Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းအမျိုးသားတက္ကသိုလ်က Diploma in Community Development သင်တန်း ဖွင့်လှစ်မည်

ချင်းအမျိုးသားတက္ကသိုလ်က Diploma in Community Development သင်တန်း ဖွင့်လှစ်မည်

0
By Editor on August 18, 2026 Khonumthung

(006SV)

ချင်းအမျိုးသားတက္ကသိုလ် (CNU) က ယခုနှစ် စက်တင်ဘာလတွင် Diploma in Community Development သင်တန်းကို စတင်ဖွင့်လှစ်မည်ဖြစ်၍ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ လျှောက်ထားနိုင်သည်ဟု သိရသည်။

အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၏ ပညာသင်နှစ်ကို ၂၀၂၇ ခုနှစ် ဩဂုတ်လတွင် တပြေးညီ စတင်ဖွင့်လှစ်ရန် စီစဉ်ထားပြီး အဆိုပါ အဆင့်မြင့်ပညာသင်နှစ် မစတင်မီကာလအတွင်း Diploma in Community Development သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်ဟု CNU ထံမှ သိရသည်။

၉ လတာ ကြာမြင့်မည့် အဆိုပါဒီပလိုမာသင်တန်းကို ဩဂုတ်လ ၃၀ ရက် နောက်ဆုံးထား၍ လျှောက်ရမှာဖြစ်ပြီး Google forms ဖြင့် လျှောက်ထားနိုင်သကဲ့သို့ Google Forms ဖြင့် လျှောက်ထားရင် အဆင်မပြေသူများသည် chinnationaluniversity@gmail.com သို့‌ လျှောက်လွှာများ တောင်းယူနိုင်သည်ဟု သိရသည်။

အခြေခံပညာပြီးမြောက်ကြောင်းလက်မှတ် (BECC of Chinland MoE or NUG MoE) ရရှိထားသူများ၊ စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ဆက်မတက်တော့ဘဲ ရပ်နားထားသူများ ၊ အိမ်နီးချင်းနိုင်ငံများမှ Grade 12 အောင်မြင်ခဲ့သူများ GED (General Education Development) နှင့် IGCSE (International General Certificate of Secondary Education) စာမေးပွဲ ဖြေဆိုအောင်မြင်ထားသူများ ၊ တိုင်းရင်းသား ပညာရေးစနစ်များမှ အထက်တန်းပညာ ပြီးမြောက်အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်ဟု သိရသည်။

သတ်မှတ်ချက်များနှင့် ပတ်သက်၍ ချင်းအမျိုးသားတက္ကသိုလ်၊ ပညာရေးအဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး လိုအပ်သော ပညာအရည်အချင်း လက်မှတ် အထောက်အထားမိတ္တူများ၊ သက်ဆိုင်ရာ မြို့နယ်/ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာန၏ ထောက်ခံစာများ လျှောက်လွှာတွင် ပူးတွဲထည့်ပေးရမည်ဟု သိရသည်။

CNU သို့ အချိန်မီ မရောက်ရှိသော လျှောက်လွှာများနှင့် ပြည့်စုံစွာ မဖြည့်သွင်းထားသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှ Grade 12 အောင်မြင်သူများအနေဖြင့် အောင်လက်မှတ်အပြင် ကျောင်းအုပ် ထောက်ခံစာပါ ပူးတွဲတင်ပြနိုင်ရမည်ဟု သိရသည်။

လျှောက်ထားသူများအနေဖြင့် သင်တန်းပြီးဆုံးသည်အထိ အမှန်တကယ် တက်ရောက်နိုင်သူဖြစ်ရမှာဖြစ်ပြီး ဝင်ခွင့်ရပါက တက္ကသိုလ်ဘက်က ပြန်လည်အကြောင်းကြားပေးမည်ဟု သိရသည်။

အဆိုပါသင်တန်းသည် စာမေးပွဲကြေး၊ ဘွဲ့နှင်းသဘင်ကြေးနှင့် စာရွက်စာတမ်းကြေးများအပြင် ဝင်ကြေး၊ ကျောင်းစာရိတ်၊ ကျန်းမားရေးစောင့်ရှောက်မှု၊ အားကစား၊ စာကြည့်တိုက်၊ အဆောင်နေ ကျောင်းသား/သူများအတွက် အဆောင်ခ နှင့် အစားအသောက် စသဖြင့် စုစုပေါင်း ၁၉ သိန်းကျော် ကုန်ကျမည်ဟု သိရသည်။

Google Form လျှောက်လွှာ – https://docs.google.com/forms/d/e/1FAIpQLScYeI9z74gKRENvVkr2Gs0WfcwmXQUM5Wy4H3dipE0HrsHXDQ/viewform ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ကင်ဆာရောဂါဖြင့်ကွယ်လွန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.