Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝချာတာကို ရေးဆွဲအတည်ပြုပြဌာန်းလိုက်ပြီဟု IKACC/ PC ဆို

ပလက်ဝချာတာကို ရေးဆွဲအတည်ပြုပြဌာန်းလိုက်ပြီဟု IKACC/ PC ဆို

0
By Editor on March 10, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ချင်းတော်လှန်ရေးအင်အားစုသည် နွေဦးတော်လှန်ရေး ၄ နှစ်ရှိလာချိန်တွင် ပလက်ဝ ကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း (Charter of Paletwa) ကို ရေးဆွဲအတည်ပြု ပြဌာန်းလိုက်ပြီဖြစ်သည်။

မတ်လ ၆ ရက်နှင့် ၇ ရက်တွင် ကျင်းပခဲ့သော ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) / ပလက်ဝကောင်စီ (PC) တို့၏ တတိယအကြိမ် ညီလာခံမှာ အတည်ပြုနိုင်ခြင်းဖြစ်သည်။

“ပြည်သူနဲ့ ပူးပေါင်းပြီး ဒီချာတာကို ချမှတ်တာဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုနဲ့ ပြည်သူရဲ့ သဘောထား၊ တော်လှန်ရေး အင်အားစုရဲ့ သဘောထား ၊ ဘာသာရေးအဖွဲ့ရဲ့ သဘောတွေ စတဲ့ အကုန်လုံးစုပေါင်းပြီးမှ ပလက်ဝ မြို့နယ်မှာ အကောင်းဆုံး ၊ ဘယ်လိုမျိုးဆောင်ရွက်ကြမလဲ၊ ဘယ်လိုခိုင်မာအောင် တည်ဆောက်ကြမလဲဆိုတဲ့ အဖြေရှာတဲ့အခါမှာ ဒီချာတာလေးနဲ့ ကျနော်တို့က ချမှတ်ခဲ့တာဖြစ်ပါတယ်။ တဖက်ကို ဆိုးဆိုးဝါးဝါးတုန့်ပြန်မယ့် ဟာလည်း မရှိပါဘူး။ အခုချိန်မှာ အများကြီး စိန်ခေါ်မှုတွေ ရှိတယ်။ ဒီချာတာအရ ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်း လည်း ဖြစ်နိုင်ရင် ဖြစ်နိုင်မယ်လို့ ရည်ရွယ်ပြီးမှ ပလက်ဝပြည်သူလူထုတွေ အကောင်းဆုံး လိုလားတဲ့ ပလက်ဝရဲ့ နဂိုမူလ ပလက်ဝဖြစ်စေချင်တဲ့ ချာတာပဲဖြစ်ပါတယ်” ဟု IKACC/ PC ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိပလက်ဝချာတာသည် KACC/ PC တို့က ယခင်က ရေးဆွဲထားသော အခြေခံဖွဲ့စည်းပုံမူကြမ်းများကို အခြေခံပြီး ယနေ့အခင်းအကျင်ဖြင့် သွားနိုင်မည့် လမ်းကြောင်းကို ပြင်ဆင်ရေးဆွဲချမှတ်၍ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပလက်ဝချာတာထဲတွင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးအပါအဝင် ဌာန ၁၁ ခု ရှိပြီး အုပ်ချုပ်ရေးယန္တရာများကို အကောင်းဆုံး လည်ပတ်နိုင်အောင် ရေးဆွဲထားသည်ဟု သိရသည်။

ညီလာခံတွင်လည်း IKACC/ PC ၏ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနှင့် စည်းမျဉ်းများ၊ ကာကွယ်ရေး မူဝါဒနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ရေးဆွဲချမှတ်အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

ပလက်ဝမြို့နယ်တွင် ပလက်ဝမြို့နှင့်ဆမီးမြို့အပါအဝင် ဒေသတချို့ကို အာရက္ခတပ်တော် (ULA/AA) က အုပ်ချုပ်ရေး ယန္တရာလည်ပတ်နေကြောင်း၊ တဖက်မှာလည်း DRC/ CDF- Daai အဖွဲ့ကလည်း ပလက်ဝမြို့နယ်ထဲက ကျေးရွာတချို့တွင် အုပ်ချုပ်ရေးယန္တရာများ လည်ပတ်လျက်ရှိသည်ဟု သိရသည်။

