Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းလဲန်းကောင်စီဥက္ကဌ၊ ချင်းပြည်အစိုးရအဖွဲ့ဝန်ကြီးချုပ်အပါအဝင် ချင်းလဲန်းအစိုးရအဖွဲ့ဝင်များကို ရွေးကောက်ပွဲဥပဒေဖြင့် စစ်ကော်မရှင်က အမှုဖွင့်

ချင်းလဲန်းကောင်စီဥက္ကဌ၊ ချင်းပြည်အစိုးရအဖွဲ့ဝန်ကြီးချုပ်အပါအဝင် ချင်းလဲန်းအစိုးရအဖွဲ့ဝင်များကို ရွေးကောက်ပွဲဥပဒေဖြင့် စစ်ကော်မရှင်က အမှုဖွင့်

0
By Editor on September 25, 2025 Khonumthung

(006SV)

အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်းနှင့် လှုံဆော်ခြင်းတို့ကြောင့်ဟုဆိုကာ ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းလဲန်းကောင်စီ ဥက္ကဌနှင့် ချင်းပြည်အစိုးရဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင် ၁၇ ဦးကို ရွေးကောက်ပွဲကာကွယ်ပေးရေး ဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ဩဂုတ်လ ၃၁ ရက်က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြော ခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်ခဲ့သောကြောင့်ဟုဆိုကာ ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေး ဥပဒေဖြင့် စက်တင်ဘာလ ၄ ရက်တွင် ဟားခါးမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု စစ်ကော်မရှင်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီး ဌာနက ထုတ်ပြန်သည်။

အမှုဖွင့်ခံရသူများတွင် ချင်းလဲန်းကောင်စီ ဥက္ကဌ ပူဇင်ကျုံး ၊ ချင်းလဲန်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးပါထန်၊ ဒေါက်တာ ရွှေခါရ်း၊ ဦးရိုဘင်၊ ဦးစိန်အောင်၊ ဆလိုင်းခရော်စ်ထန်း၊ ဒေါက်တာ ရှရွန်ပါရ်၊ ဦးဆလိုင်းမနားကီး၊ ဆလိုင်းဂျိုးဇက် လားရမ်းလော်မာ၊ ဒေါ်နီဆွီလျန်၊ ဦးမောင်ဦး၊ ဒေါက်တာ တိာနှင်း၊ ဦးထန်ကမ်းလျန်၊ ဦးဇလိုင်းဇထောင်း၊ ဦးထောင်ဇလျန်း၊ ဦးမန်အုပ်ခမ်နှင့်၊ ဦးဟာမိုရုန်းလျန်တို့ ၁၇ ဦးတို့ အမှုဖွင့်ခံထားရခြင်းဖြစ်သည်ဟု ပြည်မအခြေစိုက် ခေတ်သစ်သတင်းဌာနနှင့် ပြည်တွင်းအခြေစိုက် Eleven Media Group သတင်းဌာနက ရေးသားထားသည်။

ထို့အပြင် ဩဂုတ်လ ၁၂ ရက်က KNU ဖေ့ဘွတ်စာမျက်နှာတွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက စစ်ကော်မရှင်၏ ရွေးကောက် ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်းကြောင့်ဟုဆိုကာ ဩဂုတ်လ ၂၉ ရက်မှာ လှိုင်းဘွဲ့မြို့မရဲစခန်းတွင် (ပ) ၁၃/ ၂၀၂၅ ဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဩဂုတ် ၃၀ ရက်က ရွေးကောက်ပွဲပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည့် KNU ခေါင်းဆောင်များဖြစ်သည့် ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောဆဲဂေ၊ ပဒိုတာဒိုမူး၊ ပဒိုစောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ စောဂျော်နီ၊ စောတာမလာသော၊ ပဒိုစော လော်အယ်မူး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါးနှင့် ပဒိုစောတောနီးတို့ကိုလည်း စက်တင်ဘာ ၁ ရက်တွင် လှိုင်းဘွဲ့မြို့မရဲ စခန်းမှာ အမှုဖွင့်ထားသည်ဟု သိရသည်။

ဩဂုတ်လ ၂၆ ရက်က စည်းရုံးဟောပြောသည့် KNU မှ စောဆာပုလဲဒီဝမ်းကို စက်တင်ဘာ ၉ ရက်တွင် လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံ နယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ်ထားသည်ဟု သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားစေရန် လုပ်ဆောင်သည်ဟု ဆိုကာ အရပ်သား ပြည်သူ ၁၀ ဦးဝန်းကျောင်ကိုလည်း ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် အမှုဖွင့်အရေး ယူမှုများ လုပ်ဆောင်ခဲ့သည်။

ချင်းပြည်နယ်တွင် စစ်ကော်မရှင်က မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်သည့် ဟားခါးနှင့် တီးတိန်မြို့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပသွား မည်ဟု ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.