(002MG)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကော်မရှင်တပ်ဖွဲ့က ယနေ့ ညနေ (၆) နာရီ ဝန်းကျင်မှာ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု တီးတိန်မြို့ခံတဦးက ပြော သည်။
“ညနေ ခြောက်နာရီဝန်းကျင်မှာ စစ်ကော်မရှင်က ဒရုန်းနဲ့ လေတော့တန့်ရပ်ကွက်နေရာကို ဗုံးကြဲတာ ကြောင့် အိမ်နှစ် လုံးထိခိုက်တယ်၊ တစ်လုံးကတော့ ဆိုးရွာစွာထိခိုက်ပျက်စီးသွားပြီး လူတော့အ ထိအခိုက်မရှိပါဘူး” ဟု တီးတိန်မြို့ ခံတစ်ဦးကပြောသည်။
ဗုံးကြဲခံရသည့် နေအိမ်မှာ တီးတိန်မြို့ Leitawhtan ရပ်ကွက်ရှိ ဦးထွန်းဇာမန် (Pa Tun Za Mang) ၏ နေအိမ်ဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနားရှိ ဦးပွန်ခန့်အင်ပေါင် (Pa Pum Khan En Pau) ၏ နေအိမ်လည်း ထိခိုက်ပျက် စီးမှုများရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၄) ရက်နေ့က တီးတိန်မြို့နှင့် ကလေးမြို့အကြားရှိ စစ်ရေးအရ အချက်အချာ ကျသော ကနေဒီ တောင်ပေါ်မှ စစ်ကော်မရှင်တပ်စခန်းကို ချင်းညီနောင်အဖွဲ့ဝင် PDF-Zoland နှင့် ချင်းလဲန်း ကောင်စီအဖွဲ့ဝင် CDF-CDM Siyin ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ယင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ယောက်သေဆုံးပြီး ဗိုလ်မှုူး ၁ ဦးအပါ အဝင် စစ်သုံ့ပန်း (၂၀) ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

