Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုကို လက်မခံကြောင်း ZFU/တီးတန် ပအဖ တုန့်ပြန်

တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုကို လက်မခံကြောင်း ZFU/တီးတန် ပအဖ တုန့်ပြန်

0
By Editor on October 8, 2024 Khonumthung

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) က အောက်တိုဘာလ ၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်သော တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို လက်မခံကြောင်း ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တွန်းဇန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ညွှန်ကြားချက်အရ စတင်ဖွဲ့စည်းခဲ့ပြီး၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)၊ မြို့နယ်ပြည်သူလူထုနှင့် အတူလက်တွဲကာ ယနေ့အချိန်ထိ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအား တစိုက်မတ်မတ် ဖော်ဆောင်လျက်ရှိသည်ဟု ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လာသည်။

People Defence Army (PDA-Tedim) က တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းသော ကြေညာချက်သည် ချင်းပြည်နယ်တစ်ခုလုံးကို စိုးမိုးခြယ်လှယ်လိုသည့် CNF/CNA ၏ ညစ်ပတ်သော နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ပြီး တရားဝင်မှုမရှိကြောင်းနှင့် တီးတိန်မြို့နယ်ရှိ ပြည်သူလူထုမှလည်း လုံးဝ(လုံးဝ) လက်မခံကြောင်း အသိပေးကြေညာလိုက်သည်ဟု ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်မှ ၂၈ ရက်အထိ PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) သည် တီးတိန်မြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁၁၂ ဦး ပါဝင်သော အစည်းအဝေးကို ကျင်းပခဲ့ကြပြီး တီးတိန်မြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို အောက်တိုဘာလ ၇ ရက်နေ့ကဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.