Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နယူးဒေလီရောက် မြန်မာဒုက္ခသည်များ UNHCR ရုံးရှေ့ဆန္ဒပြမှု အရှိန်မြှင့်

နယူးဒေလီရောက် မြန်မာဒုက္ခသည်များ UNHCR ရုံးရှေ့ဆန္ဒပြမှု အရှိန်မြှင့်

0
By Editor on July 21, 2025 Khonumthung

(004SS)

နယူးဒေလီမြို့က မြန်မာဒုက္ခသည်များသည် UNHCR ရုံးကို ဆန္ဒပြမှု ၁၀ ရက်ကျော်ကြာလာချိန်တွင် ဆန္ဒဖော်ထုတ်မှုကို အရှိန်မြှင့်သည့်အနေဖြင့် UNHCR ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော Bosco နှင့် SLIC ရုံးများသို့ မြန်မာဒုက္ခသည်များ အနေဖြင့် သွားရောက်ဆက်ဆံခြင်း မပြုဘဲ သပိတ်မှောက်ရန် CRC- New Delhi က ထုတ်ပြန် ကြေညာသည်။

CRC-New Delhi မှဥက္ကဌ မစုထွေးအောင်က “ ကျွန်မတို့ရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှု ပိုပြီး အားကောင်းအောင်၊ အရှိန်မြန်အောင် အချိန်တိုအတွင်းအောင်မြင်နိုင်ဖို့ဆိုရင် Bosco ရော SLIC ရော ဘယ်သူမှမသွားရဘူး။ အဲဒါမှ ဒီဆန္ဒပြမှုဟာ အောင်မြင်လာ မှာ။ အခု UNO ကိုလဲ စာတွေ ပေးပြီးသားဖြစ်တယ်။ နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကိုလဲ လိပ်မူပြီး စာပို့ထားတယ်။ ကျွန်မတို့က နည်းပေါင်းစုံနဲ့ ကြိုးစားနေတာ ဖြစ်တယ်။ ပြည်သူလူထုကောင်းဖို့အတွက် လူကြီးတွေနဲ့ တိုင်ပင်ပြီး အမြဲတမ်း ကြိုးစားဆောင်ရွက်နေပါတယ်။” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကစ၍ ချင်းဒုက္ခသည်ကော်မတီ-CRC ၏ ဦးဆောင်မှုဖြင့် ဒုက္ခသည်အခွင့်အရေးရရှိရေး တောင်း ဆိုဆန္ဒဖော်ထုတ်မှုကို UNHCR ရုံးရှေ့မှာ စတင်ခဲ့ကြပြီး ယနေ့ဇူလိုင် ၂၁ ရက်နေ့အထိ ဆက်လက်ဆင်နွှဲခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုအား ပိုမိုထိရောက်ရန်အတွက် UNHCR ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Bosco နှင့် SLIC တို့ကိုပါ အဆက်အသွယ်မလုပ်ဘဲ သပိတ်မှောက်ရန် CRC က စီစဉ်ထားသည်ဟုသိရသည်။

Bosco အဖွဲ့အစည်းဆိုသည်မှာ လူငယ်များအား ပညာရေး၊ အလုပ်အကိုင်သင်တန်းများနှင့် လူမှုရေးအထောက်အပံ့များ ပေးလျက်ရှိသောအဖွဲ့အစည်းဖြစ်ပြီး SLIC သည် Don Bosco အဖွဲ့နှင့် ချိတ်ဆက်ကာ ကမ္ဘာတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသော လူငယ်များအတွက် စေတနာ့ဝန်ထမ်းလုပ်ငန်းများကို ဆောင်ရွက်‌ပေးသော အဖွဲ့ ဖြစ်သည်။

၎င်းတို့သည် UNHCR နှင့် ချိတ်ဆက်ကာ ဒုက္ခသည်များအား ကူညီပေးသော အဖွဲ့များ ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.