ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ခမရ-၃၀၄ လက်အောက်ခံတပ်သား လင်းထက်အောင်သည် ပြီးခဲ့သည့် ဇန္နဝါရီလ ၃၀ ရက်နေ့က CDF-Kanpetlet ထံ လက်နက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားလင်းထက်အောင်သည် MA 1- ၁ လက်၊ MA ကျည်ဆံ – ၃၃၆ တောင့်၊ နင်းမိုင်း- ၁ လုံး၊ လက်ပစ်မိုင်း- ၁ လုံး၊ အီနာဂါ -၂ လုံး၊ စကားပြောစက် – ၁ လုံး၊ ကျည်ကာအင်္ကျီ – ၁ ထည် တို့နှင့် အတူလာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း CDF-Kanpetlet က ယနေ့ သတင်းထုတ်ပြန်သည်။