Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နှစ်ပတ်ကျော်ကြာဖမ်းဆီးခံရသော ပလက်ဝက ချင်းအမျိုးသားကို AA က အာမခံဖြင့် ပြန်လွှတ်ပေး

နှစ်ပတ်ကျော်ကြာဖမ်းဆီးခံရသော ပလက်ဝက ချင်းအမျိုးသားကို AA က အာမခံဖြင့် ပြန်လွှတ်ပေး

0
By Editor on October 7, 2025 Khonumthung

(004SS)

အာရက္ခတပ်တော် AA က နှစ်ပတ်ကျော်ကြာဖမ်းဆီးထိန်းသိမ်းထားသော ပလက်ဝမြို့နယ်က ချင်းအမျိုးသား ဦးစနီအောင်သည် အောက်တိုဘာလ ၆ ရက် တနင်္လာနေ့မနက်ပိုင်းက အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

ပလက်ဝမြို့နယ် ဒလက်မေချောင်း၊ ဒလက်စာကျေးရွာ(ယခင် အောက်နှုံးဘူးကျေးရွာ)နေ ဦးစနီအောင်(ခ) Beung Kang သည် အာရက္ခတပ်တော် AA က ထုတ်ပေးသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass) ကို အွန်လိုင်းပေါ် ပေါက် ကြားစေသည်ဟုဆိုကာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးစနီအောင်ဖမ်းဆီးခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC/PC) က AA တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့ ခြင်းဖြစ်သည်။

“ဒီဟာက ကြီးမားတဲ့အမှုလဲမဟုတ်တော့ လွှတ်ပေးသင့်ပါတယ်။ နိုင်ငံရေးလဲမဟုတ်ဘူး။ ဒလန်လဲ မဟုတ်ဘူးပေါ့။ နောက် ဆွေမျိုးတွေကလဲ တွေ့ခွင့်မရဘူးဆိုတာတွေ ဖြစ်လာတော့။ ဖမ်းဆီးတာမဟုတ်ဘူးဆိုလို့ရှိရင် သူ့ကိုပြစ်ဒါဏ်ပေးတာ မဖြစ်သင့်ဘူး။ ညှင်းပန်းနှိပ်စက်တာတွေ၊ နောက် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးတာတွေ မဖြစ်သင့်ဘူး။ လွှတ်ပေးပါဆိုပြီး ညှိနှိုင်းတော့ တနဂ်လာနေ့၊ မနေ့ကပေါ့ မနက်ပိုင်းမှာ လွှတ်ပေးလိုက်ပြီ။” ဟု IKACC/PC မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ဦးစနီအောင်သည် ၎င်း၏မိသားစုရှိရာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဟုသိရသည်။

အာရက္ခတပ်တော် AA က ဦးစနီအောင်ကို အာမခံဖြင့်သာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး၊ လောလောဆယ်တွင် ကျေးရွာပြင်ပသို့ ခရီးထွက်ခွင့်မပြုကြောင်းသိရသည်။

အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူများသည် နယ်စပ်ကတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ကျန်းမာ ရေးဖြင့်သော်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးအတွက်သော်လည်းကောင်း၊ ကိစ္စတစ်ခုခုဖြင့် သွားလာမည်ဆိုပါက AA တပ်ဖွဲ့ထံ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ယူရပြီး ယင်းလက်မှတ်မရှိပါက သွားလာခွင့်မရှိ ကြောင်းသိရသည်။

ပြီးခဲ့သည့်လပိုင်းမှာ AA ၏ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်သည် ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်စာမျက်နှာပေါ် ပြန့် နှံ့လာပြီး ဝေဖန်မှုများထွက်ပေါ်လာသည့်နောက်ပိုင်းမှာ ဦးစနီအောင်မှတဆင့် စတင်ပြန့်နှံ့သည်ဟုဆိုကာ AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“တစ်ဦးတစ်ယောက်က မီဇိုရမ်ဘက်ကို ကုန်သည်လာတဲ့ စနေအောင်ဆီကနေ border pass စာရွက်စာတမ်းကို ဓါတ်ပုံ ရိုက်၊ လိုင်းပေါ်တင်ပြီးတော့ ဒီဟာက နှစ်နိုင်ငံကြားမှာ တကယ့်အကျူံးဝင်တဲ့ဟာလဲ မဟုတ်ဘဲနဲ့ ဒီလိုလုပ်တယ်။ ပြည်သူ တွေရဲ့ သွားလာလှုပ်ရှားမှုကို ကန့်သတ်တာပဲ ဖြစ်တယ်ပေါ့။ အဲဒါတင်တဲ့သူက နာမည်တွေဖျက်ထားပေမဲ့၊ AA ကနေ သူ့ ဆီကနေပေါက်ကြားတယ်ဆိုပြီး သူ့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားခဲ့တာလို့ ပြောပါတယ်။” ဟု IKACC/PC မှ တာဝန်ရှိ သူက ပြောသည်။

အာရက္ခတပ်တော် AA ကတော့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ပြုလုပ်ပေးခြင်းသည် ငွေကြေးလိမ်လည်မှုများ လျှော့ချရန်နှင့် ပြည်သူ့လုံခြုံရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြော ဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.