(002MG)
ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော ဆဲန်ထန်းဗဟိုကောင်စီထိန်းချုပ်ထားသည့်နယ်မြေအတွင်းရှိ လူငယ်များ ထောက်ခံစာမပါဘဲ နယ်မြေဖြတ်သန်းခွင့်မပြုကြောင်း ဖေဖော်ဝါရီ ၅ ရက် ယနေ့တွင် ထုတ်ပြန်ထားသည်။
ဆဲန်ထန်းဗဟိုကောင်စီထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၁၅ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များအနေဖြင့် ဆဲန်ထန်းနယ်မြေအတွင်းမှ နယ်မြေဖြတ်ကျော်လိုပါက ကာကွယ်ရေး၊ပြည်ထဲ ရေးဌာနများထံ (၇) ရက်ကြိုတင် တရား ဝင် ထောက်ခံစာတောင်းခံရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။
သက်ဆိုင်ရာဌာနထောက်ခံချက်များမရှိပါက နယ်စပ်ဂိတ်များတွင်ဖြတ်သန်းခွင့်ပြုမှာမဟုတ်သည့်အပြင် တော်လှန် ရေးကာလဆဲန်ထန်း ကာ ကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအမိန့်ညွှန် ကြားချက်အတိုင်း ဆောင်ရွက်သွားမည် ကြောင်း ဆဲန်ထန်းဗဟိုကောင်စီက ထုတ်ပြန်ထားသည်။
ဆဲန်ထန်းဗဟိုကောင်စီသည် နွေဦးတော် လှန်ရေးအတွင်း အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေး အတွက် ဆဲန်ထန်းတော်လှန်ရေးတပ်ဖွဲ့ ( Senthang Revolution Force ) အားဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်သူများထောက်ခံမှုဖြင့် (CDM) မှ နွေဦးတော်လှန် ရေးအောင်နိုင်ရေးသို့ ဦးတည်ကာ တစိုက်မတ်မတ်ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

