Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းအမျိုးသားပဋိညာဉ်ကို အတည်ပြုပြဌာန်းလိုက်ပြီး ICNCC ကို ပြင်ဆင်ဖွဲ့စည်းခဲ့ဟုဆို

ချင်းအမျိုးသားပဋိညာဉ်ကို အတည်ပြုပြဌာန်းလိုက်ပြီး ICNCC ကို ပြင်ဆင်ဖွဲ့စည်းခဲ့ဟုဆို

0
By Editor on January 9, 2026 Khonumthung

(006SV)

ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) သည် ညီလာခံကျင်းပ၍ ချင်းအမျိုးသား ပဋိညာဉ်ကို အတည်ပြုပြဌာန်းလိုက်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်သည်ဟု ယနေ့ မှာ ကြေညာသည်။

ပထမအကြိမ် ညီလာခံကို ICNCC က ကြီးမှူး၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ယနေ့ ဇန်နဝါရီလ ၉ ရက်မှာ ထုတ်ပြန်သည်။

ညီလာခံတွင် ချင်းအမျိုးသား ပဋိညာဉ်ကို ကန့်ကွက်သူ မရှိ အတည်ပြုနိုင်ခဲပြီး အတည်ပြဌာန်းလိုက်သော အဆိုပါပဋိညာဉ်အရ ICNCC ကို ချင်းပြည်နယ် ရွေးကောက်တင်မြောက်ခံရပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်သော ကိုယ်စားလှယ်များ အစုအဖွဲ့၊ ချင်းညီနောင်၏ စစ်ရေး၊ နိုင်ငံရေး ကိုယ်စားလှယ်များအစုအဖွဲ့နှင့် စစ်ကော်မရှင်နှင့် ပူးပေါင်းခြင်း မရှိသော နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ CDMers များ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ၊ သပိတ်အဖွဲ့များနှင့် နိုင်ငံရပ်ခြားမှ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သော အစုအဖွဲ့ ၊ စုစုပေါင်း အစုအဖွဲ့ ၃ ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ICNCC သည် ချင်းပြည်ထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်ခဲ့သော ချင်းညီနောင်၏ စိုးမိုးနယ်မြေများတွင် နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ်အသွင်ဖြင့် ချင်းပြည်နှင့် ချင်းပြည်လူထုအား ဝန်ဆောင်မှု ပေးအပ်သွားမည်ဟု ဆိုသည်။

နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ် အသွင်ဖြင့် ဆောင်ရွက်ရာမှာ အဆင်ပြေလွယ်ကူ စေရန် ကောင်စီဝင် ၁၉ ဦး ပါဝင်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ညီလာခံတွင် ရွေးချယ်ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ညီလာခံတွင် တော်လှန်ရေးမှာ ပါဝင်သော ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းညီနောင်အဖွဲ့ဝင်များ၊ စစ်ကော်မရှင်နှင့် မပူးပေါင်းသော နိုင်ငံရေးပါတီ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ CDMers များ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ ဧည့်သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း ၉၇ ဦး တက် ရောက်သည်ဟု သိရသည်။

ICNCC အနေဖြင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ဖယ်ရှား၍ တရားမျှတမှုနှင့် တန်းတူညီတူရှိမှုကို အခြေခံသော ချင်းပြည်ကို စုစည်းတည်ဆောက်နိုင်ရန်နှင့် အမျိုးသားတန်းတူရေးကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်၏ အတုအယောင်ကျင်းပရမည့် ချင်းအမျိုးသားနေ့သို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် CDF-Hakha အသိပေး

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

ချင်းဒုက္ခသည်အများစုနေထိုင်သည့် နယူးဒေလီမြို့ရပ်ကွက်တစ်ခုမှာ နေ့ခင်းကြောင်တောင် ကလေးခိုးမှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.