IKACC / PC သည်လည်း ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၃၀၀ ကျော်ရှိရာ ကျေးရွာပေါင်း ၁၀၀ နီးပါးတွင် ပလက်ဝချာတာ ဖြင့် အုပ်ချုပ်ရေးယန္တရားများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပလက်ဝချာတာကို ပလက်ဝမြို့နယ် တခုလုံးကို လွှမ်းခြုံသော ချာတာအဖြစ် ရေးဆွဲထားသည်ဟု IKACC/ PC ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ပလက်ဝမှာ စစ်ကောင်စီက မရှိတော့တဲ့အချိန်မှာ အုပ်ချုပ်ရေးယန္တရာက ULA/AA ကလည်း ဒေသ ၇ ခုဖွဲ့ပြီး လည်ပတ်တာ လည်း ရှိတယ်။ ဒိုင်ရ်တွေရဲ့ အုပ်ချုပ်ရေး လည်ပတ်တာတွေ ရှိတယ်။ ကျနော်တို့လည်း ရှိတယ်။ အစိတ်စိတ်အမွှာမွှာ၊ စောစောက ပြောတဲ့ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်တွေက အားပြိုင်မှုတွေ ၊ ယန္တရားလည်ပတ်မှုတွေ ရှိလာတဲ့အချိန်ကြတော့ အရင်က IKACC နဲ့တော့ သွားလို့ မရတော့ဘူး။ အခုက ကိုယ်စီ ကိုယ့်ကံကြမ္မာကို ဖန်တီးတဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုမျိုးဖြစ်တဲ့အတွက် ကျနော်တို့ကလည်း ပလက်ဝနယ်မှာ ခိုင်မာတဲ့ ချာတာတခုတော့ လိုပြီး မူဝါဒတွေ လိုပြီးဆိုပြီး အဓိက လူထုကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်တဲ့ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်ပေးနိုင်ဖို့ ချာတာလို့ ပြောချင်ပါတယ်။ ဒီချာတာက ရေးဆွဲထားတဲ့ဟာက ပလက်ဝမြို့နယ်တခုလုံးနဲ့ လွှမ်းခြုံတဲ့ ချာတာကိုပဲ ရေးဆွဲချမှတ်တာ ဖြစ်ပါတယ်” ဟု IKACC/ PC ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တတိယအကြိမ်ညီလာခံတွင် IKACC/ PC အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာအသီးသီးမျ တာဝန်ရှိသူများ၊ တပ်မှူးများ၊ ဒေသ အလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ကျေးရွာ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ညီလာခံကိုယ်စားလှယ် ၃၀၆ ဦး တက်ရောက်သည်ဟု IKACC ထံမှ သိရသည်။

IKACC/ PC ၏ ၂၀၂၅- ၂၆ ခုနှစ် အလုပ်အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ခြင်း၊ တနှစ်တာ နိုင်ငံရေးအစီရင်ခံစာ တင်ပြ ခြင်း၊ ဌာနဆိုင်ရာအသီးသီး၏ တနှစ်တာ လုပ်ငန်းအစီရင်ခံစာ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အာဏာရှင်စနစ်ဟူသမျှ ပပျောက်ရေး၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူမှု ရရှိစေရေးနှင့် မျိုးနွယ်စုများအကြား တန်းတူညီမျှမှု၊ တရားမျှတမှု ရှိသော ချင်းပြည်တည်ဆောက်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် အားမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေး ဆောင်ရွက်မည်ဟု IKACC/ PC က ဆိုသည်။

ပြည်တွင်းပြည်ပ ပလက်ဝမြို့နယ်လူထု၊ ချင်းပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံအတွင်း အခြားတော်လှန်ရေး အင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.