Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နယူးဒေလီရောက် မြန်မာနိုင်ငံသားများ ဒုက္ခသည်အဖြစ် လက်ခံအသိမှတ်ပြုရေး ဆန္ဒဖော်ထုတ်

နယူးဒေလီရောက် မြန်မာနိုင်ငံသားများ ဒုက္ခသည်အဖြစ် လက်ခံအသိမှတ်ပြုရေး ဆန္ဒဖော်ထုတ်

0
By Editor on June 20, 2025 Headline

(004SS)

ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် နယူးဒေလီမြို့ရှိ မြန်မာနိုင်ငံသားများက ၎င်းတို့၏ ရသင့်ရထိုက်သော ဒုက္ခသည်အခွင့်အရေးများကို တောင်းဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အသက်၊ အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရပြီးမှ အသက်ဘေး အန္တရာယ်မှ လုံခြုံမှုရရှိရေးအတွက် UNHCR ထံ ခိုလုံလာကြသော်လည်း ဒုက္ခသည်အဖြစ် သတ်မှတ်မခံရသည့်အပေါ် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ချင်းဒုက္ခသည်ကော်မတီ CRC ဥက္ကဌ ဆရာမ စုထွေးအောင်ကပြောသည်။

“ကျွန်မတို့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ဥစ္စာတွေ ပျက်ဆီးဆုံးရှုံးကြရတယ်။ ဒါကြောင့်ပဲ ကျွန်မတို့ အသက်ရှင်ဖို့အတွက်နဲ့ ရေခြားမြေခြားမှာ ဒုက္ခပေါင်းစုံရင်ဆိုင်ပြီး လာနေကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ နောက်ပိုင်းရောက်လာတဲ့ သူတွေကို UNHCR က ဒုက္ခသည်အဖြစ် လုံးဝမသတ်မှတ်ထားပါဘူး။ ဒီထဲမှာ ကျွန်မ အပါအဝင်ဖြစ်ပါတယ်။ ဆိုတော့ ဒီနေ့ ကျွန်မတို့တောင်းဆိုချင်တဲ့ အချက်က တစ်ချက်တည်းပဲ ဖြစ်ပါတယ်။ အဲဒါက ဒီမှာရောက်တဲ့ မြန်မာနိုင်ငံသားအားလုံးကို ဒုက္ခသည်အဖြစ် UNHCR က သတ်မှတ်ပေးဖို့ အားလုံး တစ်ညီ တစ်ညွှတ်တည်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ UNHCR ရှိလို့သာ ကျွန်မတို့ ဒီကို ရောက်လာတာဖြစ်ပါတယ်။ သူတို့သာ Protection မပေးဘူးဆိုရင် ကျွန်မတို့က ဒီမှာ ဘာလုံခြုံမှုမှ ရှိမှာမဟုတ်ပါဘူး” ဟု ဆရာမ စုထွေးအောင်က ပြောသည်။

ယနေ့ဆန္ဒထုတ်ဖော်ပွဲ ချင်းဒုက္ခသည်ကော်မတီ – နယူးဒေလီ (CRC) က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နယူးဒေလီမြို့၊ ဂျန်တားမန်တား ရပ်ကွက်မှာ နေ့လည် ၂ နာရီကစတင်ကာ ညနေ ၃ နာရီခွဲတွင် အဆုံးသတ်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် ကျဆုံးပြီးသော အာဇာနည်များအား အလေးပြုခြင်း၊ CRC ဥက္ကဌနှင့် အထူးဖိတ်ကြားထားသူများမှ ဒုက္ခသည်အခွင့်အရေးများနှင့် ပတ်သက်သော အကြောင်းအရာများကို ဟောပြောခြင်း၊ We are the World အဖွဲ့သီချင်းနှင့် တပင်တိုင်သီချင်းများလည်း သီဆိုခဲ့ကြကြောင်းသိရသည်။

အင်အား ၄၀၀ ခန့်ရှိသော ဆန္ဒဖော်ထုတ်သူများက ဒုက္ခသည်များ ဖြစ်ကြောင်း အသိအမှတ်ပြုခံရရေး … ဒို့အရေး၊ ဒုက္ခသည်များ၏ အခြေခံ အခွင့်အရေးများရရှိရေး… ဒို့အရေး၊ ဒုက္ခသည်များကို ကူညီကာကွယ်ဆောင်ရွက် ပေးရေး… ဒို့အရေး ဟု ကြွေးကြော်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ခြင်းအခမ်းအနားအပြီးတွင် ဒုက္ခသည်များအဖြစ် သတ်မှတ်ခံရရေးနှင့် ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရေးတောင်းဆိုချက်ကို CRC ဦးဆောင်သူများက UNHCR ရုံးသို့ အိမ်ဖွင့်ပေးစာတစ်စောင် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.