Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နယူးဒေလီက လက်ရှိ ဆန္ဒပြပွဲများအတွင်း မြန်မာစစ်ဘေးရှောင်များ မပါဝင်ရန် ချင်းဒုက္ခသည်ကော်မတီ သတိပေး

နယူးဒေလီက လက်ရှိ ဆန္ဒပြပွဲများအတွင်း မြန်မာစစ်ဘေးရှောင်များ မပါဝင်ရန် ချင်းဒုက္ခသည်ကော်မတီ သတိပေး

0
By Editor on July 22, 2026 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော် ပါလီမန်အဆောက်အအုံအနီးနှင့် Jantar Mantar အပါအဝင် နေရာအနှံ့အပြားတွင် အမျိုးသားအဆင့် ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (NEET) မေးခွန်းပေါက်ကြားမှုနှင့် စာမေးပွဲစနစ် မသမာမှုများကြောင့် ကျောင်းသားများနှင့် ပြည်သူများ၏ ကန့်ကွက်ဆန္ဒပြပွဲများ အရှိန်ဟုန်ပြင်းစွာ ဖြစ်ပွါးလျက်ရှိနေချိန် ဒေသတွင်းရောက်ရှိနေသည့် မြန်မာစစ် ဒုက္ခသည်များ မည်သည့်ဆန္ဒပြပွဲတွင်မျှ ပါဝင်ပတ်သက်ခြင်း မပြုကြရန် ချင်းဒုက္ခသည်ကော်မတီ CRC – New Delhi က ဇူလိုင်လ ၂၂ ရက်နေ့တွင် အရေးပေါ် အသိပေးနှိုးဆော်ချက် ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံတွင် ခိုလှုံခွင့်လျှောက်ထားသူများနှင့် ဒုက္ခသည်အဖြစ် နေထိုင်သူများသည် လက်ခံသူနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုနှင့် ဆန္ဒပြပွဲများတွင် ပါဝင်ခွင့်မရှိပေ။

လက်ရှိတွင် ဒေလီရဲတပ်ဖွဲ့က လမ်းမများကို ပိတ်ဆို့ထားပြီး ဆန္ဒပြသူများကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းမှုများ ပြုလုပ်နေသဖြင့် မြန်မာစစ်ဘေးရှောင်များ မသက်ဆိုင်သော ဘေးထွက်ဆိုးကျိုးများ မကြုံတွေ့ရစေရန် CRC က သတိပေးထားခြင်း ဖြစ်သည်။

အထူးသဖြင့် မြန်မာစစ်ဘေးရှောင်များအနေဖြင့် ဥပဒေနှင့်အညီ အေးချမ်းစွာ နေထိုင်ကြရန်၊ မည်သည့်ဆန္ဒပြပွဲသို့မျှ သွားရောက်ခြင်း မပြုရန်၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ ညွှန်ကြားချက်ကို လိုက်နာရန်နှင့် အတည်မပြုရသေးသော သတင်းများကို မျှဝေခြင်း မပြုဘဲ အထူးသတိထား ပြုမူကြရန် CRC က တိုက်တွန်းထားသည်။

ဆန္ဒပြပွဲကို ကျောင်းသားအဖွဲ့အစည်းများနှင့် ပြည်သူ သောင်းချီက နယူးဒေလီမြို့ရှိ Jantar Mantar၊ ပါလီမန်အဆောက်အအုံလမ်းကြောင်းများနှင့် မြို့တော်၏ အဓိက လမ်းမကြီးများပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရာမှ ပြင်းလာလာခဲ့ခြင်းဖြစ်သည်။

ယခုဆန္ဒပြပွဲများသည် အိန္ဒိယနိုင်ငံ၏ National Eligibility cum Entrance Test ခေါ် NEET စာမေးပွဲ မသမာမှုများကြောင့် စတင်ပြီး ပြည်ထောင်စု ပညာရေးဝန်ကြီး Dharmendra Pradhan ရာထူးမှ နုတ်ထွက်ပေးရန်နှင့် စာမေးပွဲမသမာမှုများကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် အဓိက တောင်းဆိုကြောင်း ၊ နောင်တွင် မေးခွန်းပေါက်ကြားမှုများ မဖြစ်စေရေးအတွက် တင်းကျပ်သော ကာကွယ်ရေးအစီအမံများ ချမှတ်ရန်၊ နစ်နာခဲ့ရသည့် ကျောင်းသားများနှင့် မိသားစုများကို လျော်ကြေးပေးပြီး တာဝန်ရှိသူများကို အရေးယူပေးရန် အပါအဝင် အလုပ်ခန့်အပ်ရေးနှင့် ပညာရေးစနစ်တစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲပေးရန်လည်း တောင်းဆိုထားကြခြင်းဖြစ်ကြောင်း အန္ဒိယသတင်းဌာနများထော်ပြချက်အရ သိရသည်။

မေလဆန်းပိုင်းက ကျောင်းသား ၂၄ သိန်းကျော် ဖြေဆိုခဲ့သည့် အဆိုပါ စာမေးပွဲကို မကျင်းပမီ နာရီပိုင်းအလိုတွင် မေးခွန်းနှင့် အဖြေများ ပေါက်ကြားကာ ရူပီး ၁၅ သိန်းအထိ ပေး၍ ကြိုတင်ရောင်းချမှုများ ရှိခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ (CBI) က ဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မေလဆန်း စာမေးပွဲကို ပယ်ဖျက်၍ ဇွန်လ ၂၁ ရက်တွင် ပြန်လည်ဖြေဆိုစေခဲ့သော်လည်း စနစ်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှုများကြောင့် ဆန္ဒပြပွဲများ ပိုမိုကြီးထွားလာခဲ့သည်။

ထိုသို့ စာမေးပွဲ မသမာမှုကြောင့် စိတ်ဓာတ်ကျဆင်းကာ ကျောင်းသား ၁၂ ဦးထက်မနည်း ကိုယ့်ကိုယ်ကို သတ်သေခဲ့ရပြီး ပါလီမန်ဆီသို့ ချီတက်သည့် ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ တုတ်များဖြင့် ဖြိုခွင်းခဲ့၍ ဆန္ဒပြသူနှင့် ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ ဒဏ်ရာရရှိကာ အများအပြား ဖမ်းဆီးခံခဲ့ရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီက စာမေးပွဲ မေးခွန်း ပေါက်ကြားမှုကို ကြီးမားသော ပြစ်မှုဟု ဆိုပြီး မသမာမှုတွင် ပါဝင်သူများကို CBI စုံစမ်းစစ်ဆေးရေးအဖွဲ့မှတစ်ဆင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု မီဒီယာများအားဖြေကြားထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.