Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နယူးဒေလီရောက် မြန်မာနိုင်ငံသားများ ဒုက္ခသည်အဖြစ် လက်ခံအသိမှတ်ပြုရေး ဆန္ဒဖော်ထုတ်

နယူးဒေလီရောက် မြန်မာနိုင်ငံသားများ ဒုက္ခသည်အဖြစ် လက်ခံအသိမှတ်ပြုရေး ဆန္ဒဖော်ထုတ်

0
By Editor on June 20, 2025 Headline

(004SS)

ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် နယူးဒေလီမြို့ရှိ မြန်မာနိုင်ငံသားများက ၎င်းတို့၏ ရသင့်ရထိုက်သော ဒုက္ခသည်အခွင့်အရေးများကို တောင်းဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အသက်၊ အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရပြီးမှ အသက်ဘေး အန္တရာယ်မှ လုံခြုံမှုရရှိရေးအတွက် UNHCR ထံ ခိုလုံလာကြသော်လည်း ဒုက္ခသည်အဖြစ် သတ်မှတ်မခံရသည့်အပေါ် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ချင်းဒုက္ခသည်ကော်မတီ CRC ဥက္ကဌ ဆရာမ စုထွေးအောင်ကပြောသည်။

“ကျွန်မတို့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ဥစ္စာတွေ ပျက်ဆီးဆုံးရှုံးကြရတယ်။ ဒါကြောင့်ပဲ ကျွန်မတို့ အသက်ရှင်ဖို့အတွက်နဲ့ ရေခြားမြေခြားမှာ ဒုက္ခပေါင်းစုံရင်ဆိုင်ပြီး လာနေကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ နောက်ပိုင်းရောက်လာတဲ့ သူတွေကို UNHCR က ဒုက္ခသည်အဖြစ် လုံးဝမသတ်မှတ်ထားပါဘူး။ ဒီထဲမှာ ကျွန်မ အပါအဝင်ဖြစ်ပါတယ်။ ဆိုတော့ ဒီနေ့ ကျွန်မတို့တောင်းဆိုချင်တဲ့ အချက်က တစ်ချက်တည်းပဲ ဖြစ်ပါတယ်။ အဲဒါက ဒီမှာရောက်တဲ့ မြန်မာနိုင်ငံသားအားလုံးကို ဒုက္ခသည်အဖြစ် UNHCR က သတ်မှတ်ပေးဖို့ အားလုံး တစ်ညီ တစ်ညွှတ်တည်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ UNHCR ရှိလို့သာ ကျွန်မတို့ ဒီကို ရောက်လာတာဖြစ်ပါတယ်။ သူတို့သာ Protection မပေးဘူးဆိုရင် ကျွန်မတို့က ဒီမှာ ဘာလုံခြုံမှုမှ ရှိမှာမဟုတ်ပါဘူး” ဟု ဆရာမ စုထွေးအောင်က ပြောသည်။

ယနေ့ဆန္ဒထုတ်ဖော်ပွဲ ချင်းဒုက္ခသည်ကော်မတီ – နယူးဒေလီ (CRC) က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နယူးဒေလီမြို့၊ ဂျန်တားမန်တား ရပ်ကွက်မှာ နေ့လည် ၂ နာရီကစတင်ကာ ညနေ ၃ နာရီခွဲတွင် အဆုံးသတ်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် ကျဆုံးပြီးသော အာဇာနည်များအား အလေးပြုခြင်း၊ CRC ဥက္ကဌနှင့် အထူးဖိတ်ကြားထားသူများမှ ဒုက္ခသည်အခွင့်အရေးများနှင့် ပတ်သက်သော အကြောင်းအရာများကို ဟောပြောခြင်း၊ We are the World အဖွဲ့သီချင်းနှင့် တပင်တိုင်သီချင်းများလည်း သီဆိုခဲ့ကြကြောင်းသိရသည်။

အင်အား ၄၀၀ ခန့်ရှိသော ဆန္ဒဖော်ထုတ်သူများက ဒုက္ခသည်များ ဖြစ်ကြောင်း အသိအမှတ်ပြုခံရရေး … ဒို့အရေး၊ ဒုက္ခသည်များ၏ အခြေခံ အခွင့်အရေးများရရှိရေး… ဒို့အရေး၊ ဒုက္ခသည်များကို ကူညီကာကွယ်ဆောင်ရွက် ပေးရေး… ဒို့အရေး ဟု ကြွေးကြော်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ခြင်းအခမ်းအနားအပြီးတွင် ဒုက္ခသည်များအဖြစ် သတ်မှတ်ခံရရေးနှင့် ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရေးတောင်းဆိုချက်ကို CRC ဦးဆောင်သူများက UNHCR ရုံးသို့ အိမ်ဖွင့်ပေးစာတစ်စောင် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.