Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်ရမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့တွင် ၁၀ နှစ်ရွယ် ကလေးငယ်တစ်ဦးသေဆုံး

စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်ရမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့တွင် ၁၀ နှစ်ရွယ် ကလေးငယ်တစ်ဦးသေဆုံး

0
By Editor on February 11, 2023 Khonumthung

ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သားများ၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်ရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် မြို့ဝင်ဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် CDF-Mindat တို့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ရဲတပ်သား ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်သည်။

ယင်းထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် တိုက်ပွဲနှင့်မသက်ဆိုင်သော အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့သည်ဟု CDF-Mindat က ဆိုသည်။

အထိနာနေသော စစ်ကောင်စီတပ်သားများသည် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်အတွင်းရှိ ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် မီးရှို့ခံထားရသော နေအိမ်အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း CDF-Mindat က သတင်းထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.