(002MG)
စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၁) စစ်ဒေသ ကွပ်ကဲရေးရုံးအောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ခွင့်လွန် ရဲဘော်များအားလုံး သက်ဆိုင်ရာ တပ်ရင်းများသို့ တာဝန်ပြန်လည်ထမ်းဆောင်ရန်ကြရန် အမျိုးသားညီညွတ် ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသဌာနချုပ် တမူးခရိုင်ကွပ်ကဲရေးရုံးက ဇန်နဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်သည်။
အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွက်ကဲရေးရုံးနှင့် ၎င်းတို့ကွက်ကဲမှုအောက်တွင်ရှိသည့် အမှတ်(၁) တပ်ရင်း၊ အမှတ်(၂) တပ်ရင်း၊ အမှတ်(၃) တပ်ရင်း၊ အမှတ်(၄) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့မှ ရဲဘော်များအားလုံး ပြန် လည် တာဝန်ထမ်းဆောင်ကြရန် ဆင့်ခေါ်ြခင်းဖြစ်သည်။
ခွင့်လွန်(သို့မဟုတ်) အကြောင်းအမျိုးမျိုးကြောင့်တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေကြသော ရဲဘော်များအနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ (၃၁) ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာတပ်ရင်းများသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းပို့ကာ တာဝန်ထမ်းဆောင်ရမည်ဟု ဖော်ပြထား သည်။
ပြန်လည်သတင်းပို့ တာဝန်ထမ်းဆောင်ခြင်းမရှိပါက ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ စစ်ဥပဒေအတိုင်း ဖမ်းဆီး အရေးယူသွားမည်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန အ မှတ် (၁) စစ်ဒေသဌာနချုပ် တမူးခရိုင်ကွပ်ကဲရေးရုံးက အသိပေး ထုတ်ပြန်ထားသည်။

