Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

0
By Editor on August 28, 2026 Khonumthung

(004SS)

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် Nakzang ကျေးရွာရှိ ZRA-EC ၏ စခန်းတစ်ခုကို ယနေ့ သြဂုတ်လ ၂၈ ရက်နေ့တွင် CDF-တွန်းဇံတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

စခန်းစီးနင်းမှုအတွင်း ZRA တပ်ဖွဲ့ဝင်များ၏ ကျည်ဘောက်များ အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး ZRA တပ်ဖွဲ့ဝင်များမှာ စခန်းကို စွန့်ခွါ ထွက်ပြေးသွား ကြကြောင်း CDF- တွန်းဇံက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း CDF တွန်းဇံ တပ်ဖွဲ့ဝင်များ ဘက်မှ အထိအခိုက်မရှိဘဲ မိခင်စခန်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ကြ ကြောင်း သိရသည်။

ယခင်က စစ်ဘေးရှောင် ပြည်သူတစ်ဦးဖြစ်သူ ဂဲလ်မွာလ်ကျေးရွာသား ဦးထန်လမ်းခုပ် ကို CDF တွန်းဇံ တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ZRA-EC က ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့်အပြင် ZRA တပ်ဖွဲ့သည် စစ်ကောင်စီ တပ်များနှင့် ပူးပေါင်းကာ ဒေသခံ ပြည်သူများကို ဒုက္ခပေးနေသည့်အတွက် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်နောင်တွင်လည်း Chinland Council (CC) နှင့် အခြားသောမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ တွန်းဇံမြို့နယ်အား ပြန်လည်စိုးမိုး သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု CDF တွန်းဇံ ကပြောသည်။

Nakzang စခန်း သိမ်းပိုက်ခံလိုက်ရသည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ZRA -EC အနေဖြင့် Nakzang စခန်းကို CDF-Tonzang က လာရောက် တိုက်ခိုက်သော်လည်း လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းမရှိဘဲ ဆက်လက် ထိန်းချုပ်စိုးမိုးထားဆဲ ဖြစ်ကြောင်း ZRA-EC ဘက်တာဝန်ရှိသူ Peter Kimm Thang က သူ၏ လူမှုကွန်ယက်တွင် ထုတ်ပြန်ထားသည်။

Nakzang ကင်းစခန်းတွင် ZRA တပ်ဖွဲ့ဝင် အင်အား ၇ ဦးခန့်သာရှိနေချိန် CDF တွန်းဇံ ဘက်မှ အင်အား ၂၀ ခန့်ဖြင့် အဝေးမှ လာရောက်ပစ်ခတ်ခဲ့ခြင်းဟု ၎င်းကဆိုသည်။

ZRA ရဲဘော်များ၏ ပြန်လည်ခုခံမှုကြောင့် CDF တွန်းဇံ တပ်ဖွဲ့ဝင်များမှာ အန်လွန်း ကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရပြီး ခိုင်ကမ်း လမ်းအတိုင်း ဆိုင်ကယ် ၇ စီးဖြင့် ထွက်ပြေးသွားခဲ့ကြကြောင်း ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.