Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပူးဂင့်ကမ်းလျန်ကို အကြမ်းဖက်သမားအဖြစ်မှ ပြန်လည်ရုပ်သိမ်းကြောင်း NUG ကြေညာ

ပူးဂင့်ကမ်းလျန်ကို အကြမ်းဖက်သမားအဖြစ်မှ ပြန်လည်ရုပ်သိမ်းကြောင်း NUG ကြေညာ

0
By Editor on December 29, 2025 Khonumthung

(006SV)

အာဏာသိမ်းစစ်တပ်၏ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်ရန် ကမ်းလှမ်းမှုကို လက်မခံဘဲ ဝင်ရောက် တာဝန်ယူခြင်း မရှိသောကြောင့် ပူးဂင့်ကမ်းလျန်ကို အကြမ်းဖက်သမားအဖြစ် ကြေညာခြင်းမှ ပြန်လည်ရုပ်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာသည်။

၂၀၂၁ ဖေဖော်ဝါရီလ ၂ ရက်တွင် အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းခဲ့သော “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ”တွင် အဖွဲ့ဝင်အဖြစ် ပါရှိခဲ့သော်လည်း ကျန်းမာရေးအရ အဆိုပါကမ်းလှမ်းမှုကို လက်မခံဘဲ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ ခြင်း မရှိသောကြောင့် အကြမ်းဖက်သမားအဖြစ် ကြေညာခဲ့ခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည်ဟု NUG အစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်မှာ ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က NUG အစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အာဏာသိမ်းစစ်ခေါင်းဆောင် များ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် ဗိုလ်ချုပ်ကြီး ၆ ဦး၊ ဒုဗိုလ်ချုပ်ကြီး ၃ ဦးအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပူးပေါင်းပါဝင်သော လူပုဂ္ဂိုလ် ၃၃ ဦးကို အကြမ်းဖက်အုပ်စု သို့မဟုတ် အကြမ်းဖက်သမားများအဖြစ် ကြေညာထားသည်။

အကြမ်းသမားအဖြစ် ကြေညာခံရသော ၎င်းတို့အထဲတွင် ချင်းနိုင်ငံရေးသမားများဖြစ်သော ပူးဂင့်ကမ်းလျန်၊ ဒေါက်တာ မှုထန် နှင့် ဦးမောင်းဟာတို့ ပါဝင်ခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ပူဂင့်ကမ်းလျန်ကို ပြန်ရုပ်သိမ်းပေး လိုက်ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

ကနေဒီတောင်ပေါ်စစ်စခန်းကို ချင်းတော်လှန်ရေးတပ် ပြန်လည်သိမ်းပိုက်

ဟားခါးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ ၃ ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.