry of Health and Sports, Government of Chinland) က ထုတ်ပြန်ကြေညာသည်။

ချင်းပြည်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ကျော်လွှားနိုင်ရန်နှင့် ချင်းပြည်၏ ပိုမိုလိုအပ်သောနေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ Diploma in Nursing and Midwifery program (Academic 3 year) course ကို စတင်ခဲ့ခြင်းဟု သိရသည်။

သင်တန်းကို ချင်းပြည်အတွင်းရှိ သူနာပြုကျောင်းများတွင် ၃ နှစ် တက်ရောက်ရမည်ဖြစ်ကာ သင်တန်းသူ/သား အကန့်အသတ်ဖြင့် အယောက် ၇၀ သာ လက်ခံမည်ဖြစ်ပြီး လျှောက်လွှာကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တနာက်ဆုံးထား လက်ခံသွားမည်ဟု သိရသည်။

သင်တန်းကို ၂၀၂၁ ခုနှစ်မတိုင်မီက တက္ကသိုလ်ဝင်တန်းအောင်မြင်သူ သို့မဟုတ် ၂၀၂၁ နောက်ပိုင်း NUG မှ ၁၀ တန်း (စနစ်ဟောင်း) သို့မဟုတ် ၁၂ တန်း အောင်မြင်ပြီးသူများနှင့် ချင်းပြည်အစိုးရ၏ Pre-college တက်ရောက်နေသူ သို့မဟုတ် ပြီးဆုံးသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

ထို့အပြင် လျှောက်ထားသူများသည် အသက် ၂၅ နှစ်အောက် သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူများအား ဦးစားပေးမည်ဖြစ်ကာ အခြေခံပညာအဆင့် အကဲဖြတ်လက်မှတ် (Basic Education Assessment Certificate) ဟုခေါ်သော BEAC အဆင့်သတ်မှတ်ချက် အနည်းဆုံး C အဆင့်ရရှိထားသူ၊ ပညာရေးအထောက်အထားများ တင်ပြနိုင်ပြီး လူတွေ့ စစ်ဆေးမှုတွင် ပါဝင်ဖြေဆိုနိုင်သူ၊ သင်တန်းတစ်ခုလုံးတက်ရောက်နိုင်ပြီး ချင်းပြည်တွင် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု ဖော်ပြထားသည်။

ထို့နောက် နိုင်ငံခြားမှ အောင်မြင်သူများအနေဖြင့် အောင်လက်မှတ်နှင့်အတူ ကျောင်းအုပ်ထောက်ခံစာတင်ပြရန် လိုအပ်မည်ဟု ကြေညာချက်တွင် ပါရှိသည်။

သူနာပြုနှင့် သားဖွားပညာဒီပလိုမာသင်တန်း ဒုတိယအသုတ်အား တက်ရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် Messenger မှတစ်ဆင့် Google Form လင့်ခ်တောင်းယူ၍ဖြစ်စေ၊ သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များထံမှ လျှောက်လွှာရယူကာ လျှောက်ထားနိုင်ကြောင်း သိရသည်။

ဆက်သွယ်ရန် – https://www.facebook.com/profile.php?id=61557085830908

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်လင်းပီမြို့ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးရာထူးနေရာများ ခေါ်ယူနေ

CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား

ကလေးမြို့က တပတ်ကျော်ကြာ ပျောက်ဆုံးခဲ့သော ကျောင်းသား ၆ ဦး ပြန်လည်တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.